ခရမ်းချဉ်သီး ဈေးနှုန်း ကျဆင်းလျက်ရှိ

Powered by Drupal

      ရွှေဘိုမြို့၌ ဈေးကွက်အတွင်းတွင်ရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများ   ဖေဖော်ဝါရီလဒုတိယပတ်တွင်  ဈေးနှုန်းကျဆင်းခဲ့ပြီး ခရမ်းချဉ်သီး တစ်ပိဿာ ှင် ၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ၍ ယခင်  ဖေဖော်ဝါရီလ ပထမပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာ လျှင် ၁၆၀၀ကျပ် ဈေးရရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ် ဈေးနှုန်းနှိုင်းယှဉ်ပါက ခရမ်းချဉ်သီး တစ်ပိဿာလျှင် ယခင်အပတ်ထက် ၆၀၀ကျပ် ဈေးနှုန်း ကျဆင်းလာခဲ့ပါသည်။

     ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းလာရခြင်းမှာ ဒေသတွင်းမှ စိုက်ပျိုးသော  ခရမ်းချဉ်သီး အဝင်များလာခြင်းကြောင့်ဖြစ်ပြီး ၊ တစ်ရက်လျှင် ခရမ်းချဉ်သီး(၂၅)ပိဿာ  ပါဝင်သော ခရမ်းချဉ်သီး တောင်း(၅၀၀)ခန့်လှိုင်လှိုင် ဝင်ရောက်လျက်ရှိသည်ဟု ရွှေဘိုမြို့ စည်ပင် သာယာဈေးတွင် ရောင်းချလျက်ရှိသော ခရမ်းချဉ်သီး ပွဲရုံမှ  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)