မကွေးဈေးကွက် အတွင်းဖြစ်ပေါ်နေသော ပဲမျိုးစုံနှင့် နှမ်းဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက်စသည့်ကျေးရွာများနှင့် မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့ နယ်တို့မှ ထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ အခြား ပဲမျိုးစုံနှင့် နှမ်းမျိုးစုံတို့ မကွေးဈေးကွက်သို့ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

           ၂၀၂6ခုနှစ်၊ စက်တင်ဘာလ(စတုတ္ထပတ်)တွင် နှမ်းနီ(၁)တင်းလျှင် ကျပ်(၁78၀၀၀)၊ နှမ်းဖြူ (၁) တင်းလျှင် ကျပ်(၁77၀၀၀)၊ နှမ်းနက်(စမုံ)(၁)တင်းလျှင် ကျပ်(၁90၀၀၀)၊ နှမ်းညိုကြား (၁) တင်း လျှင် ကျပ်(1၇၂000)၊ ရိုးရိုးနှမ်းနက်(၁)တင်းလျှင် (၁၇၅၀၀၀)ဖြစ်၍ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက နှမ်းနီ ကျပ်(၁၈၀၀၀)၊ နှမ်းဖြူ ကျပ် (၁၇၀၀၀)၊ နှမ်းနက်(စမုံ) ကျပ်(၁၅၀၀၀)၊ နှမ်းညိုကြား ကျပ် (၂၂၀၀၀)၊ ရိုးရိုးနှမ်းနက် ကျပ်(၂၀၀၀၀)ဈေးမြင့်တက်လာကြောင်း၊ ဒေသတွင်း ဆီစက်များနှင့် ရန်ကုန်၊ မန္တလေးရှိ ကုန်သည်ကြီးများမှ အဝယ်လိုက်၍ ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း၊ တစ်ပတ် အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ နှမ်းအိတ်ရေ (၆၀၀၀)၊ ရန်ကုန်မြို့သို့ နှမ်းအိတ်ရေ (၄၁၀၀) တင်ပို့ခဲ့ကြောင်း သိရသည်။

          စက်တင်ဘာလ(စတုတ္ထပတ်)တွင် ကုလားပဲ(HL) (၁)တင်း လျှင် ကျပ်(၇၅၅၀၀)၊ ကုလားပဲ (929) (၁)တင်းလျှင် ကျပ်(၈၀၈၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက ကုလားပဲဈေးနှုန်းတည်ငြိမ်နေပြီး အရောင်းအဝယ်အေးကြောင်း၊ လက်ကျန်ပဲများသာ အရောင်းအဝယ်ဖြစ်နေကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ အိတ်ရေ (၁၀၀၀) တင်ပို့ခဲ့ကြောင်း သိရသည်။

         စက်တင်ဘာလ(စတုတ္ထပတ်)တွင် ပဲစင်းငုံ(၁)တင်းလျှင် ကျပ်(၁၀၆00၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ ယခုအချိန်တွင် ဒေသတွင်း၌ ပဲစင်းငုံစိုက်ပျိုးချိန်ဖြစ်၍ လက်ကျန်ပဲများသာ ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ အိတ်ရေ (၅၀၀)တင်ပို့ခဲ့ကြောင်း သိရသည်။

         စက်တင်ဘာလ(စတုတ္ထပတ်)တွင် ပဲတီစိမ်း(၁)တင်းလျှင် ကျပ်(၈၀0၀၀)ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ တစ်ပတ် အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ အိတ်ရေ (၅၀၀)တင်ပို့ခဲ့ကြောင်းသိရသည်။

          စက်တင်ဘာလ(စတုတ္ထပတ်)တွင် မြေပဲလုံးဆံနီ(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ လုံးဆံဖြူ (၁) ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အောက်ကျဆီဆံ(၁)ပိဿာလျှင်ကျပ်(၁၁၂၀၀)ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက မြေပဲလုံးဆံနီကျပ်(၁၀၀၀)၊လုံးဆံဖြူ ကျပ် (၁၀၀၀)၊ အောက်ကျဆီဆံ ကျပ်(၁၂၀၀) ဈေးနှုန်းမြင့်တက်လာကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ အိတ်ရေ(၂၀၀၀)တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)