
စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ၏ လမ်းညွှန်ချက်ဖြင့် ပျော်ဘွယ်မြို့နယ်တာဝန်ခံဦးစန်းအောင် ဒု-ဦးစီးမှူး၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါး ကွပ် ကဲရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ စျေးကွက် အတွင်း တရားမဝင်သောက်ရေသန့်များ ဖြန့်ဖြူးရောင်းချမှုမရှိ စေရေး သောက်ရေသန့်လုပ်ငန်း များအား ကွင်းဆင်းစစ်ဆေးခဲ့ရာ နယ်အတွင်း ရေသန့်လုပ်ငန်းများ အား ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် ကွင်းဆင်း၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
ရေသည်လူတို့၏နေ့စဉ်ဘဝတွင် မရှိမဖြစ်အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်နေသည့် အတွက်လူတို့နေ့စဉ်သောက်သုံးရန် ထုတ်လုပ်နေသောသောက်ရေသန့်စက်ရုံများသည် စားသုံးသူ များဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာနများ၏ အမိန့်၊ ညွှန်ကြားချက် များကို လိုက်နာဆောင် ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ပြည့်စုံစွာ ဖော်ပြရန်ဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်မှ ကုန်အညွှန်းအမှတ် အသား ထည့် သွင်းလိုကြောင်းတင်ပြလာရာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များပါအသိပညာပေးပြောကြားခဲ့ပါသည်။
DOCA(မန္တလေး)
