စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းဈေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့ရှိ နမ်းခမ်းဈေးတွင် သုံးစွဲရန်မသင့်သော ကုန်စည်များ ရောင်းချခြင်း မရှိစေရေးနှင့် ကိုဗစ်-၁၉ ကာလအတွင်း အရေးကြီးကုန်စည်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်အဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန၊ စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်မီးသတ်ဌာနများဖြင့် ဈေးအတွင်းရှိ ဆိုင်များအား ပူးပေါင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန်၊ သက်တမ်းလွန်ကုန်စည်များအား ရောင်းချခြင်းမပြုရန်၊ FDA မှ ထုတ်ပြန်ထားသော တားမြစ်ကုန် ပစ္စည်းများ မရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများနှင့်အညီ ထုတ်လုပ် ရောင်းချကြရန် အသိပညာပေး ပြောကြားခဲ့ပြီး ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန