ပန်းတနော်မြို့နယ်၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ဆိုင်များအား ဈေးကွက်‌စောင့်ကြည့် စစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ဦးစီးမှူး ဦးပိုးဖြူပိုင်မင်းနှင့် မိတ်ဖက်ဌာနဆိုင်ရာများသည် (၁၈-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်မြို့မဈေးအတွင်းရှိ “မိဘရိပ်မွန်” ကုန်ခြောက်ဆိုင်တွင် ရောင်းချနေသောစားသောက်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

  အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုတွင် ပန်းတနော်မြို့နယ်ဦးစီးမှူး ဦးပိုးဖြူပိုင်မင်းက ပန်းတနော်မြို့နယ်ရှိ ဒေါ်မွန်ရည်အောင် “မိဘရိပ်မွန်” ကုန်ခြောက် ဆိုင်ရှင်အားတွေ့ဆုံ၍ မိမိတို့စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်ရေးနှင့် အသုံးပြုနိုင်ရေးအတွက် လစဉ် စစ်ဆေးရေးအရာရှိများက အခြေခံစားသောက်ကုန်များ၊ မုန့်၊ အလှကုန်နှင့် ဆေးဝါးပစ္စည်းအမျိုးမျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိပါကြောင်း၊ လိုအပ်ပါက မိတ်ဖက်ဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည်စုံစွာဖော်ပြပါဝင်ခြင်းရှိ/မရှိနှင့် အခြေခံစားသောက်ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ မြန်မာဘာသာဖြင့် သိသာစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွည်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းနှင့် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ထောက်ခံချက်များဖော်ပြပါဝင်ခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

DOCA(ဧရာဝတီ)