မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် မြို့ပေါ်ရှိ ဓါတ်မြေဩဇာဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရန်နှင့်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တာဝန်ခံ ဒေါ်ရည်မွန်သန့် နှင့်ဝန်ထမ်းများသည်မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍(၂၁.၉.၂၀၂၆)ရက်နေ့      နံနက်(၁၀;၀၀)နာရီက    မြောင်းမြမြို့ နယ် အတွင်းရှိဓါတ်မြေဩဇာဆိုင်များတွင် ရောင်းချနေသော ယူရီးယား၊ တီစူပါ၊ ကွန်ပေါင်းနှင့် ကောမတ်တံဆိပ် ဓါတ်မြေဩဇာ အိတ်အတွင်း အခြားဓါတ်မြေဩဇာများ ထည့်သွင်းရောင်းချခြင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ  ဖော်ပြထားခြင်း ရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချ ခြင်းမရှိစေရန်  ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ ဓါတ်မြေဩဇာရောင်းချနေသော ပိုင်ရှင်များအား စားသုံးသူ ကာကွယ်ရေး ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ စီးပွားရေး လုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့်  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိနှင့်သတ်မှတ်ဈေးနှုန်းထက် ပိုမိုမရောင်းချရန်ဌာနမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

  (DOCA ဧရာဝတီ)