
အွန်လိုင်းမှတစ်ဆင့် ရောင်းဝယ်မှုပြုလုပ်ရာတွင် ဈေးရောင်းချသူများ ယုံကြည်စိတ်ချမှုရှိစေရန်၊ အတုအပ လိမ်လည်ရောင်းချခြင်းများမရှိစေရန်၊ Online Shopping များနှင့်ပတ်သက်၍ စားသုံးသူများ၏ ထိခိုက်နစ်နာမှုများကိုကာကွယ်နိုင်ရန် ရည်ရွယ်၍ လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကို ၂၀၂၆ ခုနှစ်၊ မေလ(၁၅)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောရာတွင် မအူပင်မြို့နယ်တာဝန်ရှိသူ ဦးအောင်ဇော်ဦးမှ မိတ်ဆက်စကားပြောကြားခဲ့ပြီး မအူပင်မြို့နယ်မှ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မှ လုပ်ငန်းမှတ်ပုံတင်ခြင်း၊ စားသုံးသူအခွင့်အရေးကာကွယ်ပေးခြင်းနှင့် တရားဝင်လုပ်ကိုင်ရမည့် နည်းဥပဒေများကို အဓိကထား အသိပညာပေးလျက်ရှိပါသည်၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) လုပ်ငန်းများသည် လုပ်ငန်းမှတ်ပုံတင် လက်မှတ် ECOMREG ပြုလုပ်ရန် လိုအပ်ပါကြောင်း၊ ဝယ်ယူသူများ၏ ထိခိုက်နစ်နာမှုများအပေါ် တာဝန်ယူဖြေရှင်းပေးရမည့်အပြင်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ စစ်ဆေးမှုများကို ခံယူနိုင်ရန် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း၊ မှတ်ပုံတင်လျောက်ထားပြီး လုပ်ငန်းများမှ အွန်းလိုင်းစနစ်ဖြင့်ရောင်းချရာတွင် လိုက်နာကျင့်သုံးရမည့် အချက်အလက်များနှင့် မိမိတို့လျှောက်ထားသည့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းကိုသာ ဆောင်ရွက်ရန်နှင့် မှတ်ပုံတင်လျှောက်ထားရာတွင် မြေပြင်အချက်အလက်များ ကွဲလွဲမှုမရှိစေရန်အတွက် အထူးဂရုစိုက်ရန်၊ မြေပြင်အချက်အလက်များ ပြုပြင်ပြောင်းလဲလိုပါက ပြန်လည်ပြင်ဆင်တင်ပြနိုင်ရန်တို့ကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်သူလုပ်ငန်းရှင် ၂၅ဦးရှိကြောင်း၊ လုပ်ငန်းရှင်တို့မှလည်း သိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
