စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများဖြစ်သည့် စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခြင်း၊ အသေးစား၊ အလတ်စား၊ အငယ်စား (MSME) စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များထံသို့ ကွင်းဆင်းတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့်အချက်များကို အသိပညာပေးခြင်းလုပ်ငန်းဆောင်ရွက်မှုများနှင့်အတူ ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများဖြစ်သည့် ကုန်ကြမ်းရရှိမှု၊ ကုန်ချောထွက်ရှိမှုနှင့် ဈေးကွက်/ ဈေးနှုန်းအခြေအနေများကို ဆွေးနွေးမေးမြန်း မှတ်တမ်းတင်ခဲ့ပါသည်။
စစ်ကိုင်းခရိုင်အနေဖြင့် ခရိုင်ဦးစီးမှူးရုံးအပါအဝင် စစ်ကိုင်း၊ မြင်းမူနှင့် မြောင်မြို့နယ်တို့မှ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းကို တစ်လလျှင် တစ်ကြိမ်စီဖြင့် စုစုပေါင်း လေးကြိမ်ဆောင်ရွက်ရန် လျာထားသတ်မှတ်ထားပါသည်။ စစ်ကိုင်းခရိုင်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းကို ပထမ(၃)ပတ်တွင် စုစုပေါင်း(၂၂)ကြိမ်၊ ရာခိုင်နှုန်းအားဖြင့် ၁၈၃ % ဆောင်ရွက်နိုင်ခဲ့ပြီး၊ ဒုတိယ(၃)ပတ်တွင် စုစုပေါင်း(၂၈)ကြိမ်၊ ရာခိုင်နှုန်းအားဖြင့် ၂၃၃ % ဆောင်ရွက်နိုင်ခဲ့ပြီး၊ တတိယ(၃)ပတ်တွင် စုစုပေါင်း(၃၁)ကြိမ်၊ ရာခိုင်နှုန်းအားဖြင့် ၂၅၈ % ဆောင်ရွက်နိုင်ခဲ့၍၊ တတိယ(၃)လပတ်သည် ပထမ(၃)လပတ်ထက် (၉)ကြိမ် ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)