ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဘူလ်ဂေးရီးယားတွင် အကြီးဆုံး တရားမဝင်စီးကရက်စက်ရုံအားဖျက်သိမ်း

    ဘူဂေးရီးယား အာဏာပိုင်များသည် နိုင်ငံအတွင်း ရှာဖွေတွေ့ရှိခဲ့သော အကြီးမားဆုံး တရားမဝင် စီးကရက်စက်ရုံကို ဖျက်သိမ်းခဲ့ကြောင်း ဇူလိုင်လ ၁၀ ရက်နေ့ အစိုးရရှေ့နေရုံး၏  ထုတ်ပြန်ချက် အရသိရသည်။ တရားဝင်ထုတ်ပြန်ချက်တစ်ခုအရ ဘူလ်ဂေးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း Haskovo ဒေသရှိ Momkovo ရွာအနီး နွားမွေးမြူရေးခြံတစ်ခုအနီးတွင် စက်ရုံတည်ရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။ အာဏာပိုင်များသည် ဆိုက်တွင် အမှတ်တံဆိပ်အမျိုးမျိုး၏ စီးကရက်ပေါင်း ၁၀၂.၇ သန်းခန့်ကို ရှာဖွေတွေ့ရှိခဲ့သည်။ သိမ်းဆည်းရမိ စီးကရက်များ၏ တန်ဖိုးမှာ BGN သန်း ၃၀ ကျော် (အမေရိကန်ဒေါ်လာ ၁၈ သန်း) ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စီးကရက်အမြောက်အမြားအပြင်၊ တရားဥပဒေစိုးမိုးရေးက ၎င်းတို့ထုတ်လုပ်ရာတွင် အသုံးပြုသည့် စက်ယန္တရားများကို သိမ်းဆည်းခဲ့သည်။ လက်ရှိအချိန်အထိ သံသယရှိသူနှစ်ဦးကို ဖမ်းဆီးထားပြီး ၎င်းတို့အနက် တစ်ဦးမှာ နွားခြံပိုင်ရှင်ဖြစ်သည်။ လက်ရှိတွင် အာဏာပိုင်များသည် အခြားပုဂ္ဂိုလ်များ ၏ ပါဝင်ပတ်သက်မှုကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ 

 

Source : Xinhua                                                                               

  DOCA(ရန်ကုန်)

အမေရိကန်နှင့် အမေရိကန်ဒေါ်လာ ၁၅.၅ ဘီလီယံတန်စွမ်းအင်စာချုပ်ချုပ်မည့် အင်ဒိုနီးရှား

     အင်ဒိုနီးရှားနိုင်ငံစွမ်းအင်နှင့် သယံဇာတအရင်းအမြစ်ဝန်ကြီးဌာန(ESDM) သည် အမေရိကန်ထံမှ အမေရိကန်ဒေါ်လာ ၁၅.၅ ဘီလီယံတန်ဖိုးရှိသော LPG( သဘာဝဓာတ်ငွေ)နှင့် ရေနံ စိမ်း ဝယ်ယူရန် စီစဉ်ထားကြောင်း သိရပါသည်။ ESDM ဒုတိယဝန်ကြီး Yuliot Tanjung က နိုင်ငံ သည် ပြည်တွင်းလိုအပ်ချက်အတွက် ရေနံစိမ်းနှင့်အတူ LPG တင်သွင်းမှုမြှင့်တင်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားသည် ရေနံစိမ်းကို အခြားနိုင်ငံများမှတစ်ဆင့် အမေရိကန်ထံမှတင်သွင်းကြောင်း သိရပါသည်။ စွမ်းအင်သုံးရန်ဘက်ဂျက် အမေရိကန်ဒေါ်လာ ၁၅.၅ ဘီလီယံနှင့်အတူ အကောက်ခွန်ညှိနှိုင်းဆွေးနွေးမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် ရေနံစိမ်းငွေ ပေးချေမှုများသည် အမေရိကန်ထံသို့တိုက်ရိုက်ရောက်ရှိရန် မျှော်မှန်းရကြောင်း သိရပါသည်။ Tanjung က အရှေ့အလယ်ပိုင်းတွင်တင်းမာမှုများမြင့်တက်လာခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ရေနံ ဈေးနှုန်းများမတည်မငြိမ်ဖြစ်နေသောကြောင့် အမေရိကန်ထံမှတင်သွင်းမည့်ပမာဏကို အတည် မပြုရသေးကြောင်းနှင့် တင်သွင်းမည့်တန်ဖိုးမှာ တင်သွင်းမည့်ပမာဏနှင့် ၎င်းတို့ချမှတ်မည့် အင်ဒို နီးရှားရေနံစိမ်းဈေးနှုန်းအပေါ်အခြေခံ၍ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် Tanjung က နိုင်ငံတွင်ရေနံစိမ်းသန့်စင်သည့်နည်းပညာအဆင့်မြှင့်တင်မှုပြီးမြောက်ပါက အင်ဒို နီးရှားသည်၎င်းတို့၏လောင်စာလိုအပ်ချက်ကို တင်သွင်းမှုများထက် ပြည်တွင်း ထုတ်လုပ်ခြင်းမှ တစ်ဆင့်ပြည့်မီရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါသည်။ အစောပိုင်း ကာလကလည်း စီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Airlangga Hartarto ကအင်ဒိုနီးရှား သည် အမေရိကန်ထံမှ အမေရိကန်ဒေါ်လာ ၁၅.၅ ဘီလီယံတန်ဖိုးရှိသော စွမ်းအင်ဝယ်ယူရန် စီစဉ်ထားကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရသည်လည်း နှစ်နိုင်ငံကြားကုန်သွယ်ရေး ဟန်ချက်ညီရန်မဟာဗျူဟာ ၏တစ်စိတ်တစ်ပိုင်းအနေဖြင့် အမေရိကန်ထံမှစွမ်းအင်ဝယ်ယူမှု မြှင့်တင်ရန် ဆန္ဒရှိကြောင်း သိရပါ သည်။

Antara News                                                                             

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ်တွင် ကော်ဖီတင်ပို့မှုမှတစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၇.၅ ဘီလီယံ ရရှိထားသည့် ဗီယက်နမ်

      လတ်တလောဖြစ်ပေါ်နေသည့်ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများနှင့် ရာသီဥတုအခြေအနေ များရှိနေသော်လည်း ကော်ဖီသည် ၂၀၂၅ ခုနှစ်၏ပထမနှစ်ဝက်တွင် စိုက်ပျိုးမွေးမြူရေး-သစ်တော -ရေထွက်ကုန်ပို့ကုန်များကြား  တင်ပို့သည့်ပမာဏနှင့်  တန်ဖိုး ၂ ခုလုံးတွင် ကောင်းမွန်သော တင်ပို့မှုစွမ်းရည်ပြသနိုင်ခဲ့သည့် ထုတ်ကုန်တစ်ခုအဖြစ်ရပ်တည်နိုင်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံစိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏အဆိုအရ ၂၀၂၅ ခုနှစ် ၏ ပထမနှစ်ဝက်တွင် ကော်ဖီတန်ချိန် ၉၅၃၉၀၀ တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၅.၄၅ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက တင်ပို့သည့်ပမာဏတွင် ၅.၃ ရာခိုင်နှုန်းနှင့် တန်ဖိုးတွင် ၆၇.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပျမ်းမျှတင်ပို့သည့် ဈေးနှုန်းမှာ တစ်တန်ကို ၅၇၀၈ အမေရိကန်ဒေါ်လာဖြင့် ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်ယှဉ် ပါက ၅၉.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဂျာမနီ၊ အီတလီနှင့် စပိန်တို့မှာ ဗီယက်နမ်၏ထိပ်တန်းကော်ဖီတင်သွင်းသည့် ၃ နိုင်ငံဖြစ်ပြီး စုစုပေါင်းတင်ပို့မှုများ၏ ၁၆.၃ ရာခိုင်နှုန်း၊ ၇.၉ ရာခိုင်နှုန်းနှင့် ၇.၄ ရာခိုင်နှုန်းအသီးသီးရှိကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ် တူညီ သည့်ကာလနှင့်နှိုင်းယှဉ်ပါက ဂျာမနီသို့တင်ပို့မှုမှာ ၂ ဆနီးပါး၊ အီတလီသို့တင်ပို့မှုမှာ ၄၅.၁ ရာခိုင်နှုန်းနှင့် စပိန်သို့တင်ပို့မှုမှာ ၅၅.၈ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်၏ထိပ်တန်းကော်ဖီတင်ပို့သည့်ဈေးကွက် ၁၅ ခုအနက် မက္ကစီကိုသို့တင်ပို့မှုတန်ဖိုးမှာ ၇၁.၆ ဆဖြင့် အများဆုံးသိသာထင်ရှားစွာမြင့်တက်ခဲ့ပြီး တရုတ်သို့တင်ပို့မှုမှာ ၂၂.၉ ရာခိုင်နှုန်းဖြင့် စံချိန်တင်အနိမ့်ဆုံးကိန်းဂဏန်းအနေဖြင့် မြင့်တက်ခဲ့ကြောင်း သိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

                                     

၂၀၂၅ ခုနှစ်၏ ဒုတိယနှစ်ဝက်တွင် ငါးလုပ်ငန်းကဏ္ဍမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံရရှိရန် ဗီယက်နမ်အရှိန်မြှင့်ဆောင်ရွက်မည်

       ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင်တင်ပို့မှုအားကောင်းခြင်းနှင့်အတူ ဗီယက်နမ်၏ ငါးလုပ်ငန်းကဏ္ဍသည် တစ်နှစ်တာကာလတင်ပို့မှုရည်မှန်းချက်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၀.၅ ဘီလီယံရရှိရန် အခွင့်အလမ်းများကိုပိုင်ဆိုင်ထားကြောင်း သိရပါသည်။ ပထမှနှစ်ဝက်တွင် အမေရိကန်‌ဒေါ်လာ ၅.၁၆ ဘီလီယံရရှိခဲ့ခြင်းကြောင့် ဒုတိယနှစ်ဝက်တွင် ရည်မှန်းချက် ၅.၄ ဘီလီယံ ရရှိရန်အတွက် ဈေးကွက်မဟာဗျူဟာ၊ ထုတ်ကုန်အဓိကထားမှုနှင့် ထောက်ပံ့မှု ကွင်းဆက်စဉ်ဆက်မပြတ်ရရှိမှုတို့မှာ အရေးပါသောလိုအပ်ချက်ဖြစ်ကြောင်း သိရပါသည်။ ဇွန်လတွင် အမေရိကန်‌ဒေါ်လာ သန်း ၉၅၀ တန်ဖိုးတင်ပို့နိုင်ခဲ့ခြင်းကြောင့် ပထမနှစ်ဝက်တွင် စုစုပေါင်း တင်ပို့မှုတန်ဖိုးအမေရိကန်ဒေါ်လာ ၅.၁၆ ဘီလီယံထိရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်နှင့် နှိုင်းယှဉ်ပါက ၁၆.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၀၇ ဘီလီယံရရှိခဲ့သောပုဇွန်နှင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရရှိခဲ့သော pangasius ငါး(ငါးတန်) တို့မှာ တင်ပို့မှု၏အဓိကမောင်းနှင်အားများဖြစ်ကြောင်း သိရပါသည်။ တရုတ်၊ အမေ ရိကန်နှင့် ဂျပန်တို့မှာ ဗီယက်နမ်၏ထိပ်တန်း ပင်လယ်စာဈေးကွက် ၃ ခုဖြစ်ပြီး စုစုပေါင်းတင်ပို့မှု တန်ဖိုး၏ ၁၉.၆ ရာခိုင်နှုန်း၊ ၁၈.၂ ရာခိုင်နှုန်းနှင့် ၁၅ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရပါသည်။ တရုတ်သို့တင်ပို့မှုမှာ ၅၃.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အမေရိကန်နှင့် ဂျပန်သို့တင်ပို့မှုမှာ ၂၂.၈ ရာခိုင်နှုန်းနှင့် ၉.၁ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဘရာဇီးသည် တင်ပို့မှု တန်ဖိုး ၇၁.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းနှင့်အတူ ကြီးထွားမှုအမြန်ဆုံးဈေးကွက်အဖြစ် ပေါ်ထွက်လာခဲ့ပြီး တင်ပို့မှုတိုးချဲ့နိုင်ရန်အတွက် အလားအလာသစ်လက္ခဏာကို ပြသခဲ့ကြောင်း သိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် ကမ္ဘောဒီးယား၏နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၀.၅၇ ဘီလီယံထိရောက်ရှိ

    ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၃၀.၅၇  ဘီလီယံရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဇူလိုင်လ ၁၀ ရက်နေ့က တရားဝင်ထုတ်ပြန်ချက်အရ သိရပါ သည်။ ထိုကာလအတွင်း နိုင်ငံ၏ စုစုပေါင်းတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄.၂၉ ဘီလီယံ ရှိပြီး တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆.၂၈ ဘီလီယံဖြင့် ၂၀၂၄ ခုနှစ်ပထမနှစ်ဝက်နှင့် နှိုင်းယှဉ်ပါက ၁၆ ရာခိုင်နှုန်းနှင့် ၁၈ ရာခိုင်နှုန်းအသီးသီး မြင့်တက်ခဲ့ကြောင်း အကောက်ခွန်နှင့် အခွန်အထွေထွေဦးစီးဌာန၏အဆိုအရ သိရပါသည်။ ကမ္ဘောဒီးယား ၏ ထိပ်တန်း ကုန်သွယ်ဖက် ၅ နိုင်ငံမှာ တရုတ်၊ အမေရိကန်၊ ဗီယက်နမ်၊ ထိုင်းနှင့် ဂျပန်တို့ဖြစ်ကြောင်း သိရပါသည်။ နိုင်ငံ၏ အဓိကပို့ကုန်များမှာ အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းများ၊ ငှက်ပျောသီးများ၊ သီဟိုဠ်စေ့များ၊ သရက်သီးများ၊ စက်ဘီးများ၊ ရာဘာခြောက်များ၊ ဆန်နှင့် တောကြက်မောက်သီးတို့ ဖြစ်ကြောင်း သိရပါသည်။ အဓိကသွင်းကုန်များတွင် အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွားကုန် ပစ္စည်းများအတွက် ကုန်ကြမ်း ပစ္စည်းများ၊ ဓာတ်ဆီ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ကားများနှင့် မော်တော်ဆိုင်ကယ်များ၊ အီလတ်ထရောနစ်ထုတ်ကုန်များ၊ စားသုံးကုန်များ၊ ဆေးဝါးထုတ်ကုန်များနှင့် အလှကုန်ပစ္စည်း များပါဝင်ကြောင်း သိရပါသည်။ စီးပွားကူးသန်းဝန်ကြီးဌာန၏ အတွင်းရေးမှူး Penn Sovicheat က ဒေသတွင်းဘက်ပေါင်းစုံစီးပွားရေးမိတ်ဖက်သဘောတူညီချက်နှင့် ကမ္ဘောဒီးယား-တရုတ် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များသည် ရေရှည်စဉ်ဆက်မပြတ် ပို့ကုန် ကြီးထွားမှုအတွက် အရေးပါခဲ့ပြီး ယခုနှစ်တွင်လည်း ဆက်လက်မြင့်တက်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

Khmer Times                                                                            

DOCA (ရန်ကုန်)

                                     

၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင်စိုက်ပျိုးရေးထုတ်ကုန်တင်ပို့ရာမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၈၇ ဘီလီယံရရှိခဲ့သည့် ကမ္ဘောဒီးယား

     ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၏ ပထမ ၆ လတာကာလတွင် စိုက်ပျိုးရေး ထုတ်ကုန်များတင်ပို့ရာမှတစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၂.၈၇ ဘီလီယံရရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံစိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန(MAFF) အောက်ရှိ စိုက်ပျိုးရေးအထွေထွေဦးစီးဌာန၏ တင်ပြချက်အရ သိရပါသည်။ ထိုကာလတွင် ကမ္ဘောဒီးယား သည် စိုက်ပျိုးရေးထုတ်ကုန်တန်ချိန် ၇.၈ သန်းတင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမ ၆ လတာကာလနှင့် နှိုင်းယှဉ်ပါက ၂၇.၆၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ နိုင်ငံသည် ဆန်မဟုတ်သည့် စိုက်ပျိုးရေးထုတ်ကုန်တန်ချိန် ၄.၂ သန်းတင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁.၉၂၆ ဘီလီယံ၊ စပါးတန်ချိန် ၃.၁ သန်းကျော်တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၆၃၈ သန်းနှင့် ဆန်တန်ချိန် ၃၈၀၀၀၀ တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၃၀၇ သန်းရရှိခဲ့ကြောင်း သိရပါသည်။ အကြိမ် ၂၀ မြောက် National Fish Day တွင် ဝန်ကြီးချုပ် Hun Manet က တော်ဝင်အစိုးရသည် အစားအစာဖူလုံရေး၊ ပြည်သူလူထု၏လူမှုဘဝများတိုးတက်ရေးနှင့် စဉ်ဆက်မပြတ်စီးပွားရေး ကြီးထွားရေးတို့တက် ဦးစားပေးအနေဖြင့်ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း ပြောကြားခဲ့ပါ သည်။  MAFF ဝန်ကြီး Dith Tina ကလည်း ဝန်ကြီးဌာန၌ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ အားလုံးသည် Pentagonal Strategy Phase 1 ကို အကောင်အထည်ဖော်ရန်လုပ်ကိုင်လျှက် ရှိကြောင်း နှင့် ရေကြီးခြင်း၊ El Nino ရာသီဥတုနှင့် ပိုးမွှားကျရောက်မှုတို့ပါဝင်သည့် များစွာသော စိန်ခေါ်မှုများ ၂၀၂၄ ခုနှစ်တွင်ကြုံတွေ့ခဲ့သော်လည်း ကမ္ဘောဒီးယားနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍ သည် အောင်မြင်မှုရလဒ်များရရှိခဲ့ကြောင်းပြောကြားခဲ့ပါသည်။ နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် စုစုပေါင်းသီးနှံတန်ချိန် ၃၆ သန်းထုတ်လုပ်ခဲ့ပြီး ပြည်တွင်းအစားအစာအပြည့်အဝဖူလုံရုံ သာမက စိုက်ပျိုးရေးထုတ်ကုန်တန်ချိန် ၁၂ သန်းကို ပြည်ပသို့တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ခန့်မှန်း ၅.၃ ဘီလီယံရရှိခဲ့ကြောင်း သိရပါသည်။

Khmer Times                                                                            

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ်၏ ပထမ နှစ်ဝက်တွင် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၃၇၃ ခုကိုဆွဲဆောင်နိုင်ခဲ့သည့် ကမ္ဘောဒီးယား

     ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၃၇၃ ခုကို ဆွဲဆောင်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၉၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်း ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ကဇူလိုင်လ ၇ ရက်နေ့က ပြောကြားခဲ့ပါသည်။ ခွင့်ပြုခဲ့သည့် စာရင်းသေရင်းနှီးမြှုပ်နှံမှုစီမံကိန်းများမှာ အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံတန်ဖိုးရှိပြီး ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်နှင့်နှိုင်းယှဉ်ပါက ၈၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်း သိရပါသည်။ ထိုခွင့်ပြုခဲ့သည့်စီမံကိန်းများမှာ ပြည်တွင်းလူဦးရေ ၂၅၅၀၀၀ ကိုအလုပ် အကိုင်ဖန်တီးပေးနိုင်ကြောင်း သိရပါသည်။ စီမံကိန်းများတွင် ကုန်ထုတ်လုပ်သည့်စက်ရုံများ၊ ပြည့်ဖြိုးမြဲစွမ်းအင်၊ ခရီးသွားကဏ္ဍနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကဏ္ဍအစရှိသည့် အခြေခံ အဆောက်အအုံတို့ပါဝင်ကြောင်း သိရပါသည်။ စီမံကိန်း ၂၁၆ ခုမှာ အထူးစီးပွားရေးဇုန်များ၏ ပြင်ပတွင်ရှိပြီး ၁၅၇ ခုမှာ အထူးစီးပွား‌ရေးဇုန်များထဲတွင် တည်ရှိကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွင် ထိပ်ဆုံးမှရပ်တည်ခဲ့ပြီး စုစုပေါင်း ရင်းနှီး မြှုပ်နှံမှုအရင်းအမြစ်၏ ၅၆.၂၃ ရာခိုင်နှုန်းရှိကာ ၎င်း၏နောက်တွင် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများ၊ စင်ကာပူနှင့် ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများက ရပ်တည်နေကြောင်း သိရပါသည်။ CDC ၏ ဒုတိယ ဥက္ကဌ ၁ နှင့် နိုင်ငံ၏ဒုတိယဝန်ကြီးချုပ်ဖြစ်သူ Sun Chanthol က ကမ္ဘောဒီးယား၏လျှင်မြန်စွာ ကြီးထွားလာမှုသည် ငြိမ်းချမ်းခြင်း၊ နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်ခြင်း၊ ဥပဒေမူဘောင် အားကောင်းခြင်းနှင့် အလုံးစုံစီးပွားရေးတိုးချဲ့ခြင်းတို့ပေါင်းစပ်မှုကြောင့်ဖြစ်ကြောင်း၊ အွန်လိုင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပရိုဂရမ်သစ်သည်လည်း ရင်းနှီးမြှုပ်နှံသူများအတွက် အဆင်ပြေလွယ်ကူ စေကြောင်းနှင့် နိုင်ငံသည် ကုန်သွယ်ရေးနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအတွက် မူဝါဒများ တံခါးဖွင့်ထားရန် ကတိကဝတ်ပြုကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယား သည် စုစုပေါင်းမတည်ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ၆.၉ ဘီလီယံတန်ဖိုးရှိသော စာရင်းသေရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၄၁၄ ခုကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရပါသည်။

Khmer Times                                                                            

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားတွင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ကြေးရှိသော ဆိုလာစွမ်းအင် စီမံကိန်းအတွက် အာမခံချက်ပြုခဲ့သည့် တရုတ်ရင်းနှီးမြှုပ်နှံသူ

     တရုတ်ရင်းနှီးမြှုပ်နှံသူသည် ကမ္ဘောဒီးယားနိုင်ငံ Kampong Speu ပြည်နယ်တွင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ကြေးရှိသော အကြီးစားဆိုလာစွမ်းအင်စီမံကိန်း တည်ထောင်မည်ဟု ကြေညာခဲ့ပြီး နိုင်ငံ၏ပြည်ဖြိုးမြဲစွမ်းအင်ကဏ္ဍတိုးချဲ့ရန်အတွက် သိသာ ထင်ရှားသောခြေလှမ်းတစ်ရပ်ဖြစ်ခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံ Dongbaishan Holding Group Co., Ltd ၏ ဥက္ကဌ Si Juchen က Kampong Speu ပြည်နယ်အုပ်ချုပ်ရေးမှူး Cheam Chan Sophorn နှင့် ဇူလိုင်လ ၇ ရက်နေ့ကအစည်းအဝေးတွင်း ထိုကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ ဟတ်တာ ၆၀၀ အကျယ်အဝန်းရှိသည့် စီမံကိန်းကို ၂၀၂၅ ခုနှစ် ဇူလိုင် လလည်တွင် စတင်တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရပါသည်။ ၎င်းကို Dongbaishan Holding Group Co., Ltd၊ Cambodia Community Development Association China နှင့် SL Sunlight Green Energy Solar power Co., Ltd တို့ကြားပူးတွဲရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရ ပါသည်။ Si Juchen က တရုတ်နိုင်ငံတွင် နှစ် ၂၀ ကျော်သက်တမ်းရှိသည့် ၎င်း၏ကုမ္ပဏီသည် ကမ္ဘောဒီးယားအား အစိမ်းရောင်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုအတွက် ထွန်းသစ်စတည်နေရာအဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုဆိုလာစွမ်းအင်စက်ရုံစတင်လည်ပတ်ပါက အလုပ်အကိုင် ၁၅၀၀ မှ ၃၀၀၀ ကြားဖန်တီးပေးနိုင်ရန် မျှော်လင့်ရကြောင်း သိရပါသည်။ ပြည်နယ်အုပ်ချုပ်ရေး မှူး Cheam Chan က ၎င်းသည် ပြည်နယ်၏ပထမဆုံးပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းဖြစ်ကြောင်းနှင့် ကမ္ဘောဒီးယား၏စီးပွားရေးအလားအလာအပေါ် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ယုံကြည်ချက် ကြီးထွားလာမှုကို ရောင်ပြန်ဟပ်ကြောင်း သိရပါသည်။ ထို့ပြင် Chan က ပြည်နယ်အာဏာပိုင် များသည် နိုင်ငံ၏ ဥပဒေများနှင့် စည်းမျဉ်များနှင့်အတူ စီမံကိန်းလွယ်ကူချောမွေ့စေရေး အပြည့် အဝပံ့ပိုးပေးသွားမည်ဟု ပြောကြားခဲ့ပါသည်။ လတ်တလောတွင် ပြည်နယ်၌ စက်ရုံနှင့် လုပ်ငန်း ပေါင်း ၂၄၄၂ ခုရှိပြီး ၉၀ ရာခိုင်နှုန်းကျော်မှာ တရုတ်နိုင်ငံမှလာသောရင်းနှီးမြှုပ်နှံသူများ ဖြစ်ကြောင်း သိရပါသည်။ ထိုဆိုလာစွမ်းအင်စီမံကိန်းသည် ကမ္ဘောဒီးယား၏ စွမ်းအင်အရင်း အမြစ်ကွဲပြားရန်၊ အလုပ်အကိုင်ဖန်တီးပေးနိုင်ရန်နှင့် ပြည်နယ်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန် ကူညီပေးနိုင်ရန်မျှော်လင့်ရကြောင်း သိရပါသည်။

Khmer Times                                                                            

DOCA (ရန်ကုန်)

အမေရိကန်ဒေါ်လာ ၁၂၃ သန်းမတည်ငွေရှိသောရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၇ ခုကို ခွင့်ပြုခဲ့သည့် CDC

    ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) သည် စုစုပေါင်းမတည်ငွေ အမေရိကန်ဒေါ်လာ ၁၂၃ သန်းတန်ဖိုးရှိသော အရည်အသွေးပြည့်မီသည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၇ ခုကို ခွင့်ပြုပေးရန်ဆုံးဖြတ်ခဲ့ကြောင်း သိရပါသည်။ ထိုစီမံကိန်းများသည် ပျမ်းမျှအလုပ်အကိုင် ၂၀၀၀ ကိုဖန်တီးနိုင်ကြောင်း သိရပါသည်။ CDC ၏ ဇူလိုင်လ ၇ ရက်နေ့က သတင်းစာထုတ်ပြန် ချက်အရ  ကမ္ဘောဒီးယားနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ အတွင်းရေးမှူးချုပ် Chea Vuthy က ထိုစီမံကိန်း ၇ ခုကိုခွင့်ပြုရန်နှင့် ပြန်လည်ဆန်းစစ်ရန် one-stop အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ထိုစီမံကိန်းများတွင် ပရိဘောဂပစ္စည်းနှင့် အစိတ်အပိုင်းများထုတ်လုပ်ခြင်း၊ ပလတ် စတစ်နှင့် သတ္တုမီးဖိုချောင်သုံးပစ္စည်းထုတ်လုပ်ခြင်း၊ စက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ အိမ်သုံး ပစ္စည်းများနှင့် ရာဘာပြုပြင်ထုတ်လုပ်ခြင်း စသည့်စက်မှုကဏ္ဍများပါဝင်ကြောင်း သိရပါသည်။ ထို့အပြင် အခန်း ၂၂၇ ခန်းပါဝင်သည့် ကြယ် ၅ ပွင့်ဟိုတယ်တည်ဆောက်မည့် ခရီးသွားကဏ္ဍ စီမံကိန်း ၁ ခုပါဝင်ကြောင်း သိရပါသည်။ ထိုစီမံကိန်း ၇ ခုတို့မှာ Phonon Penh၊ Kampong Speu ပြည်နယ်၊ Takeo ပြည်နယ်နှင့် Tbong Khmum ပြည်နယ်တို့တွင် တည်ရှိမည်ဟု သိရပါ သည်။

Khmer Times                                                                            

DOCA (ရန်ကုန်)

လတ်ဆတ်သောဒူးရင်းသီးများတရုတ်နိုင်ငံသို့တင်ပို့ခွင့်ရရှိခဲ့သည့် ကမ္ဘောဒီးယားလုပ်ငန်း ၁၁၂ခု

     ဧပြီလတွင် ညှိနှိုင်းချက်မှတ်တမ်းလက်မှတ်ရေးထိုးခဲ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံသည် လတ်ဆတ်သောဒူးရင်းသီးများ တရုတ်ဈေးကွက်သို့တိုက်ရိုက်တင်ပို့မှုစတင်ရန် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေး (GACC) ၏ ခွင့်ပြုချက်တရားဝင်ရရှိခဲ့ကြောင်း သိရပါ သည်။ ထိုဆုံးဖြတ်ချက်ကို GACC က တရုတ်နိုင်ငံ၏ ကောင်းမွန်သောစိုက်ပျိုးမှုအလေ့အထ (GAP)၊ phytosanitary လိုအပ်ချက်များနှင့် အစားအစာလုံခြုံရေးစံနှုန်းများနှင့် ပြည့်မီသည့် ဒူးရင်းစိုက်ခင်း ၁၁၂ ခုနှင့် ထုတ်ပိုးသည့်လုပ်ငန်း ၃၀ တို့၏ မှတ်ပုံတင်ခြင်းကိုခွင့်ပြုပြီး‌နောက် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံစိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန (MAFF) က စိုက်ခင်းနှင့် ထုတ်ပိုးသည့်လုပ်ငန်းပိုင်ရှင်အားလုံးအား ညှိနှိုင်းချက်မှတ်တမ်း၏လိုအပ်ချက်များအား တင်းကျပ်စွာလိုက်နာရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးဌာနက လတ်ဆတ်သောဒူးရင်းသီးသည် ဆန်နှင့်ဆန်ကွဲ၊ ပီလောပီနံ ခြောက်၊ ငှက်ပျောသီးများ၊ သရက်သီးများ၊ တောကြက်မောက်သီးများ၊ ငရုတ်ကောင်းနှင့် အုန်းသီး တို့နောက် တရုတ်နိုင်ငံသို့တိုက်ရိုက်တင်ပို့ရန်အတွက် ခွင့်ပြုချက်ရသည့် ကမ္ဘောဒီးယား၏ ၉ ခု မြောက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ဖြစ်လာ‌ကြောင်း သိရပါသည်။ ထိုအောင်မြင်မှုသည် ကမ္ဘောဒီးယားနှင့် တရုတ်ကြား အားကောင်းပြီးထိရောက်သော ပူးပေါင်းဆောင်ရွက်မှုကို ရောင်ပြန်ဟပ်နေကြောင်း သိရပါသည်။ ဇွန်လတွင်လည်း တရုတ်ကုမ္ပဏီ ၂ ခုသည် ကမ္ဘောဒီးယားထံမှ ၂၀၂၅ မှ၂၀၂၆ ကြားတွင် ဒူးရင်းတန်ချိန် ၁၅၀၀၀ နှင့် ၂၀၂၅ မှ ၂၀၂၇ ကြားတွင် သရက်သီးခြောက်တန်ချိန် ၂၀၀၀၀ ဝယ်ယူရန် သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။

Khmer Times                                                                            

DOCA (ရန်ကုန်)

                            

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ