COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းနှင့် ဆေးဝါးများ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

           ၂၃.၈.၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ သည် မော်လမြိုင်မြို့ရှိ ဆေးဝါးလက်လီလက်ကားအရောင်းဆိုင်များ၌ လည်းကောင်း၊ ၂၄.၈.၂၀၂၀ ရက်နေ့တွင် သထုံခရိုင်မှ တာဝန်ရှိသူများသည် သထုံမြို့ရှိ ဆေးပစ္စည်း အရောင်းဆိုင်များ၌ လည်းကောင်း၊ ၂၆.၈.၂၀၂၀ ရက်နေ့တွင် ကျိုက်မရောမြို့နယ်ရှိ ဆေးပစ္စည်းအရောင်းဆိုင် များ၌လည်းကောင်း COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းနှင့်ဆေးဝါးများအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၃၀.၃.၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ် ၂၁/၂၀၂၀ ဖြင့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများကို အရေးကြီးကုန်စည်များအဖြစ် ကြေငြာထားပြီးဖြစ်ရာ အဆိုပါကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ထားရှိခြင်းများ ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက သိရှိလိုက်နာကြစေရေး အသိပညာပေးမှုများဆောင်ရွက်လျက်ရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မွန်ပြည်နယ်