စားသုံးဆီဈေးများ ပြန်လည်မြင့်တက်

Powered by Drupal

       စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ ရွှေဘိုမြို့တွင် စားသုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက် လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

     ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး ဖေဖော်ဝါရီလ ပထမဆုံးပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၆၄၅၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၂၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ယခု ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၆၈၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် စားသုံးဆီ တစ်ပိဿာဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက စားအုန်းဆီ တစ်ပိဿာလျင် (၃၅၀)ကျပ်၊ ပဲဆီသန့်နှင့်နှမ်းဆီသန့် တစ်ပိဿာလျှင် (၁၀၀၀)ကျပ် အသီးသီး ဈေးနှုန်းအနည်းငယ် ပြန်လည်မြင့်တက်လျက် ရှိကြောင်း  စားသုံးဆီလက်ကားဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)