ညောင်တုန်း ရပ်ကွက်နေပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

    (၂၀-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးး ဦးအောင်လွင်သည် ညောင်တုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ ညောင်တုန်းမြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူ (၃၀) ဦးအားဖိတ်ကြားကာ စားသုံးသူကာကွယ်‌ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြပါသည်။

       အဆိုပါဟောပြောပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာနသည် ပြည်သူများ၏စားသုံးသူအခွင့်အရေးများနှင့် ထိခိုက်နစ်နာမှုများကိုဆန်းစစ်သိရှိနားလည်နိုင်ရန်အတွက် လူထုအသိပညာပေးခြင်း၊ လုပ်ငန်းရှင်အသိပညာပေးခြင်း၊ အလုပ်ရုံ၊ ဈေးကွက်မရောက်မီ စက်ရုံ၊ အလုပ်ရုံများမှထုတ်လုပ်သောကုန်စည်များကို ကွင်းဆင်း၍စစ်ဆေးဆောင်ရွက်ခြင်း၊ ဈေးကွက်ရောက်ကုန်စည်များကိုကွင်းဆင်းစောင့်ကြည့်စစ်ဆေးခြင်း၊ SMEလုပ်ငန်းများဖွံဖြိုးတိုးတက်စေရန် အသိပညာပေးဆောင်ရွက်ခြင်းများ၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက်ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီး ဟောပြောပွဲသို့တက်ရောက်လာသောပြည်သူများအား မိမိတို့တွင် ကုန်စည်ဝန်ဆောင်မှုများကိုဝယ်ယူသုံးစွဲရာတွင် စစ်မှန်သောအခွင့်အရေးအပြည့်အဝရရှိခွင့်ရှိပါကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံထားမှုအပေါ် စားသုံးသူကတောင်ဆိုနိုင်သည့်အခွင့်အရေးရှိသောကြောင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၂)ကိုသိရှိနားလည်ရန်၊ စားသုံးသူတို့၏ အခွင့်အရေး(၈)ချက်ကိုလည်း သိရှိနားလည်နိုင်ရန်၊ ဦးစီးဌာနအနေဖြင့်လည်း စစ်ဆေးရေးအရာရှိများ ခန့်အပ်ထားရှိ၍ ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်များကို စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရန် လစဉ်ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူသည် ကုန်စည်၊ ဝန်ဆောင်မှုကြောင့် အမှန်တကယ်နစ်နာဆုံးရှုံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၉)၊ အခန်း(၂၀)၊ အခန်း(၂၃)၊ အခန်း(၂၄)တို့ကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)