ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ဇန်နဝါရီလအတွင်း ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ခရိုင်၊ မြို့နယ်နှင့် ကျေးရွာများရှိ တောင်သူလယ်သမားများထံသို့ သွားရောက်ကွင်းဆင်း၍ အသိပညာပေးလျက်ရှိပါသည်။
သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ စိုက်ပျိုးထုတ်လုပ်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများ၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကဏ္ဍများနှင့် စားသုံးဆီများကို လျော့ချသုံးစွဲသွားရန်နှင့် စားသုံးဆီသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာမည့်ဘေးထွက်ဆိုးကျိုးများနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သီးနှံအစုအဖွဲ့များ၊ အသင်းအဖွဲ့များနှင့်ဆောင်ရွက်ရန်နှင့် တစ်ရာသီ၌ သုံးသီးစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိမှုအခြေအနေများအား အသိပညာပေးဟောပြောဆွေးနွေးကြောင်းသိရှိရပါသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်(၅)မြို့နယ်၊ ကျေးရွာ(၂၀)ရွာ၊ တောင်သူနှင့် လုပ်ငန်းရှင်(၉၁၃)ဦးထံသို့ သွားရောက်ကွင်းဆင်း၍ ဟောပြောဆွေးနွေးခဲ့ပါသည်။
DOCA(ပဲခူး)