Main menu

မုဒုံမြို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

      မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ၂၀၂၃ခုနှစ်၊ မတ်လ (၂၀) ရက် နံနက် (၁၁း၀၀) နာရီအချိန်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

     ဆွေးနွေးပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက အသိပညာပေး Talk Show အစီအစဥ်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးစည်သူက ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့ပေါ်ပေါက်လာပုံ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနား ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်၊ အာဆီယံနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းထားမှုနှင့် အပြည်ပြည်ဆိုင်ရာစားသုံးသူများအဖွဲ့ (Consumer International) က ထုတ်ပြန်သည့်ဆောင်ပုဒ်များ စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)