တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ Hass ထောပတ်သီး စျေးနှုန်း

Powered by Drupal

        တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ရှမ်းချောင်းကုန်စိမ်းဈေး၊ ဆိပ်ငယ်ဈေးကြီးနှင့် သစ်သီးအရောင်းဆိုင်များတွင် ရာသီပေါ်သစ်သီးဝလံများရောင်းချလျက်ရှိရာ ထောပတ်သီးမှာလည်း တစ်ခု အပါအဝင်ဖြစ်ပါသည်။ ထောပတ်သီးသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ အဓိကဝင်ရောက်လျက်ရှိပြီးဈေး ကွက်အတွင်းဝင်ရောက်လျက်ရှိသော ထောပတ်သီးများတွင် Hassထောပတ်သီးမှာအရောင်း သွက်လျက်ရှိပါသည်။ ဗီတာမင်နှင့် အဆီဓာတ်များ၊ အရိုးများသန်မာစေသော အာနိသင်များ ပါဝင်သဖြင့်  ထောပတ်သီးသည်ကျန်းမာ‌ရေးနှင့် ညီညွတ်သော ရာသီပေါ်သီးနှံဖြစ်သဖြင့် အလှူတန်းပွဲများ၊ စားသောက်ဆိုင်များနှင့် အိမ်သုံးစားသုံးခြင်းအတွက် ဝယ်ယူကြပါသည်။ Hass ထောပတ်သီးသည် အသားထူပြီးအမျှင်မပါဘဲအရသာမှာ စေးပြီး အိအိဆိမ့်ဆိမ့်လေးရှိအတွက် စားကောင်းလှပါသည်။

          ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်တွင် မြိတ်မြို့ပေါ်တွင်ရောင်းချနေသော Hass ထောပတ်ဈေးနှုန်းမှာ ၅ လုံး ၆ လုံးပါသော ဆိုဒ်ကြီး Hass ထောပတ်သီး တစ်ကီလိုလျှင် (၇၅၀၀) ကျပ်ရှိပြီး ၉ လုံး ၁၀ လုံးပါသော ဆိုဒ်ငယ် Hass ထောပတ်သီး တစ်ကီလိုလျှင် (၆၅၀၀)ကျပ်နှင့် ကြိတ်ပြီးအနှစ် ၁လီတာ တစ်ဘူးလျှင် (၈၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီး‌ရောင်းချ နေသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)