ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

တရုတ်နိုင်ငံ၏ဝယ်လိုအားကြောင့် ဗီယက်နမ်ကွမ်းသီးဈေးနှုန်းများ စံချိန်တင်မြင့်တက်

          ဗီယက်နမ်နိုင်ငံရှိ ကွမ်းသီးဈေးနှုန်းများသည် တရုတ်နိုင်ငံမှ ဝယ်လိုအားအားကောင်းခြင်းကြောင့် အမြင့်ဆုံးသို့ စံချိန်တင်မြင့်တက်ခဲ့သည်။ Quang Ngai ၊ Dak Lak ၊ Tay Ninh ၊ Tien Giang နှင့် Kien Giang ကဲ့သို့သော ပြည်နယ်များတွင် ကွမ်းသီးတစ်ကီလိုလျှင် VND ၈၀၀၀၀- VND ၈၅၀၀၀ဖြင့်ရောင်းချလျက်ရှိသည်။ Bas Ninh နှင့် Nam Dinh ကဲ့သို့သော မြောက်ပိုင်းဒေသများ တွင်ဈေးနှုန်းများအကန့်အသတ်ကြောင့် တစ်ကီလိုဂရမ်လျှင် VND ၉၀၀၀၀အထိရောက်ရှိခဲ့သည်။ တရုတ်နိုင်ငံသည် ကွမ်းသီးအဓိကစားသုံးသူဖြစ်ပြီး ဟိုင်နန်သည် နိုင်ငံကွမ်းသီးထွက်ရှိမှု၏ ၉၀ရာခိုင်နှုန်းကိုကိုယ်စားပြုပြီး ဝမ်နင်းကောင်ကတီက ထက်ဝက်ပိုပံ့ပိုးပေးသည်။ ၂၀၂၄ခုနှစ်၊ ဇွန်လတွင် ဝမ်နင်ရှိ ကွမ်းသီးပင်များ၏ ၈၀ရာခိုင်နှုန်းသည် အရွက်ဝါရောဂါကူးစက်ခံရပြီး ၂၀၁၄ခုနှစ်တွင် တန်ချိန်၂၂၀၀၀၀မှ ၂၀၂၄ခုနှစ်တွင် တန်ချိန်၄၀၀၀၀သို့ကျဆင်းသွားခဲ့သည်။ ဗီယက်နမ်ကွမ်းသီးများ တရုတ်တိုးမြင့်ဝယ်မှုနောက်ကွယ်မှ အဓိကအကြောင်းအရင်းမှာ ရိုးရာအစားအစာဖြစ်သော ကွမ်းသီးသကြားလုံးများထုတ်လုပ်မှုပင်ဖြစ်သည်။ The paper မှ ၂၀၂၀ စာရင်းဇယားများအရ တရုတ်နိုင်ငံတွင် ကွမ်းသီးနှင့်ဆက်စပ်သော ထုတ်ကုန်များရောင်းချမှုသည် နှစ်စဉ် ၂၀ရာခိုင်နှုန်းတိုးလာကြောင်းသိရသည်။ တရုတ်နိုင်ငံမှ ဝယ်လိုအားမြင့်မားမှုကြောင့် ဗီယက်နမ်နိုင်ငံရှိ ကွမ်းသီးဈေးသည် ၂၀၂၄ခုနှစ်တွင်မြင့်တက်လာခဲ့ပြီး အထူးသဖြင့် ကာလရှည်ကြာစိုက်ပျိုးနေသော ဒေသများတွင် တောင်သူများအတွက် သိသာထင်ရှားသောဝင်ငွေကိုရရှိစေသည်။ သို့သော်လည်း တရုတ်ဈေးကွက်အပေါ် အလွန်အမင်းမှီခိုအားထားမှုသည် အန္တရယ်မျာရှိနေသည်။ တရုတ်နိုင်ငံမှ ဝယ်လိုအားကျဆင်းခြင်း သို့မဟုတ် ဈေးကွက်မတည်ငြိမ်မှုများနှင့် ကြုံတွေ့လာပါက ကွမ်းသီးဈေးနှုန်းသိသိသာသာကျဆင်းနိုင်ပြီး စိုက်ပျိုးသူများအတွက် ဆုံးရှုံးမှုများဖြစ်ပေါ်စေနိုင်သည်။ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ဗီယက်နမ်လယ်သမားများသည် အရည်အသွေးစီမံခန့်ခွဲမှုအပေါ် အာရုံစိုက်ရန်လိုအပ်ပြီး ပို့ကုန်ဈေးကွက်များကွဲပြားစေရန်နှင့် ပြုပြင်ထားသောကွမ်းသီးထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ပေသည်။ အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှကိုချဲ့ထွင်ခြင်းနှင့် တန်ဖိုးထပ်တိုးလုပ်ဆောင်ခြင်းတို့ကိုမြှင့်တင်ခြင်းဖြင့် ကွမ်းသီးလုပ်ငန်းတွင် အန္တရာယ်များကိုလျှော့ချနိုင်ပြီး တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်းသိရပါသည်။

Source: Vietnamnews

DOCA(ရန်ကုန်)

၂၀၂၄ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံမှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများတင်သွင်းမှုမြင့်တက်ခဲ့

          ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ခုနှစ်၏ ကိုးလတာကာလအတွင်း တရုတ်နိုင်ငံမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များတင်သွင်းမှုမှာ ကန်ဒေါ်လာ ၆၉၇သန်းတန်ဖိုးရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၄% တိုးလာခဲ့သည်။ တင်သွင်းလာသော တရုတ်လယ်ယာထွက်ကုန်များကို ရိုးရာဈေးကွက်များတွင်သာရောင်းချခဲ့သော်လည်း ယခုအခါ ၎င်းတို့အား MM Mega နှင့် Co.opmart ကဲ့သို့သော အဓိကလက်လီအရောင်းဆိုင်များစုတွင် တွေ့ရှိနိုင်သည်။ အဓိကတင်သွင်းသောသီးနှံများမှာ ပန်းသီး၊ စပျစ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် အာလူးတို့ပါဝင်ပြီး တရုတ်နိုင်ငံမှတင်သွင်းခြင်းသည် ၁၀~၃၀% ဈေးသက်သာကြောင်းသိရသည်။ လက်လီရောင်းချသူ Farmer’s Market ၏ တွဲဖက်တည်ထောင်သူ Vo Thanh Loc က ကုမ္ပဏီသည် ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့မှထုတ်ကုန်များကို ရင်းမြစ်ရယူထားသော်လည်း မကြာသေးမီက ၎င်းတို့သည် ပုံစံကောင်းပြီး မျိုးကွဲများစွာရှိသည့် တရုတ်ထုတ်ကုန်များကို စာရင်းထဲသို့ ထည့်သွင်းထားကြောင်းပြောကြားခဲ့သည်။ HCMC ၏ Thu Duc စိုက်ပျိုးရေးဈေးကွက်သည် ယခုနှစ်အထိ တရုတ်နိုင်ငံမှတင်သွင်းသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတန်ချိန် ၈၈၄၀၀ကိုလက်ခံရရှိခဲ့သည်။ ဗီယက်နမ်သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များအသင်း၏ အထွေထွေအတွင်းရေးမှူး Dang Phuc Nguyen က တရုတ်နိုင်ငံသည် စိုက်ပျိုးရေးဒေသထိန်းချုပ်မှုနှင့် ထုပ်ပိုးမှုမှတစ်ဆင့် ၎င်းတို့အသီးအနှံများ၏ အရည်အသွေးကိုမြှင့်တင်နိုင်ခဲ့ကြောင်းပြောကြားခဲ့သည်။ တရုတ်နှင့် အာဆီယံနိုင်ငံများအကြား သယ်ယူပို့ဆောင်ရေးစရိတ်စကများလျှော့ချခြင်းနှင့် သွင်းကုန်အခွန်လုံးဝမပါသော သဘောတူညီချက်များကြောင့် တရုတ်ထုတ်ကုန်များသည် ဗီယက်နမ်တွင် အားသာချက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Source : Vhexpress 

DOCA(ရန်ကုန်)

 

တရုတ်နိုင်ငံ၏ ကျောက်မီးသွေးတင်သွင်းမှုသည် စက်တင်ဘာလတွင် စံချိန်တင်မြင့်တက်ခဲ့

         သုံးစွဲမှုတိုးလာခြင်းနှင့် နိုင်ငံတကာကျောက်မီးသွေးဈေးနှုန်းများကျဆင်းခြင်းတို့ကြောင့် စက်တင်ဘာလတွင် တရုတ်နိုင်ငံ၏ ကျောက်မီးသွေးတင်သွင်းမှုသည် မြင့်မားခဲ့သည်။ တရုတ်နိုင်ငံသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလတွင် ကျောက်မီးသွေးစုစုပေါင်း မက်ထရစ်တန်ချိန် ၄၇.၅၉ သန်းတင်သွင်းခဲ့ပြီး ၂၀၂၃ခုနှစ်၊ စက်တင်ဘာလထက် ၁၃% တိုးလာကြောင်း နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်ရေး၏ အချက်အလက်များအရသိရသည်။ မကြာသေးမီရက်သတ္တပတ်များအတွင်း တရုတ်နိုင်ငံ၌ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍသည် ကြီးထွားလာခဲံပြီး ဓာတုဗေဒကဏ္ဍမှ ကျောက်မီးသွေးဝယ်လိုအားမှာလည်း တိုးလာကြောင်း လေ့လာသုံးသပ်သူများက Reuter သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဝယ်လိုအားများလာခြင်းနှင့် နိုင်ငံတကာဈေးနှုန်းများကျဆင်းခြင်းတို့ကြားတွင် တရုတ်နိုင်ငံသည် ပြည်တွင်း၌တူးဖော်ရရှိသော ကျောက်မီးသွေးထက် နိုင်ငံခြားမှတင်သွင်းသော ကျောက်မီးသွေးမှာ ဈေးသက်သာသောကြောင့် စက်တင်ဘာလတွင် စံချိန်တင်တင်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ကျောက်မီးသွေးသုံး အပူပိုင်းရင်းမြစ်များမှ တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထွက်ရှိမှုသည် ဩဂုတ်လတွင် ၃.၇% တိုးလာကြောင်း Reuter ဆောင်းပါးရှင် Clyde Russell ၏ တရားဝင်တရုတ်အချက်အလက်များအရသိရသည်။ တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာပြန်လည်ပြည့်ဖြိုးမြဲ ရင်းနှီးမြှုပ်နှံမှုများနှင့် တပ်ဆင်မှုများတွင် ဦးဆောင်နေပြီး နေရောင်ခြည်သုံးစက်ကိရိယာများ၊ လီသီယမ်ပြုပြင်ခြင်းနှင့် အခြားအရေးကြီးသော သတ္တုများတူးဖော်ခြင်းနှင့် ပြုပြင်ခြင်းအပါအဝင် သန့်ရှင်းသောစွမ်းအင်ထောက်ပံ့ရေးကွင်းဆက်များတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ တရုတ်နိုင်ငံသည် လျှပ်စစ်ဓာတ်အားလိုအပ်ချက်တိုးလာသည်နှင့်အမျှ အမြင့်ဆုံးဝယ်လိုအားကာလများတွင် စွမ်းအင်လုံခြုံရေးနှင့် တည်ငြိမ်သောလျှပ်စစ်ဓာတ်အားရရှိရေးတို့ကို သေချာစေရန်အတွက် ၎င်း၏ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကို ဆက်လက်တိုးချဲ့လျက်ရှိကြောင်းသိရပါသည်။

Source : oilprice

DOCA(ရန်ကုန်)

ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှု စံချိန်တင်မြင့်တက်ခဲ့

         သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုသည် စက်တင်ဘာလတွင် ကန်ဒေါ်လာ ၉၁၇သန်းဖိုးရှိပြီး တစ်လတာအတွင်း အမြင့်ဆုံးဖြစ်ကာ တစ်နှစ်ထက်တစ်နှစ် ၃၈% မြင့်တက်လာခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံသို့တင်ပို့မှုမှ ကန်ဒေါ်လာသန်း ၇၀၀ရရှိခဲ့ပြီး အဓိကတင်ပို့သည့်ပစ္စည်းများမှာ ငှက်ပျောသီး၊ နဂါးမောက်သီးနှင့် ဖရဲသီးတို့ဖြစ်သည်။ လက်ရှိအချိန်ထိ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံနီးပါးရှိပြီး ယမန်နှစ် အလားတူကာလထက် ၃၄% တိုးမြင့်လာခဲ့သည်။ တရုတ်နိုင်ငံသည် တင်သွင်းမှု ၃၈% မြင့်တက်ခဲ့ပြီး ထိပ်တန်းဈေးကွက်အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ ထိုင်းနိုင်ငံသည် ဒေါ်လာ ၂၀၂သန်းဖြင့် နောက်မှလိုက်ကာ ယခင်နှစ်ထက် ၈၇% အထိမြင့်တက်ခဲ့သည်။ ဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်းအထွေထွေအတွင်းရေးမှူး Dang Phuc Nguyen က ဒူးရင်းတင်ပို့မှုသည် ၎င်း၏ပင်မရာသီဖြစ်သည့် အောက်တိုဘာလတွင် ထပ်မံတိုးလာမည်ဟု မျှော်လင့်ထားကြောင်းပြောကြားခဲ့သည်။ ဆောင်းရာသီနီးလာချိန်တွင် နိုင်ငံအများအပြား ရိတ်သိမ်းမှုနှင့်ပတ်သက်၍ အခက်အခဲများကြုံတွေ့နေရသော်လည်း ဗီယက်နမ်၏ ရိတ်သိမ်းမှုအများစုမှ ထိခိုက်မှုမရှိသောကြောင့် အခြားသစ်သီးများတင်ပို့မှုမှာလည်း တိုးလာမည်ဖြစ်သည်။ တရုတ်နိုင်ငံနှင့် ကုန်းလမ်း၊ ရေကြောင်းနှင့် ရထားလမ်းချိတ်ဆက်မှုများသည် ကုန်ကျစရိတ်နှင့် ပို့ဆောင်ချိန်ကိုလျှော့ချရန် ကူညီပေးကြောင်းသိရသည်။ လက်ရှိတိုးတက်မှုနှုန်းနှင့် တရုတ်နိုင်ငံမှ ဝယ်လိုအားတိုးလာခြင်းကြောင့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုသည် ယခုနှစ်တွင် ဒေါ်လာ ၇ဘီလီယံနှင့် ၂၀၃၀ခုနှစ်တွင် ဒေါ်လာ ၁၀ဘီလီယံထိအားကောင်းနေမည်ဟု ခန့်မှန်းထားသည်။ ဩဂုတ်လတွင် ဗီယက်နမ်သည် အအေးခံထားသောဒူးရင်းသီးနှင့် အုန်းသီးများကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ပြုသည့် သဘောတူညီချက်တစ်ရပ်ကိုလက်မှတ်ရေးထိုးခဲ့ပြီး လယ်ယာထွက်ကုန် တင်ပို့မှုကိုတိုးမြှင့်ရန်ကြိုးပမ်းခဲ့သည်။

Source : vnexpress 

DOCA(ရန်ကုန်)

အမေရိကန်အစိုးရသည် အာကာသနည်းပညာဆိုင်ရာ ပို့ကုန်ထိန်းချုပ်မှုများကို ဖြေလျှော့ပေး

          အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနသည် အချိန်အတော်ကြာ စောင့်မျှော်ခဲ့ရသော ကမ္ဘာလုံးဆိုင်ရာအာကာသလုပ်ငန်းတွင် အမေရိကန်၏ယှဉ်ပြိုင်နိုင်စွမ်းကို အားကောင်းလာစေရန်အတွက်ရည်ရွယ်သည့် လှုပ်ရှားမှုတစ်ခုဖြစ်သည့် အာကာသနည်းပညာများအတွက် ပို့ကုန်ထိန်းချုပ်မှုစည်းမျဉ်းများအပြောင်းအလဲကိုကြေညာခဲ့သည်။ စည်းမျဉ်းသစ်များသည် UK ၊ Canada နှင့် Australia အပါအဝင် မဟာမိတ်များထံသို့ ဂြိုလ်တုများ၊ လွှတ်တင်ယာဉ်များနှင့် အခြားသော အာကာသဆိုင်ရာနည်းပညာများကိုရောင်းချရန် အမေရိကန်ကုမ္ပဏီများအတွက် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။ အပြောင်းအလဲများသည် အာကာသနည်းပညာအများအပြားကို လက်နက်များထက် စီးပွားဖြစ်ပစ္စည်းများအဖြစ် ပြန်လည်အမျိုးအစားခွဲမည်ဖြစ်ပြီး အလွန်တင်းကြပ်သော နိုင်ငံတကာလက်နက်စည်းမျဉ်း(ITAR) အရထိန်းချုပ်ထားသည့် Us Munitions List မှ စီးပွားဖြစ်ဂြိုလ်တုများကိုဖယ်ရှားကာ ၎င်းတို့ကို ပိုမိုပျော့ပြောင်းသော ကူးသန်းရောင်းဝယ်ရေးထိန်းချုပ်မှုစာရင်းအောက်တွင် ထားရှိမည်ဖြစ်သည်။ ITAR သည် အမျိုးသားလုံခြုံရေးစိုးရိမ်မှုများကြောင့် အာကာသနှင့်ပတ်သက်သည့် ကာကွယ်ရေးဆိုင်ရာနည်းပညာများတင်ပို့မှုကို ကာလရှည်ကြာ အုပ်စိုးခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲထားသော ITAR စည်းမျဉ်းများသည် ဂြိုလ်တုများနှင့် အာကာသယာဉ်ကဲ့သို့သော ဖြစ်နိုင်ချေရှိသော စစ်ရေးသုံး အာကာသစနစ်များအပါအဝင် ကာကွယ်ရေးဆိုင်ရာပို့ကုန်များအတွက် ကျယ်ပြန့်သောလိုင်စင်လုပ်ငန်းများလိုအပ်သည်။ ယင်းသည် အမေရိကန်အာကာသလုပ်ငန်း၏ နိုင်ငံခြားဈေးကွက်သို့ဝင်ရောက်ရန်နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများတွင်ပါဝင်ရန် မကြာခဏ အဟန့်အတားဖြစ်စေသည်ဟု ကုမ္ပဏီများကဆိုသည်။ ITAR နှင့်မတူဘဲ ကုန်သွယ်ရေးထိန်းချုပ်မှုစာရင်းအောက်ရှိ ပစ္စည်းများသည် နည်းပညာ၏အဆုံးသတ်အသုံးပြုမှုနှင့် လက်ခံရရှိသည့် နိုင်ငံအပေါ်အခြေခံ၍ လိုင်စင်ချပေးသည့် ဆုံးဖြတ်ချက်များနှင့်အတူ ပိုမိုသပ်ရပ်သော ပြန်လည်သုံးသပ်မှုလုပ်ငန်းစဉ်ကိုလုပ်ဆောင်သည်။ ဤပိုမိုပြောင်းလွယ်ပြင်လွယ်သော ချဉ်းကပ်မှုသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ပိုမိုလွယ်ကူချောမွေ့စေပြီး အမေရိကန်ကုမ္ပဏီများ အထူးသဖြင့် ဥရောပနှင့် အာရှတို့တွင် ဈေးကွက်အသစ်များဝင်ရောက်နိုင်စေမည်ဖြစ်သည်။

Source : Spacenews

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ထိုင်းအမျိုးသားလွှတ်တော်ပြောရေးဆိုခွင့်ရှိသူတို့ တွေ့ဆုံမှု

        ကမ္ဘောဒီးယားနိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Khuon Sudary သည် ထိုင်းနိုင်ငံအမျိုးသားလွှတ်တော်ပြောရေးဆိုခွင့်ရှိသူ Wunmuhamadnoor Matha နှင့် ၄၅ကြိမ်မြောက် အာဆီယံပါလီမန်များအထွေထွေညီလာခံတွင်တွေ့ဆုံခဲ့ကြသည်။ ဇူလိုင်လတွင် Khuon Sudary ၏ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးထားခဲ့သည့် နားလည်မှုစာချွန်လွှာကို လက်တွေ့အကောင်အထည်ဖော်ရန်ပြောကြားခဲ့သည်။ ခရီးစဉ်တွင် ထိပ်တန်းဥပဒေ လွှတ်တော်အမတ်များသည် နှစ်နိုင်ငံပြသည်သူများအကြား အပြန်အလှန်ဖလှယ်မှုအပါအဝင် နှစ်နိုင်ငံအကြား ခိုင်မာသောဆက်ဆံရေးကိုတန်ဖိုးထားရန်‌ သဘောတူခဲ့ကြသည်။ အဆိုပါတွေ့ဆုံမှုသည် နှစ်နိုင်ငံအတွက်သာမက ဒေသတွင်းနှင့် ကမ္ဘာအတွက်ပါ ငြိမ်းချမ်ရေး၊ သာယာဝပြောရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် အပြုသဘောဆောင်သော ခြေလှမ်းတစ်ခုဖြစ်ခဲ့ သည်။ Khuon Sudary သည် ထိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် ဆီးနိတ်ဥက္ကဋ္ဌ ဟွန်ဆန်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့အား နှုတ်ဆက်စကားပြောကြားခဲ့သည်။ သူမက ကမ္ဘောဒီးယားတွင် ထိုင်းခရီးသွားများနှင့် ကုမ္ပဏီများလာရောက်ရင်းနှီးမြှုပ်နှံရန် ထိုင်းအမျိုးသားလွှတ်တော်ဥက္ကဋ္ဌကိုတောင်းဆိုခဲ့သည်။ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုလွယ်ကူစေရန် နယ်စပ်တစ်လျှောက် အထူးစီးပွားရေးဇုန်များထူထောင်ရန် အစိုးရမှစီစဉ်နေပြီး ကမ္ဘောဒီးယားနှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၅ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၅ဘီလီယံအထိရောက်ရှိရန် မျှော်မှန်းထားကြောင်းနှင့်  ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၂၀၃၀ခုနှစ်တွင် ဝင်ငွေမြင့်မားလာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံကြားတွင် ဇူလိုင်လတွင်ချုပ်ဆိုခဲ့သော နားလည်မှုစာချွန်လွှာကို အကောင်အထည်ဖော်ခြင်းဖြင့် ကမ္ဘောဒီးယား နှင့်ထိုင်းနိုင်ငံကြား  နယ်စပ်ဖြတ်ကျော်ချိတ်ဆက်မှုတို့ကို ပိုမိုအားကောင်းလာစေမည်ဟုပြောကြားခဲ့သည်။

Source : Khmer Time

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅၂ဘီလီယံကျော်တိုးမြင့်

         ၂၀၂၃ခုနှစ်၊ ဩဂုတ်လမှ ၂၀၂၄ခုနှစ်၊ ဇူလိုင်လအထိ ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံပေါင်း ၁၇၀နှင့် နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး ၅၂ဘီလီယံကျော်တိုးမြင့်လာကြောင်း Pheaktra ကပြောကြားခဲ့သည်။ ကမ္ဘောဒီးယားဖိနပ်အသင်း (CFA) နှစ်ပတ်လည်ညစာစားပွဲကို စနေနေ့တွင်ကျင်းပပြုလုပ်ခဲ့ရာ Pheaktra က အောက်ခြေနိုင်ငံသားများအတွက်  အလုပ်ကိုင်အခွင်အလမ်းများဖန်တီးပေးနိုင်ကာ နိုင်ငံတော်၏စီးပွားရေးကိုမြှင့်တင်ရာတွင် CFA နှင့် အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ အခမ်းအနားတွင် Pheaktra သည် ဝန်ကြီးချုပ်‌ဟောင်း ဟွန်ဆန်၊ လက်ရှိဝန်ကြီးချုပ် ဟွန်မာနက်၏ လွန်ခဲ့သောဆယ်စုနှစ်နှစ်ခုအတွင်း ကဏ္ဍစုံငြိမ်းချမ်းရေး၊ စီးပွားရေးတိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက်ထိန်းသိမ်းသွားရန်ပြောကြားခဲ့သည်။  ကမ္ဘောဒီးယားနိုင်ငံ၏စီးပွားရေးသည် ၂၀၂၃ခုနှစ်တွင် ၅ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယခုနှစ်ကုန်တွင် ၆ရာခိုင်နှုန်းတိုးတက်လာရန် အမျှော်မှန်းထားကြောင်းပြောကြားခဲ့သည်။ ယခုတိုးတက်မှုကို စိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်းကဏ္ဍတို့မှ အဓိကပံ့ပိုးပေးထားကြောင်း ဆက်လက်ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

ဗီယက်နမ်နိုင်ငံ၏ ကိုးလတာအတွင်း ပုစွန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံအထိရရှိ

         ဗီယက်နမ်နိုင်ငံ၏ ပုစွန်တင်ပို့မှုသည် ယခုနှစ် ပထမကိုးလအတွင်း အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံနီးပါးရှိမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။ ဗီယက်နမ်ရေထွက်ကုန်များအနက် ပုစွန်သည် တင်ပို့မှုအများဆုံးဖြစ်ကြောင်းသိရသည်။ ဗီယက်နမ်ပင်လယ်စာတင်ပို့ရောင်းချသူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) ၏ အဆိုအရသိရသည်။ အဆိုပါကိန်းဂဏန်းသည် ၂၀၂၃ခုနှစ်၏ ကိုးလတာကာလအတွင်း ပုစွန်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ၁၀.၅% တိုးလာကြောင်းသိရသည်။ အေးခဲပုစွန်တင်ပို့မှုသည် အီကွေဒေါနှင့် အိန္ဒိယတို့မှ ပြိုင်ဆိုင်မှုများနှင့်ရင်ဆိုင်နေရသော်လည်း ခိုင်မာသောဈေးကွက်အနေအထားတွင်ရှိနေသည်။ ပြည်ပသို့ ပြုပြင်ထုပ်ပိုးထားသော ပုစွန်တင်ပို့မှုမှာ ၁၀% နီးပါးတိုးလာပြီး အေးခဲထားသော ပုစွန်တင်ပို့မှုမှာ ၄.၅% မြင့်တက်လာခဲ့ကြောင်းသိရသည်။ အဓိကဈေးကွက်များစွာသို့ တင်ပို့ရောင်းချမှုများသည်လည်း ရလဒ်ကောင်းများရရှိခဲ့သည်။ စက်တင်ဘာလ ၁၅ရက်အထိ အမေရိကန်သို့ ပုစွန်တင်ပို့မှုသည် ကန်ဒေါ်လာ ၅၁၆သန်း၊ ဥရောပသို့ ကန်ဒေါ်လာ ၃၃၇သန်း၊ တရုတ်နှင့် ဟောင်ကောင်သို့ ကန်ဒေါ်လာ ၅၂၉သန်းဖြင့် တစ်နှစ်ထက်တစ်နှစ် ၈%၊ ၁၅% နှင့် ၂၆% တို့ အသီးသီးတိုးတက်ခဲ့ကြောင်းသိရသည်။ ဗီယက်နမ်နိုင်ငံ၏ ပုစွန်တင်ပို့မှုသည် ၂၀၂၄ခုနှစ်တွင် ကန်ဒေါ်လာ ၄ဘီလီယံအထိရှိလာမည်ဟု ခန့်မှန်းထားကြောင်းသိရပါသည်။

Source : Vietnamplus

DOCA(ရန်ကုန်)

၂၀၂၄ခုနှစ်၏ ပထမ ၉လတာကာလတွင် ဆန်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃၃၅သန်းရရှိခဲ့သည့် ကမ္ဘောဒီးယား

          ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ခုနှစ်၏ ပထမ ၉လတာကာလတွင် ဆန်တန်ချိန် ၄၄၅၉၁၃တန်တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၃၅သန်းရရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းချုပ် (CRF) က ၁၄-၁၀-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ တင်ပို့ခဲ့သည့်ဆန်များတွင် ပရီမီယမ်ဆန်မွှေး၊ ရနံ့သင်းသောဆန်၊ ဆန်ဖြူ၊ ပေါင်းဆန်နှင့် အော်ဂဲနစ်ဆန်တို့ပါဝင်ကြောင်းသိရပါသည်။ ကမ္ဘောဒီးယားသည် ထို ၉လတာကာလတွင် ဆန်များကို နိုင်ငံများနှင့် ဒေသ ၆၅ခုကိုတင်ပို့ခဲ့ကြောင်းသိရပါသည်။ တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၅၆သန်းတန်ကြေးရှိသည့် ဆန်တန်ချိန် ၈၁၄၂၃တန်ကို ကမ္ဘောဒီးယားထံမှဝယ်ယူခဲ့ပြီး ထိပ်ဆုံးက တင်သွင်းသူအဖြစ် ရပ်တည်နေကြောင်းသိရပါသည်။ ထို့ပြင် ဥရောပသမဂ္ဂနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၁၈၆သန်းတန်ဖိုးရှိသည့် ဆန်တန်ချိန် ၂၂၈၇၃၁တန်တင်ပို့ခဲ့ပြီး အာဆီယံသို့ အမေရိကန်ဒေါ်လာ ၅၂သန်းတန်ဖိုးရှိသည့် ဆန်တန်ချိန် ၈၆၀၄၃တန်တင်ပို့ခဲ့ကြောင်း သိရပါသည်။ ထုတ်လုပ်မှုနှင့် သိုလှောင်နိုင်စွမ်းမြင့်တက်လာခြင်းနှင့် ဆန်အရည်အသွေးစံနှုန်းမြှင့်တင်နိုင်ခဲ့ခြင်းကြောင့် ကမ္ဘောဒီးယားဆန် နိုင်ငံတကာဈေးကွက်များသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း CRF ၏ ဥက္ကဋ္ဌဖြစ်သူ Chan Sokheang က ပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းချုပ်သည် ၂၀၂၅ခုနှစ်တွင် အနည်းဆုံး ဆန်တန်ချိန် ၁သန်းတင်ပို့ရန် ရည်မှန်းထားကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် စပါးစိုက်ခင်း ဟတ်တာ ၃.၅၄သန်းရှိပြီး နှစ်စဉ် စပါး ၁၂.၄၉ သန်းပုံမှန်ထုတ်လုပ်နိုင်ကြောင်းသိရပါသည်။ နိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်သူ Hun Manet ကလည်း လာအိုတွင်ကျင်းပခဲ့သည့် အာဆီယံညီလာခံတွင် ဆန်ကုန်သွယ်မှုနှင့်ပတ်သတ်၍ ဖိလစ်ပိုင်အပါအဝင် ပြည်ပခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံဆွေးနွေးပွဲလုပ်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။

Source : Khmer Times

DOCA(ရန်ကုန်)

ဗီယက်နမ်နိုင်ငံသည် 5G အင်တာနက်ဝန်ဆောင်မှုကိုရရှိစေရန် ပင်လယ်ရေအောက်ကေဘယ်နှစ်ခုအား ဖြန့်ကျတ်ရန်ရည်မှန်းထားကြောင်းသိရှိရ

ဗီယက်နမ်အစိုးရသည် ရေအောက်အင်တာနက်ကေဘယ်ကြိုးအသစ်နှစ်ခုကိုတပ်ဆင်ပြီး လာမည့်နှစ်တွင် နိုင်ငံအနှံ့ 5G မိုဘိုင်းလ်ဝန်ဆောင်မှုများဖြင့် ဖြန့်ကျတ်ထားရန် ရည်ရွယ်ထားကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
အဆိုပါလှုပ်ရှားမှုသည် ဒုတိယဝန်ကြီးချုပ် Nguyen Hoa Binh က ဗုဒ္ဓဟူးနေ့တွင်ရေးထိုးခဲ့သည့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
ဒေသတွင်းကုန်ထုတ်လုပ်မှုအချက်အချာဖြစ်သည့် ဗီယက်နမ်သည် မကြာသေးမီနှစ်များအတွင်း ၎င်း၏အဓိကတည်ရှိနေသော ကေဘယ်ကြိုးငါးခု၏ ပြတ်တောက်မှုကို မကြာသေးမီနှစ်များအတွင်း အစီရင်ခံတင်ပြခဲ့သည်။ လုံခြုံရေးစိုးရိမ်မှုများကြောင့် ပင်လယ်ရေးအောက်ကေဘယ်ကြိုးများအသစ်တည်ဆောက်ခြင်းကိုရှောင်ရှားရန် အမေရိကန်သည် တရုတ်ကန်ထရိုက်တာများအား ပြီးခဲ့သည့်လတွင် တိုက်တွန်းခဲ့ကြောင်း သတင်းရင်းမြစ်များကပြောကြားခဲ့သည်။
၂၀၃၀ခုနှစ်တွင် ဗီယက်နမ်လူဦးရေအားလုံးသည် 1 Gbps အမြန်နှုန်းရှိသော fiber-optic ကေဘယ်လ်အင်တာနက်ဝန်ဆောင်မှုကို သုံးစွဲနိုင်မည်ဖြစ်ကြောင်း အစိုးရကပြောကြားခဲ့ပြီး 6G မိုဘိုင်းဖုန်းလိုင်းများသည် 5G ကို နှစ်အတော်ကြာစမ်းသပ်နေသော်လည်း မိုဘိုင်းလ်ဝန်ဆောင်မှုကို ကြီးမားသောအတိုင်းအတာဖြင့် စီးပွားဖြစ်မရရှိနိုင်သေးကြောင်းသိရှိရပါသည်။
Source: CNA
DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ
a