အခြေခံစားသောက်ကုန်ဈေးနှုန်းအပြောင်းအလဲနှင့် စားသုံးသူများ သတိထားသင့်သည့် အချက်များ

Powered by Drupal

          လတ်တလောကာလအတွင်း မြန်မာနိုင်ငံအနှံ့ရှိ ဈေးကွက်များတွင် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်းများမှာ ကုန်ပစ္စည်းအမျိုးအစားအလိုက် အတက်အကျများ ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။ ဆန်၊ စားအုန်းဆီ၊ ကြက်ဥ၊ ကြက်သား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် အခြားမရှိမဖြစ် စားသောက်ကုန်များ၏ ဈေးနှုန်းပြောင်းလဲမှုများသည် စားသုံးသူများ၏ နေ့စဉ်အသုံးစရိတ်အပေါ် တိုက်ရိုက်သက်ရောက်လျက်ရှိသည်။

          ဈေးနှုန်းအပြောင်းအလဲများ ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများတွင် သယ်ယူပို့ဆောင်ရေး စရိတ် မြင့်တက်လာခြင်း၊ ရာသီဥတုအခြေအနေကြောင့် ကုန်ပစ္စည်းထုတ်လုပ်မှုလျော့နည်းခြင်း၊ ဈေးကွက်အတွင်း ဝယ်လိုအားနှင့်ရောင်းလိုအား မမျှတခြင်းတို့ ပါဝင်ကြောင်း ဈေးကွက်လေ့လာသူ များက သုံးသပ်ကြသည်။

          ထိုသို့သော အခြေအနေများအတွင်း စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းဝယ်ယူရာတွင် ဈေးနှုန်းများကို ဆိုင်တစ်ဆိုင်နှင့်တစ်ဆိုင် နှိုင်းယှဉ်စစ်ဆေးဝယ်ယူသင့်ပြီး ကုန်ပစ္စည်း၏ သက်တမ်း ကုန်ဆုံးရက်၊ ထုတ်လုပ်သည့်ရက်၊ ထုတ်ပိုးမှုအခြေအနေနှင့် အရည်အသွေးတို့ကို ဂရုတစ်စိုက် စစ်ဆေး ဝယ်ယူသင့်သည်။

          ထို့အပြင် ဈေးနှုန်းသက်သာသည်ဟုသာယူဆပြီး အရည်အသွေးမသေချာသော ကုန်ပစ္စည်း များကို မဝယ်ယူသင့်ဘဲ ယုံကြည်စိတ်ချရသော ဆိုင်များနှင့် တရားဝင်ထုတ်လုပ်သူများ၏ ကုန်ပစ္စည်း များကိုသာ ရွေးချယ်ဝယ်ယူသင့်ကြောင်း ကျွမ်းကျင်သူများက အကြံပြုထားသည်။

          စားသုံးသူများအနေဖြင့် မျှတသော အသုံးစရိတ်ဖြင့် အရည်အသွေးကောင်းမွန်သော ကုန်ပစ္စည်း များကို ရွေးချယ်ဝယ်ယူနိုင်ရန် ဈေးကွက်အခြေအနေများကို အမြဲစောင့်ကြည့်လေ့လာပြီး အသိပညာ ဖြင့် စာသုံးခြင်းသည် မိသားစုစီးပွားရေးအတွက်လည်း အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)