HighLight News

Powered by Drupal

တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူးခရိုင်အတွင်း စားအုန်းဆီဈေးနှုန်းအား ကွင်းဆင်းစုံစမ်းစစ်ဆေးခြင်း

(၁၀-၁၀-၂၀၂၄)ရက်နေ့တွင် မြို့မဈေးအတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော စားအုန်းဆီဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/ မရှိ၊ စားသုံးသူပြည်သူများမြင်သာအောင် သတ်မှတ်ရည်ညွှန်းဈေးကို ဗီနိုင်းဖြင့် ချိတ်ဆွဲထားခြင်းရှိ/ မရှိကိုစစ်ဆေးပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချရန်၊ ထုတ်ပြန်ထားသည့်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများကိုတွေ့ရှိရပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီအရောင်းဆိုင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။ DOCA(ရန်ကုန်)

အင်းစိန်ခရိုင်အတွင်း စားအုန်းဆီဈေးနှုန်းအား ကွင်းဆင်းစုံစမ်းစစ်ဆေးခြင်း

စားအုန်းဆီလက်ကျန်ထားရှိမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

(၉-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၆:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် စားအုန်းဆီကိုယ်စားလှယ်များထံတွင် ဆီလက်ကျန်ထားရှိမှုရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ရာတွင် အမှတ်(၂/၃)၊ သံမဏီစက်ရုံလမ်း၊ ရွာမအလယ်ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ စားအုန်းဆီကိုယ်စားလှယ်ထံတွင် ဆီလက်ကျန်ရှိ/ မရှိအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ ခွဲဝေပေးမှုစာရင်းများအားစစ်ဆေးခြင်း၊ ဆီလက်ကျန်ထားရှိမှုကိုစစ်ဆေးခြင်းနှင့် ဆီလက်ကျန်ထားရှိပါက တရားဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားအုန်းဆီကိုယ်စားလှယ်အား သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်၍ ရောင်းချမှုမရှိစေရေးနှင့် ဌာနဆိုင်ရာများအနေဖြင့်လည်း ရှောင်တခင်စစ်ဆေးသွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။ DOCA(ရန်ကုန်)

လက်လီ/လက်ကားရောင်းချနေသောဆေးဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဆေးပစ္စည်းများပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

ကုန်စုံဆိုင်၊ စတိုးဆိုင်များ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟဲဟိုးမြို့သို့ စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို လုပ်ငန်းတွင် အမှန်တကယ်အသုံးပြုမှုရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

မုန့်မျိုးစုံလုပ်ငန်းများအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

Pages

Subscribe to RSS - HighLight News