ကျောက်မဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနက ကျောက်မဲမြို့နယ်အတွင်းရှိ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဆန်ဆိုင်များသို့သွားရောက်၍ ဆန်ပေါက်ဈေးနှုန်းများအား (၂၀.၂.၂၀၂၃)ရက်နေ့တွင် ကွင်းဆင်း မေးမြန်းခဲ့ပါသည်။
ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများအနေဖြင့် ငါးနီအမှတ်တံဆိပ် ပေါ်ဆန်းမွှေး တစ်ပြည်လျှင် (၃၅၀၀)ကျပ်၊ မဂျမ်းတော တစ်ပြည်လျှင် (၃၂၀၀)ကျပ်၊ စူပါ၀% တစ်ပြည်လျှင် (၂၇၀၀)ကျပ်၊ ပေါ်ဆန်းဆလပ် တစ်ပြည်လျှင် (၂၅၀၀)ကျပ်ဖြစ်ပြီး ဇန်နဝါရီလနောက်ဆုံးပတ် ဈေးနှုန်းများထက် ခန့်မှန်းခြေ (၂၀၀)ကျပ် မြင့်တက်သွားကြောင်း သိရှိရပါသည်။
ဆန်ဈေးနှုန်းများတည်ငြိမ်မှုမရှိဘဲ မြင့်တက်ချိန်တွင် ဒေသထွက်ကြိတ်ဆီ ပဲဆီဈေးနှုန်းများနှင့် အခြားမြို့များမှထွက်ရှိသော ပဲဆီဈေးနှုန်းများမှာ မြင့်တက်မှုမရှိဘဲတည်ငြိမ်မှုရှိကြောင်းနှင့် လက်ရှိပဲဆီတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(ရှမ်း)