ပဲခူးတိုင်းဒေသကြီးတွင် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနများနှင့် ပူးပေါင်းဆောင်ရွက်

Powered by Drupal

       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ဇန်နဝါရီလအတွင်း ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ခရိုင်၊ မြို့နယ်နှင့် ကျေးရွာများရှိ တောင်သူလယ်သမားများထံသို့ သွားရောက်ကွင်းဆင်း၍ အသိပညာပေးလျက်ရှိပါသည်။

      သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ စိုက်ပျိုးထုတ်လုပ်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများ၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကဏ္ဍများနှင့် စားသုံးဆီများကို လျော့ချသုံးစွဲသွားရန်နှင့် စားသုံးဆီသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာမည့်ဘေးထွက်ဆိုးကျိုးများနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သီးနှံအစုအဖွဲ့များ၊ အသင်းအဖွဲ့များနှင့်ဆောင်ရွက်ရန်နှင့် တစ်ရာသီ၌ သုံးသီးစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိမှုအခြေအနေများအား အသိပညာပေးဟောပြောဆွေးနွေးကြောင်းသိရှိရပါသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်(၅)မြို့နယ်၊ ကျေးရွာ(၂၀)ရွာ၊ တောင်သူနှင့် လုပ်ငန်းရှင်(၉၁၃)ဦးထံသို့ သွားရောက်ကွင်းဆင်း၍ ဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ပဲခူး)