ကြို့ပင်ကောက်မြို့စက်မှုလုပ်ငန်းသုံးဆီလျှောက်ထားသူများအားတွေ့ဆုံဆွေးနွေး

Powered by Drupal

                 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ လုပ်ငန်းသုံးဆီ လျှောက်ထားသည့် လုပ်ငန်းရှင်များနှင့် မြို့နယ်ဆီကုန်သည်အသင်းဥက္ကဌ ဆီလက်ကား ကိုယ်စား လှယ်တို့အား ၂၀၂၆ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့ ၊နေ့လည် (၂:၀၀) နာရီအချိန်တွင် ဆီရရှိမှု၊ ဖြန့်ဝေမှုအခြေအနေတို့အား သိရှိနိုင်ရန် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

              ထိုသို့တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးမှတက်ရောက် လာကြသော စားသောက်ကုန်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ လုပ်ငန်းရှင် (၂၀)ဦး တို့အား စက်မှုလုပ်ငန်းသုံးဆီလျှောက်ထားရာတွင် လိုအပ်သည့်စာရွက်စာတမ်းများ ပါဝင်လျှောက်ထားရန်နှင့် ရရှိလာသောဆီများကိုလည်းလုပ်ငန်းအတွက်အမှန်တကယ်အသုံးပြုရန်၊ပြင်ပသို့ရောင်းချမှုမရှိစေရေး တွေ့ရှိပါက အရေးယူဆောင်ရွက်မှုများ ရှိပါကြောင်း ဆွေးနွေးဟောပြောခဲ့ပြီး သက်ဆိုင်ရာဆီ ကုန်သည်နှင့် တက်ရောက်လာသည့် လုပ်ငန်းရှင်များအား သိလိုသည်များကို ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)