ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ သီးနှံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များနှင့် ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းရာ ပဲစဉ်းငုံတစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

          ပဲစဉ်းငုံမှာ ဒီဇင်ဘာလနောက်ဆုံးပတ်မှစတင်၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဖေဖော်ဝါရီလ ဒုတိယပတ် အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒုတိယပတ်၌ တစ်ရက်လျှင်တင်း(၃၀၀၀)ကျော်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများမှာ ပဲစဉ်းငုံတစ်တင်းလျင်(၆၁၀၀ဝိ/-) ကျပ် ဖြစ်ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၁၈၀၀၀)တင်း/ (၅၈၈)တန်ဖြစ်ကြောင်း၊ ပဲစဉ်းငုံတစ်တင်း၏ ယခင်အပတ်ပေါက်ဈေးမှာ (၅၇၀၀ဝိ/-) ကျပ် သာရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုအပတ်တွင် ယခင်အပတ်ထက်  တစ်တင်းလျှင်(၄၀၀ဝိ/-) ကျပ် ဈေးနှုန်း ပိုခဲ့ကြောင်း၊  ကုန်သည်များအနေဖြင့် မိမိ ဝယ်ယူရသည့် ဈေးနှင့်ရောင်းချရသည့်ဈေးနှုန်းအပေါ် အကျိုးအမြတ်ရရှိပါက နေ့ချင်းရောင်းချကြပြီး ဈေးမကိုက်ပါက လက်ဝယ်သိုလှောင်ထားကာ ဈေးနှုန်းကိုက်မှသာ ရောင်းချကြသော်လည်း ယခုအပတ်တွင် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)