စက်သုံးဆီဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်

Powered by Drupal

   (၈-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးသည် လွိုင်ကော်မြို့၊ မြေနီကုန်းရပ်ကွက်ရှိ “တော်ဝင်(၁+၃)” စက်သုံးဆီအရောင်းဆိုင်နှင့် ပြည်အောင်ရတနာစက်သုံးဆီအရောင်းဆိုင်များ၌ ပြည်နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီနှင့်အတူ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စက်သုံးဆီဆိုင်များ၏ နေ့စဉ်ရောင်းချမှုအခြေအနေများ၊ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီဈေးနှုန်းကြော်ငြာသည့်(LED ဘုတ်)ဈေးနှုန်းနှင့်ပေးချေရသည့် ဈေးနှုန်းများကွာဟမှုရှိ/မရှိ၊ စက်သုံးဆီဆိုင်များအား ပြင်ပသို့ ပီပါ(တိုင်ကီ)များဖြင့် ရောင်းချခြင်းရှိ/မရှိ၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသောနှုန်းထားများအတိုင်းရောင်းချမှုရှိ/မရှိ၊ စက်သုံးဆီများ၏ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကယား)