မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ၂၀၂၃ခုနှစ်၊ မတ်လ (၂၀) ရက် နံနက် (၁၁း၀၀) နာရီအချိန်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက အသိပညာပေး Talk Show အစီအစဥ်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးစည်သူက ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့ပေါ်ပေါက်လာပုံ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနား ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်၊ အာဆီယံနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းထားမှုနှင့် အပြည်ပြည်ဆိုင်ရာစားသုံးသူများအဖွဲ့ (Consumer International) က ထုတ်ပြန်သည့်ဆောင်ပုဒ်များ စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပါသည်။
DOCA(မွန်)