ဓနုဖြူမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့်ဝန်ထမ်းများသည် (၁၉-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဓနုဖြူမြို့မဈေးသို့သွားရောက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကုန်မျိုးစုံတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ မြို့မဈေးအတွင်းရောင်းချနေသော FDA ကတားမြစ်ထားသော အေးခဲအသားများရောင်းချခြင်းရှိ/မရှိ၊ အသားများလေလံဈေး၊ ဈေးနှုန်းမှန်ကန်စွာရောင်းချခြင်းရှိ/မရှိနှင့် ဈေးအတွင်း ကုန်မျိုးစုံတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြပါဝင်ခြင်းရှိ/မရှိကို စစ်ဆေးခဲ့ကြပါသည်။ ဓနုဖြူမြို့မဈေးအတွင်း ကုန်မျိုးစုံရောင်းချသောဆိုင်ရှင်များကို စားသုံးသူရေးရာဦးစီးဌာနကထုတ်ပြန်ထားသော ကုန်အညွှန်အမှတ်အသားများအတိုင်း ရောင်းချရန်နှင့် ထုတ်ပြန်ထားသည့်ဥပဒေအတိုင်း  လိုက်နာဆောင်ရွက်ကြရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ သတ်မှတ်ချက်များနှင့်အညီဖော်ပြနိုင်ရန် စီးပွားရေးလုပ်ငန်းရှင်များကို အသိပညာပေးထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်များတွင် သတ်မှတ်ထားသည့်ကုန်အညွှန်းအမှတ်အသားမပါဝင်ပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့် စီမံခန့်ခွဲရေးနည်းလမ်းများအရ အ‌ရေးယူနိုင်ကြောင်းကို ရှင်းလင်းဆွေးနွေးပြီး မအူပင်ခရိုင်အနေဖြင့် လစဉ် ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ပြည်သူများသည် သန့်ရှင်းလတ်ဆတ်သည့်အစားအ‌သောက်၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးဥပဒ်မဖြစ်စေသည့်အစားအစာ၊ အသုံးအဆောင်များကိုသုံးစွဲနိုင်ရန် မိတ်ဖက်အဖွဲ့များနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)