မကွေးပွဲရုံနှင့် ရေနံချောင်းပွဲရုံတို့တွင် ကြက်သွန်နီဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

           မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်အတွင်း စားဖိုဆောင်သုံး သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီဈေးနှုန်းများမှာ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်) တွင် ကြက်သွန်နီ အသေး (၁)ပိဿာလျှင် ကျပ် (၅၈၀၀)၊ အလတ်စ (၁)ပိဿာလျှင် ကျပ် (၆၀၀၀)၊ ထပ်စ (၁)ပိဿာလျှင် ကျပ်(၆၂၀၀)ဖြစ်ခဲ့ပြီး (စတုတ္ထပတ်)တွင် ကြက်သွန်နီ အသေး (၁)ပိဿာလျှင် ကျပ် (၇၅၀၀)၊ အလတ်စ (၁) ပိဿာလျှင် ကျပ် (၈၀၀၀)၊ ထိပ်စ (၁)ပိဿာလျှင် ကျပ် (၈၃၀၀)ဖြစ်၍ ‌ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ် (၁၇၀၀-၂၀၀၀-၂၁၀၀) ဈေးနှုန်းများ မြင့်တက်လာပါသည်။ ကြက်သွန်နီကို ပွဲရုံမှ တစ်ဆင့် နတ်မောက်၊ မင်းလှ၊ သစ်ရာ ကောက်မြို့များမှသို့ တင်ပို့ရောင်းချပြီး တစ်ပတ်လျှင် ပိဿာ (၃၀၀၀) ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

          ရေနံချောင်းဈေးကွက် အတွင်းဒေသထွက်ကုန်ဖြစ်သော ကြက်သွန်နီဈေးနှုန်းများမှာ စက်တင် ဘာလ(တတိယပတ်)တွင် ကြက်သွန်နီ အသေး (၁)ပိဿာလျှင် ကျပ် (၄၀၀၀)၊ အလတ်စ (၁)ပိဿာလျှင် ကျပ် (၄၅၀၀)၊ ထိပ်စ (၁)ပိဿာလျှင် ကျပ် (၅၀၀၀)ဖြစ်ခဲ့ပြီး (စတုတ္ထပတ်)တွင် ကြက်သွန်နီအသေး (၁)ပိဿာလျှင် ကျပ် (၇၀၀၀)၊ အလတ်စ (၁)ပိဿာလျှင် ကျပ် (၈၀၀၀)၊ ထိပ်စ (၁)ပိဿာလျှင် ကျပ် (၈၂၀၀)ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ် (၃၀၀၀-၃၅၀၀-၃၂၀၀) ဈေးနှုန်းမြင့်တက်လာပါသည်။ ကြက်သွန်နီကို ပွဲရုံမှတစ်ဆင့် ပြည်မြို့၊ ရန်ကုန်မြို့များသို့တင်ပို့ရောင်းချပြီး တစ်ပတ်လျှင် ပိဿာ (၁၀၀၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)