HighLight News

Powered by Drupal

ကန့်ဘလူမြို့နယ်၊ လိတ္ထူကျေးရွာ အ.လ.က ကျောင်း၌ စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်

ကန့်ဘလူမြို့နယ်တွင် သောက်ရေသန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ်ရှိ “KKH” စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆေးဝါးများအား မီးရှို့ဖျက်စီး

၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ပူးပေါင်းဌာနများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဝင်များနှင့် သိမ်းဆည်းထားသည့် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသော တရားမဝင်ဆေးဝါးများနှင့် သောက်သုံးရန်မသင့်ဆေးဝါးများအား မြိတ်မြို့၊ ကန်ခေါင်းရပ်ရှိ မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ပရဝုဏ်အတွင်း၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။ ထိုသို့မီးရှို့ဖျက်ဆီးရာတွင် ပိုးသတ်ဆေး၊ အာရုံကြောဆေး၊ နှလုံးဆေးနှင့် ထိုးဆေးမျိုးစုံ စသည်တို့ပါဝင်ပြီး ဆေးဝါး(၁၂)မျိုးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(တနင်္သာရီ)

အိမ်သုံးဆေးဝါးအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြိတ်ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၁) ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် မြိတ်မြို့ပေါ်ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များသို့သွားရောက်၍ စျေးကွက်တွင်ဖြစ်ပေါ်နေသော အခြေအနေများနှင့် ဆေးပြတ်လပ်မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စျေးနှုန်းစျေးကွက်အခြေအနေများ၊ ဆေးဝါးပြတ်လပ်မှုရှိ/ မရှိနှင့် ဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး သောက်သုံးရန်မသင့်သော ဆေးဝါးများရောင်းချမှုမရှိစေရေးနှင့် သက်တမ်းလွန်ဆေးဝါးများအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။ DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ ဆန်နှင့်ဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် မြိတ်မြို့ပေါ်ရှိ ဆန်ဆိုင်နှင့် ဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။ မြိတ်မြို့ပေါ်ရှိဆန်နှင့် ဆီအ‌ရောင်းဆိုင်များကို မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးရာတွင် စျေးနှုန်းများတည်ငြိမ်လျက်ရှိပြီး သတ်မှတ်ရည်ညွှန်းစျေးအတွင်း ရောင်းချရန်နှင့် စျေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားရှိမှုမဖြစ်စေရေး၊ အလေးချိန်မှန်ကန်စွာရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(တနင်္သာရီ)

Pages

Subscribe to RSS - HighLight News