ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့တွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်း စေရေးအတွက် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးမှုဆောင်ရွက်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တီးတိန်ခရိုင်တာဝန်ခံ  ဦးပြောင်ဒါးလ် (အကြီးတန်းစာရေး)သည် ဆက်စပ်ဌာနများဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးနှင့် မြို့စည်ပင်သာရေးအဖွဲ့တို့နှင့်ပူးပေါင်းပြီး ၂၀၂၃ခုနှစ်၊ မတ်လ ၂ရက်နေ့၊ နေ့လယ် (၀၁:၃၀) နာရီအချိန်တွင် ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးမှုဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အများပြည်သူအပေါ်  ဘေးအန္တရာယ်ဖြစ်စေနိုင်သော စားသုံးကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရှိ/မရှိ၊ တရားမဝင်ကုန်ပစ္စည်းများအဖြစ် သက်ဆိုင်ရာဌာနကသတ်မှတ်ထားသည့် ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ဝင်ရောက်လာမှုရှိ/မရှိနှင့် စားသုံးရန်မသင့်သည့် သက်တမ်းလွန်စားသုံးကုန်ပစ္စည်းများ ရှိ/မရှိ စသည့်တို့ကို ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ယခုဈေးကွက်အတွင်း ကွင်းဆင်းစစ်ခြင်းဆောင်ရွက်နေခြင်းသည် စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်မြှင့်တင်နိုင်ရန်အတွက် လုပ်ဆောင်ရခြင်းဖြစ်၍ မည်သည့်ကုန်ပစ္စည်းမျိုးမဆို ဝယ်ယူတင်သွင်းဖြန့်ဖြူးရောင်းချသူများအနေဖြင့် စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ချင်း)