ဆေးနှင့်ဆေးပစ္စည်းဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် အတွင်းရှိ မြို့နယ်များ၌ ဆေးနှင့်ဆေးပစ္စည်းများအား လက်ကားဈေးအပေါ်ပိုမို အမြတ်တင်ရောင်းချ နေခြင်းရှိ/မရှိ သိရှိနိုင်ရန် သာယာဝတီခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ လက်ပံတန်းမြို့နယ် တာဝန်ခံ များနှင့်ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ နှင့်ပူးပေါင်း၍ အပတ်စဉ်အင်္ဂါနေ့တိုင်း ဆေးဝါးအမျိုးအစားအလိုက် ရောင်းချသည့် အရေအတွက်၊ ဈေးနှုန်း ဖြစ်ပေါ်မှု(အတက်/အကျ)၊ ပစ္စည်း ပြတ်လပ်မှုရှိ/ မရှိနှင့် ဈေးကွက်အတွင်း အရောင်း အဝယ် ဖြစ်မှုအခြေအနေများအား ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက် လျက်ရှိရာ အချို့ဆေးနှင့်ဆေးပစ္စည်းများ ယာယီပစ္စည်း ပြတ်လပ်မှု ရှိသော်လည်း အာနိသင်  တူညီသည့် ဆေးဝါးများရောင်းချလျက်ရှိပါကြောင်း၊ အခြားဆေးနှင့် ဆေးပစ္စည်းများ ပစ္စည်း ပြတ်လပ်မှုမရှိပါကြောင်းနှင့်  ဆေးဈေးနှုန်းများအနေဖြင့် သိသာစွာပြောင်းလဲမှု မရှိပါကြောင်း ကွင်းဆင်းစစ်ဆေး တွေ့ရှိရပါသည်။

DOCA(ပဲခူး)