ဘိုကလေးမြို့နယ် စားသုံးဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်တာဝန်ခံရုံး၌ ဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်း ရှင် (၂၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ပါသည်။

                  ထိုဟောပြောပွဲတွင် မြို့နယ်အတွင်း လုပ်ငန်းသုံးဆီခွဲဝေမှုအခြေအနေနှင့် ဖြန့်ဖြူးရမည့် သတ်မှတ် ဈေးနှုန်းများအတိုင်း ပြည်သူများလက်ဝယ်သို့ ရောက်ရှိစေရေးနှင့် မိမိခွဲတမ်းရရှိမှုအပေါ်တွင် မှန်မှန်ကန်ကန် သုံးစွဲကြရန်နှင့် အသင်းမှသတ်မှတ်ထားသော စည်းကမ်းများအား တိတိကျကျ မှန်မှန်ကန်ကန် လိုက် နာကြရန်နှင့် ဆီလုပ်ငန်းရှင်များအား ပြောကြားခဲ့ပြီး ဆီစာအုပ်များဖြင့် ခွဲဝေဖြန့်ဖြူးမှုအခြေများလည်း ပြောကြားခဲ့ခြင်းနှင့် စားသုံးသူကာကွယ်ရေးဉပဒေထဲမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ အ ကြောင်းတွင် အစားအသောက်များတွင် ကုန်အညွှန်းအမှတ်ဖော်ပြချက်များ ရှင်းလင်းပြောကြားပြီး စားသုံး သူကာကွယ်ရေးဉပဒေအခန်း(၁၀)၊ ပုဒ်မ (၂၁)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များမှာ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုအာမခံချက် သတ်မှတ်ချက်များနှင့် ပတ်သက်၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက် များပေးခြင်း စသည့်များကိုလည်း အသိပညာပေးဟောပြောခဲ့ပါသည်။

(DOCA ဧရာဝတီ)