ကရင်ပြည်နယ်အတွင်း MSME လုပ်ငန်းများဖွံဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးသည် ကရင်ပြည်နယ်အတွင်း ပုဂ္ဂလိကကဏ္ဍဖွံဖြိုးတိုးတက်စေရေးနှင့် MSME လုပ်ငန်းများဖွံဖြိုးတိုးတက်စေရေးအတွက် (၈-၈-၂၀၂၃) ရက်နေ့၊ ညနေ (၁၆း၀၀) နာရီအချိန်တွင် ဘားအံမြို့၊ ကမ်းနားလမ်းရှိ စိန်ဆီစက်တွင်  ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ကရင်ပြည်နယ်အတွင်း ပုဂ္ဂလိကကဏ္ဍဖွံဖြိုးတိုးတက်စေရေးနှင့် MSME လုပ်ငန်းများဖွံဖြိုးတိုးတက်စေရေးအတွက် ဌာနကဆောင်ရွက်လျက်ရှိသည့်အခြေအနေများကိုလည်းကောင်း၊ MSME လုပ်ငန်းများအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ အခက်အခဲများရှိပါက ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ကရင်ပြည်နယ်တွင် MSME (Help Desk Center) ဖွင့်လှစ်ထားရှိမှုနှင့် ကူညီဖြေရှင်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသောလုပ်ငန်းရှင်များက သိရှိလိုသည်များကိုပြန်လည်မေးမြန်းဆွေး နွေးခဲ့ကြောင်း သိရပါသည်။

     အခမ်းအနားတွင် ကရင်ပြည်နယ်ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်း အတွင်းရေးမှူးနှင့် ညီနောင်အသင်းမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များတက်ရောက်ကြပြီး တွေ့ဆုံဆွေးနွေးပွဲကို ညနေ (၁၇:၀၀) နာရီအချိန်တွင်ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)