
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူများ အနေဖြင့် မိမိတို့၏ အခွင့်အရေးနှင့် တာဝန်များကို သိရှိနားလည်စေရန်နှင့် အွန်လိုင်းမှ ကုန်ပစ္စည်းများ ဝယ်ယူ ရောင်းချရာတွင် သတိပြုလိုက်နာရမည့် အချက်များ သိရှိနိုင်စေရန် ရည်ရွယ်၍ စားသုံးသူအသိပညာပေး Talk Show အစီအစဉ် ကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၄ ရက် နံနက် ၁၁ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show အစီအစဉ်ကို ဦးအောင်ဇော်ဦး က ဦးဆောင်ဆောင်ရွက်ခဲ့ပြီး စားသုံးသူကာ ကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊ အွန်လိုင်းမှတ်ပုံတင်ရာတွင် ပြုလုပ်ရသော အဆင့်ဆင့် မိမိအသုံးပြုသော email (သို့) Mobile Phone Number ဖြင့် Sign Up (Register) ပြုလုပ်ရန် ။ Login ဝင်ရန်။ Apply ကို နှိပ်၍ မိမိတို့၏ Online Sales အတွက် Registration Form များကို ဖြည့်၍ မှတ်ပုံတင်ခြင်း ဆောင်ရွက်ရန်။ Online Payment ပေးဆောင်ရွက်ရန်။ မိမိ၏ Online Sales Registration Certificate ကို Print/PDF ထုတ်ယူရန်။ ရရှိလာသော Certificate ၏ QR Code Link ကို မိမိတို့၏ Dashboard တွင် Copy ယူ၍ မိမိတို့၏ Online Sales (eCommerce) Website များတွင် အသုံးပြုခြင်းဖြင့် ယုံကြည်စိတ်ချရသော Online Sales (eCommerce) Website များအဖြစ် ကြေငြာရောင်းချနိုင်ရန် စားသုံးသူ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် စားသုံးသူများအနေဖြင့် သတိပြုရမည့် အချက်များနှင့် စားသုံးသူအခွင့်အရေးများကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် အွန်လိုင်းမှ ကုန်ပစ္စည်းများ ဝယ်ယူရောင်းချခြင်း နှင့်ပတ်သက်၍ ရောင်းချသူနှင့် ဝယ်ယူသူ များအနေဖြင့် လိုက်နာသင့်သည့်အချက်များ၊ ကုန်ပစ္စည်း၏ အချက်အလက်များကို စိစစ်ရွေးချယ်ခြင်း၊ မှန်ကန်သော အချက်အလက်များဖော်ပြရောင်းချခြင်းနှင့်စားသုံးသူအခွင့်အရေးများကာကွယ်နိုင်ရေးဆိုင်ရာအသိပညာများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
