HighLight News

Powered by Drupal

မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၏(၈/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉)ဖြင့် အတည်ပြုပြဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်တိုင်ကြားလာပါကဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းအရေးယူဆောင်ရွက် လျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင်(၂၉-၉-၂၀၂၅)ရက်နေ့  နေ့လယ်(၁၃:၀၀)နာရီအချိန်၌ မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ ဥက္ကဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်စုစုပေါင်း(၉)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

          မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ ဥက္ကဌ ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး စားသုံးသူရေးရာဌာနခွဲတာဝန်ခံအရာရှိ ဒေါ်မေသက်ထွန်းမှစားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များကိုအမှာစာ ဖြင့်ရှင်းလင်းတင်ပြခြင်း၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံအရာရှိ ဦးမျိုးထွန်းမှထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကိုအမှာစာဖြင့် ရှင်းလင်းတင်ပြခြင်း၊ မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအတွင်းရေးမှူးစားသုံးသူ ရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက စားသုံးသူတိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများကိုအမှာစာဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့ကြသည့် ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင် မြင်းခြံခရိုင်တို့မှ ခရိုင်ဦးစီးမှူးများမှလည်း လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ အဖွဲ့ဝင်များမှ ဝိုင်းဝန်ဆွေးနွေး ခဲ့ကြပြီး ဥက္ကဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား နေ့လယ်(၁၄:၁၅)နာရီအချိန်တွင် ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့ရှိ ဦးသိန်း-ဒေါ်တင်ဝိုင်းဆန်ဆိုင်၌ သင့်တင့်မျှတသောဈေးနှုန်းများဖြင့်ဆန်များရောင်းချမှုရှိ/ မရှိကွင်းဆင်းခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ‌မြင်းခြံခရိုင်ရုံးမှဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး (ဦးစီးအရာရှိ)  ဦးဆောင်၍ ၄၅ လမ်းပေါ်ရှိ ဆန်လက်လီလက်ကားရောင်းချသော ဦးသိန်း-ဒေါ်တင်ဝိုင်း ဆန် အရောင်းဆိုင်သို့ ၂၆.၉.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 

           ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ရာ၌ ဦးသိန်း+ဒေါ်တင်ဝိုင်း ဆန်လက်လီ/ လက်ကားအရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄) ပြည် တစ်အိတ်လျှင် (၁၅၀၀၀၀) ကျပ်၊ ဧရာပဒေသာ(၂၄)ပြည်တစ်အိတ်လျှင် (၁၂၅၀၀၀) ကျပ်၊ ၇၄၇ဆန် (၂၄) ပြည်တစ်အိတ် လျှင်(၈၀၀၀၀)ကျပ်၊ ရက်(၉၀)ဆန် (၂၄)ပြည်တစ်အိတ်လျှင် (၈၀၀၀၀) ကျပ်နှင့် မနောသုခဆန် (၂၄)ပြည်တစ်အိတ်လျှင်(၇၉၀၀၀) ကျပ် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ‌ ဦးသိန်း+ဒေါ်တင်ဝိုင်း ဆန်ဆိုင်ပိုင်ရှင်အား ဈေးကွက်အတွင်း ဆန်များပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များမပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံ မှတ်ပုံတင်သက်တမ်းပြည့်ပါက MyRO တွင်ဆက်လက်မှတ်ပုံ တင်သက်တမ်းတိုးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

         စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စိတ်ကျေနပ်မှုရရှိစေရေး၊ အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ သုံးစွဲနိုင်စေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ လျော့နည်းပပျောက်သွားစေရေးတို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင် ဦးစီးမှူးရုံးမှ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ) ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန စသည့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍(၂၂.၉.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ညောင်ဦးမြို့ရှိ ဈေးကွက်များအတွင်းတွင်  Dumex Dupro အမှတ်တံဆိပ်အတုများ ရောင်းချမှုရှိ/မရှိအား ကွင်းဆင်း စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရောင်းချခြင်းများမရှိကြောင်း စိစစ်တွေ့ရှိရပြီး ဆိုင်ရှင်များအား ကုန်စည် အတုအပများ၊ ဥပဒေပါပြဌာန်ချက်များနှင့် ကိုက်ညီမှုမရှိသော ကုန်စည်များ၊ တရားမဝင်ကုန်စည်များအား ရောင်းချမှုမပြုရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့ရှိ ထူးပြည့်အာလူးကြော်လုပ်ငန်းမှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လာရောက်တွေ့ဆုံ

          စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး၊ သတ်မှတ်ချက်များနှင့် အညီထုတ်လုပ်စေနိုင်ရေးတို့အတွက် အသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်ခြင်းများဆောင်ရွက်လျက်ရှိရာ (၂၄.၉.၂၀၂၅) ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့ရှိ ''ထူးပြည့်'' အာလူးကြော် လုပ်ငန်းရှင်မှလာရောက်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

        လုပ်ငန်းရှင်အား မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး) က ကုန်စည်များထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်၍ လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် ကုန်အညွှန်းအမှတ်အသားများကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈)တွင် ဖော်ပြထားသော ပြဌာန်းချက်များအတိုင်း ပြည့်စုံစွာဖော်ပြနိုင်ရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ မူပိုင်ခွင့် လျှောက်ထားခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့နယ်၏ မြရွှေစင်ဆန်လက်လီလက်ကားအရောင်းဆိုင်သို့ သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချမှုရှိ/ မရှိကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊‌ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က ဦးဆောင်၍ ညောင်ဦးမြို့နယ် မဏိစည်သူဈေးအတွင်းရှိ ဆန်လက်လီလက်ကားရောင်းချသော မြရွှေစင် ဆန်ဆိုင်သို့ (၂၅-၉-၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေး ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ မြရွှေစင်ဆန်လက်လီလက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄)ပြည်တစ်အိတ်လျှင် (၁၅၀၀၀၀) ကျပ်၊ ဧရာပဒေသာ (၂၄) ပြည်တစ်အိတ်လျှင် (၁၂၅၀၀၀) ကျပ်၊ မနောသုခဆန် (၂၄)ပြည်တစ်အိတ် လျှင်(၈၃၀၀၀)ကျပ်၊ ဧည့်မထဆန်(၂၄)ပြည် တစ်အိတ်လျှင်(၇၃၀၀၀)ကျပ်ဖြင့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ မြရွှေစင်ဆန်ဆိုင် ပိုင်ရှင်အား ဈေးကွက်အတွင်းဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းများမပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံမှတ်ပုံတင်သက်တမ်း ပြည့်ပါက MyRO တွင် ဆက်လက်မှတ်ပုံတင်သက်တမ်းတိုးသွားရန် စသည်တို့ကိုဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဓနုဖြူမြို့နယ် ၂ရပ်ကွက်တွင် စားသုံးသူအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းများ ပြုလုပ်

        မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ၂ရပ်ကွက်ဈေးများအတွင်း ၂၆-၉-၂၀၂၅ ရက်နေ့ နံနက် (၀၇း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ပေးရေး သိကောင်းစရာများ ဟောပြောပွဲပြုလုပ်ခဲ့ခြင်းနှင့် စားသုံးသူအသိပညာပေးလုပ်ငန်းများကို ဈေးကွက်အတွင်း ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့မဈေးကော်မတီဝင်များ ပါဝင်သည့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီပိုင် အမှတ် ၂ရပ်ကွက်ဈေးအတွင်း မုန့်မျိုးစုံရောင်းချသောဆိုင်များ၊ စားသောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်ခဲ့ရာ ဈေးအတွင်းရောင်းချနေသော ကုန်စည်များ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်သော ကုန်စည်များကို သာရောင်းချရန်၊ သက်ဆိုင်ရာထောက်ခံချက်ပါဝင်သော ကုန်စည်ကိုသာရောင်းချရန်၊ သက်တမ်းလွန်ကုန်စည်များရှိပါက သက်ဆိုင်ရာ ကုန်စည်ထုတ်လုပ်သူ ပင်ရင်းထံ ပြန်လည်လဲလှယ်ခွင့်ကို တောင်းဆိုရန်၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များကို ရောင်းချသူလုပ်ငန်းရှင်များ သိရှိနိုင်စေရန် အသိပညာပေး ကုန်စည်များနှိုင်းယှဉ်ပြသ၍ ဘေးအန္တရာယ်ရှိကြောင်းကိုပြသပြီး ထုတ်ကုန်လုံခြုံမှုမရှိသော ကုန်စည်များရောင်းချပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျေးလက်ဖွံဖြိုးရေး အသိပညာပေး ‌ဟောပြောပွဲတွင် စားသုံးသူသိကောင်းစရာအသိပညာပေး ဟောပြောခြင်း

        ၂၆-၉-၂၀၂၅ ရက်နေ့ ပန်းတနော်မြို့နယ် ကျေးလက်ဖွံ့ဖြိုးရေး သက်ကြီးရွယ်အိုမျာအား ကျန်းမာရေးစောင့်ရှောက်မှု သိကောင်းစရာနှင့် ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှု အသိပညာပေးရာတွင် စားသုံးသူအခွင့်အရေး သိကောင်းစရာ ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

          ဟောပြောရာတွင် ပန်းတနော်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးအောင်ကျော်သက်က မိမိဌာန၏ လုပ်ငန်းတာဝန်များနှင့် စားသုံးသူ၏ အခွင့်အရေးများ၊ စားသုံးသူကာကွယ်ရေးဥပဒေ ပေါ်ပေါက်လာပုံ၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူနစ်နာ ဆုံးရှုံးမှု ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၊ စားသုံးသူရေးရာ ကော်မတီတို့နှင့် ဆက်သွယ်ဆောင်ရွက်ရန် နည်းလမ်းများ၊ စီမံခန့်ခွဲမှု နည်းလမ်းအရ အရေးယူဆောင်ရွက်ပုံ နည်းလမ်းအဆင့်ဆင့်၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးရာ တက်ရောက် မိဘပြည်သူများက သိရှိလိုသည့် ဆွေးနွေးတင်ပြချက်များကို မြို့နယ် စားသုံးသူရေးရာဦးစီးမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ရုံးဝန်သန့်ရှင့်ရေး စုပေါင်းဆောင်ရွက်

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ရုံးဝန်ထမ်းများသည် ယခုကာလအတွင်း မအူပင်မြို့နယ်သို့ သက်ဆိုင်ရာဌာနများမှ ဝန်ကြီးခရီးစဉ်များရှိသဖြင့် မိမိတို့ခရိုင်ရုံးဝင်းများ သန့်ရှင်သာယာလှပရေး ပိုမိုကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။ ရုံးဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ အပတ်စဉ်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကိုလည်း စုပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများကိုလည်း (၂၆-၉-၂၀၂၅) ရက်နေ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ထိုသို့စုပေါင်းသန့်ရှင်းရေးဆာင်ရွက်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ခရိုင်အဆင့်ဝန်ထမ်းများ မြို့နယ်သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်ခဲ့ကြပြီး၊ စားသုံး သူရေးရာဦးစီးဌာနမှ မအူပင်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမကိုလည်း စုပေါင်းသန့်ရှင်ရေး ပြုလုပ်ဆောင်ရွက်ခြင်း၊ ရုံးတွင်းဝင်စာထွက်စာဖိုင်နှင့် ဘီရိုများကို စနစ်တကျသန့်ရှင်းရေးပြုလုပ်ခြင်း၊ မအူပင်မြို့နယ်အတွင်း လူကြီးခရီးစဉ်များရှိ၍ ဝန်ထမ်းများအနေဖြင့် သတ်မှတ်တာဝန်များဖြင့် မိမိတို့ လုပ်ငန်းများကို ကျေပျွန်စွာထမ်းဆောင်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့ အခြေခံစားသောက်ကုန်ရောင်းချနေသောဆိုင်များရှိ ဟင်သီးဟင်းရွက်ဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ၂၆.၉.၂၀၂၅ ရက်နေ့တွင် ညောင်တုန်းမြို့ပေါ်ရှိ ရောင်းချနေသော ဟင်းသီးဟင်းရွက်ဆီများတွင် ကုန်အညွှန်အမှတ်အသား သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိ/ မရှိကို မိတ်ဖက်ဌာနဖြစ်သော စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ညောင်တုန်းမြို့မဈေးအတွင်း စားအုန်းဆီ ရောင်းချနေသောဆိုင် (၃)ဆိုင်အားစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ကိုက်ညီသည့် ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။ 

      ဟင်းသီးဟင်းရွက်ဆီနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၂၀.၁၂.၂၀၂၁)ရက်နေ့ ထုတ်ပြန်ထားသော ညွှန်ကြားချက် (၁/၂၀၂၁) တွင်ဖော်ပြထားသည့် (ပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရမည်။ ဥပမာ- ဟင်းသီးဟင်းရွက်ဆီ/ (အဆင့်မြင့် စားအုန်းဆီ) ဟုလည်းကောင်းဖော်ပြပြီး ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း  ဆိုင်ရှင်များအား ရှင်းလင်းပြောကြားပြီး ဟင်းသီးဟင်းရွက်ဆီနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များကို (၆)လပြည့် မြောက်သည့် နေ့ရက်မှစတင်၍ စတင်အာဏာသက်ရောက်မည် ဖြစ်သည့်အတွက် လုပ်ငန်းရှင်များမှ လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြား စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် စည်ပင်သာယာရုံးတွင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောဆွေးနွေးပွဲအောင်မြင်စွာ ကျင်းပပြီးစီး

          စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၅.၉.၂၀၂၅)နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

          အဆိုပါဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက စားသုံးသူကာကွယ်ရေးဥပဒေပါ အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပါယ်ဖော်ပြချက်၊ ရည်ရွယ်ချက်၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ခြင်း ပြစ်မှုပြစ်ဒဏ်များ စသည့် ဥပဒေပါအကြောင်းများကို ဟောပြောခြင်း၊ စားအုန်းဆီများကို ရောင်းချရာတွင် သတ်မှတ်နေရာများသို့ သတ်မှတ်ပမာဏအတိုင်း၊ စည်းကမ်းချက်များနှင့်အညီ အကတိကင်းရှင်းစွာဖြင့် ရောင်းချမှုအဆင့်ဆင့်ကို စာရင်းဇယာမှတ်တမ်းများဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်သည့်အထိ ရောင်းချပေးရန်၊ စားသုံးသူများကို ခွဲခြားမှုမရှိပဲ ဖြောင့်မှတ်မှန်ကန်စွာဆက်ဆံ၍ ရောင်းချရန်ကိုလည်းကောင်း၊  ဆီလုပ်ငန်းရှင်များမှ ပြန်လည်မေးမြန်းမှုများကို အပြန်အလှန် ဆွေးနွေးပြီး ဆီလုပ်ငန်းရှင် (၁၇)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News