မြိတ်မြို့တွင် အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လက်မှတ်လျှေက်ထားလာသည့် လုပ်ငန်းများအား မြေပြင်စစ်ဆေး

Powered by Drupal

         ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့ပေါ်ရှိ ကလေးအသုံးအဆောင်၊ အထည်အလိပ်၊ အဝတ်အထည်နှင့် စပ်ဆက်ပစ္စည်းများ၊ အလှကုန်များ၊ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ အီလက်တရောနစ်ပစ္စည်း ရောင်းချသည့်လုပ်ငန်းများနှင့် အိမ်ခြံမြေအကျိုးဆောင်ဝန်ဆောင်မှုလုပ်ငန်းများ မှအွန်လိုင်းရောင်းချခွင့်လိုင်စင်လျှောက်ထားလာမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများ ရှိ/ မရှိနှင့် အခြားလိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/ မရှိ အား DOCA Application  အသုံးပြု၍ စစ်ဆေးခြင်းနှင့် အွန်လိုင်းမှရောင်းချရာတွင် လိုက်နာဆာင်ရွက်ရမည့်တာဝန်များ၊  စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)