စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး (Consumer Redress) နှင့်ပတ်သက်သည့် စားသုံးသူ အသိပညာပေးဗီဒီယို

Powered by Drupal

       မြန်မာနိုင်ငံသည် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ (ASEAN Committee on Consumer Protection-ACCP) အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီနှင့် အဓိကဆက်သွယ်ဆောင်ရွက်ရသည့်ဌာနဖြစ်ပါသည်။ အာဆီယံစားသုံးသူ ကာကွယ်ရေး ကော်မတီသည် အာဆီယံစားသုံးသူကာကွယ်ရေးမဟာဗျူဟာလုပ်ငန်းစီမံချက် (၂ဝ၁၆-၂ဝ၂၅) (ASEAN Strategic Action Plan for Consumer Protection 2016-2025) ကိုချမှတ်၍ ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ လိုက်ပါ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ မဟာဗျူဟာ၏ ၂၀၂၀ ခုနှစ်အတွင်း ဦးစားပေးအကောင် အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များအနက် ဒေသတွင်း စားသုံးသူ ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်ဖြန့်ဝေခြင်းအစီအစဉ်များ ပိုမိုဆောင်ရွက်ရေး (Development of the Regional Information Campaign) သည်လည်း တစ်ခုအပါ အဝင်ဖြစ်ပါသည်။ သို့ပါ၍ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ (ACCP) သည် လိမ်လည် လှည့်ဖြားသည့်ကြော်ငြာ (Misleading Advertisement) များနှင့် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး (Consumer Redress) နှင့်ပတ်သက်သည့် စားသုံးသူ အသိပညာပေးဗီဒီယိုနှင့် လက်ကမ်း စာစောင်များအား ထုတ်ဝေခဲ့ပါသည်။ စားသုံးသူများအနေဖြင့် လိမ်လည်လှည့် ဖြားသည့် ကြော်ငြာများနှင့်ပတ်သက်၍ သိရှိရှောင်ရှားနိုင်ရန်ပါရန်နှင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့လာပါက ၎င်းတို့၏ နစ်နာမှုများအား တိုင်ကြားခွင့်နှင့် ကုစားခွင့်ရရှိနိုင်ကြောင်း ပိုမိုသိရှိနိုင်ရန်အတွက် ဖော်ပြပါ စားသုံးသူအသိပညာ ပေး ဗီဒီယိုများအားကြည့်ရှုလေ့လာနိုင်ပါရန် အသိပေးတင်ပြအပ်ပါသည်။