
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာတို့မှ ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများကို စိုက်ပျိုးထုတ် လုပ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များသာမက ရေနံချောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှလည်း ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီ ဈေးကွက်အနေဖြင် ယခုတစ်ပတ်တွင် ဈေးငြိမ်လျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှကုန်ချိန်(၁၀၀၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
၂၀၂၆ခုနှစ်၊ စက်တင်ဘာလ(စတုတ္ထပတ်)တွင် ကြက်သွန်နီ ကုန်စည်ဒိုင်သို့ ပုလဲစ၊ ယောစနှင့် တောင်ဘက်ကမ်းစများ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် ကြက်သွန်နီအလုံးကြီး တစ်ပိဿာလျှင် ထိပ်စ ကျပ်(၆၃၀၀)၊ အလတ် ကျပ်(၅၈၀၀)၊ အနိမ့်စကျပ် (၅၀၀၀၀)ဖြစ်ပြီး ယခုလ(ဒုတိယပတ်)နှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၈၀၀)ခန့် ဈေးတက်နေပြီး အရောင်းအဝယ်အေးနေကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဟင်္သာတမြို့များသို့ နေ့စဉ်တင်ပို့နေပြီး မြဝတီမြို့နှင့် မြန်မာပြည်အောက်ပိုင်း ဒေသများသို့ အဓိကတင်ပို့နေကြောင်း၊ နေ့စဉ် ပိဿာ ချိန်(၃၀)ဝင်အိတ် (၁၀၀၀ မှ ၂၀၀၀ ထိ)တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။
ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတွင် ရောင်းချနေသော ကြက်သွန်နီ လက်လီ ဈေးမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၇၀၀၀) မှ အနိမ့်ဈေး ကျပ်(၆၀၀၀)ထိ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)
