ကျိုက်မရောမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်

Powered by Drupal

      မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၄-၅-၂၀၂၃) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ Talk Show တွင် ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ အကြီးတန်းစာရေး ဦးစိုးညီညီက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါအကြောင်း၊ ဥပဒေတွင်ပါဝင်သော စကားရပ်၏အဓိပ္ပါယ်များ၊ ဥပဒေ၏ရည်ရွယ်ချက်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များ၊ စားသုံးသူများကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူများအနေဖြင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့လျှင် လူကိုယ်တိုင်ဖြစ်စေ၊ Online မှဖြစ်စေ၊ Call Center ဖုန်းနံပါတ် (၁၅၃၅) သို့ တိုက်ရိုက်ဆက်သွယ်၍ဖြစ်စေ တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)