HighLight News

Powered by Drupal

ဇလွန်မြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၂၇-၉-၂၀၂၅ )ရက်နေ့၊ နေ့လယ် (၁၄:၃၀)မိနစ်အချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဇလွန်မြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် ဇလွန်မြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင် (၃)ဆိုင်အား သွားရောက်စစ်ဆေးခဲ့ရာ အိမ်ဆောက်ရာတွင်အသုံးပြုသော ဘိလပ်မြေ၊ သွပ်၊ သံ၊ ကျောက်၊ အုတ်၊ သဲ ပစ္စည်းများအား ဝယ်ယူရရှိသည့် ဈေးပေါ်မူတည်၍  သယ်ယူစရိတ်၊ လုပ်သားခအပါအဝင် သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိကြောင်းတွေ့ရှိရပါသည်။ ယခုအချိန်မှာ ပွင့်လင်းရာသီရောက်ရှိလာပြီး အဆောက်အဦးဆောက်လုပ်ခြင်းလုပ်ငန်းများ ပြန်လည်လည်ပတ်နေခြင်းကြောင့် ဝယ်လိုအားကောင်းလာခြင်းနှင့် သယ်ယူစရိတ်အနည်းငယ်ဈေးတက်လာခြင်းတို့ကြောင့် တချို့ဆိုင်များတွင် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်းနှင့် Crown တစ်အိတ်လျှင် (၂၅၀၀ဝိ/-) ကျပ်၊ အုတ်တစ်လုံးလျှင် (၃၂ဝိ/-)ကျပ်၊ သံတစ်တန်လျှင် (၂၀၀၀၀၀ဝိ/-)ကျပ်ဈေး တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြင့် သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးတွင် Online Virtual စနစ်ဖြင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၉/၂၀၂၅)အား ဆောင်ရွက်

        စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်(၆)မြို့နယ်နှင့်Onlineစနစ်ဖြင့် ဆောင်ရွက်သော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို (၂၆.၈.၂၀၂၅) ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှအမှုထမ်း(၁၈)ဦးကို လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်လာစေခြင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ လွယ်ကူလျင်မြန်သွက်လက်လာစေရန် ရည်ရွယ်ခြင်း၊ မိမိတို့ဆောင်ရွက်နေသော ဌာနခွဲများ၏ လုပ်ငန်းစဉ်များကို ချပြရှင်းလင်း ဟောပြောနိုင်ရေး ကိုရည်ရွယ်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးဦးဇော်မင်းက ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရေးအတွက် ရုံးလုပ်ငန်းဆိုင်ရာတာဝန်ဝတ္တရားများနှင့် အသိပညာများ အမြဲမပြတ်ကြိုးစားသင်ယူလေ့လာရန် လိုအပ်ကြောင်းကိုလည်းကောင်း၊ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်မှ “ MyRo တွင် စာရင်းရေးသွင်း ခြင်းနှင့်မှတ်ပုံတင်ခြင်းဆိုင်ရာအကြောင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စီမံရေးရာဌာနခွဲမှူး ဦးစီးအရာရှိ ဦးအောင်မျိုးထိုက်မှ ရုံးလုပ်ငန်းများအကြောင်း၊ စားသုံးသူရေးရာဌာနခွဲမှူး ဦးစီးအရာရှိ ဦးဝင်းအောင်က ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာ  ဌာနခွဲမှ ဦးစီးမှူး ဒေါ်နှင်းဝေဖြိုးက Online Shopping လုပ်ငန်းနှင့် စပ်လျဉ်း၍ သိကောင်းစရာအကြောင်း    အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပို့ချချက်များအပြီးတွင် သင်တန်းသားများမှ မရှင်းလင်းသည်များကို မေးမြန်းခြင်းအပေါ် ပြန်လည်ရှင်းလင်းပြောကြားခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ပြီး နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် သင်တန်းဆင်းအခမ်းအနား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ သင်တန်းသို့ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၁၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတခရိုင်ဦးစီးမှူးရုံးတွင် Thursday Talk အစီအစဉ် ကျင်းပဆောင်ရွက်ခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မြို့နယ် (၆)မြို့နယ်နှင့် Online စနစ်ဖြင့် ဆောင်ရွက်သော Thursday Talk ဟောပြောခြင်းကို (၂၇.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာနမှအမှုထမ်း(၁၈)ဦးတက်ရောက်ခဲ့ပြီး Online Virtual စနစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ဝန်ထမ်းများအနေဖြင့် မိမိတို့ဆောင်ရွက်နေသော ဌာနခွဲများ၏လုပ်ငန်းစဉ်များ၊ ဝန်ထမ်းနှင့် ရုံးလုပ်ငန်းဆိုင်ရာတာဝန်ဝတ္တရားများနှင့် အသိပညာများ၊ ရုံးလုပ်ငန်း၏အခြေခံသဘောတရားများ  အမြဲမပြတ်ကြိုးစားသင်ယူလေ့လာရန်၊ ဌာန၏ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများကို သိရှိစေခြင်းရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

          အဆိုပါဟောပြောပွဲတွင် ပထမဦးစွာ ခရိုင်ဦးစီးမှူးမှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရေးအတွက် ဝန်ထမ်းနှင့်ရုံးလုပ်ငန်းဆိုင်ရာ တာဝန်ဝတ္တရားများနှင့် အသိပညာများအမြဲမပြတ် ကြိုးစားသင်ယူလေ့လာရန်၊ ဌာန၏ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများကို သိရှိစေခြင်း၊ ပြည်သူများနှင့် ထိတွေ့ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်မြင့်မားလာစေခြင်း၊ မိမိဌာန၏လုပ်ငန်းတာဝန်များအပြင် အခြားဌာနခွဲများ၏ လုပ်ငန်းတာဝန်များကိုလည်းသိရှိဆောင်ရွက်နိုင်စေရန် လေ့လာသင်ယူရန်  လိုအပ်ကြောင်း ကိုလည်းကောင်း၊ ဆက်လက်၍ လေးမျက်နှာမြို့နယ်ဦးစီးမှူးရုံးမှမြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်များပေါ်တွင် ဖော်ပြရမည့်  အချက်အလက်များ၊  တားမြစ်ချက်များနှင့်  ပြစ်မှုပြစ်ဒဏ်များအကြောင်း  စသည့်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

အင်္ဂပူမြို့နယ် “Mytel Myanmar ( Internet Service)” သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ကျွန်းရွှေဝါလမ်းရှိ Mytel Myanmar ( Internet Service) သို့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းနှင့် စပ်လျဉ်း၍  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ၌ အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေရန်၊ စားသုံးသူများ စိတ်ကျေနပ်မှုရရှိအောင်ဆောင်ရွက်ပေးနိုင်ရန်၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ကြိုတင်အသိပေးချက်များရှိ/ မရှိ၊ တိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် စားသုံးသူအခွင့်အရေး ပြည့်ဝစွာရရှိစေရန် ရည်ရွယ်၍ စစ်ဆေးခဲ့ကြောင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွင် စားသုံးသူအပေါ် အရည်အသွေးပြည့်မီသော ကွန်ယက်ချိတ်ဆက်မှုများ ဆောင်ရွက်ထားလျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာန ထောက်ခံချက်များရှိကြောင်း၊ တာဝန်ခံလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လေးမျက်နှာမြို့နယ်အတွင်းရှိ ကလေးဖြည့်စွက်စာ အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍(၂၇..၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် လေးမျက်နှာမြို့နယ်အတွင်းရှိ ဆေးမျိုးစုံအရောင်းဆိုင်နှင့် စတိုးဆိုင်များတွင် ရောင်းချသော ကလေးဖြည့်စွက်စာနှင့် ကလေးဖော်စပ်စာ အမျိုးမျိုးအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် စားသုံးသူမိဘပြည်သူများဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊  ကလေးဖြည့်စွက်စာနှင့် ကလေးဖော်စပ်စာဘူးပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းများအား မြန်မာဘာသာဖြင့် ဖော်ပြထားမှု ရှိ/ မရှိ၊  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/ မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ ဈေးကွက် အတွင်း‌ရောင်းချလျက်ရှိသော Dumex Dupro ကလေးဖော်စပ်စာ ကုန်ပစ္စည်းဘူးပေါ်တွင် ဖော်ပြပါရှိသော အသေးစိတ်အချက်အလက်များအား တိုက်ဆိုင်စိစစ်ခဲ့ရာတွင် Dumex Dupro ကလေးဖော်စပ်စာ အစစ်များကိုသာ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။ 

DOCA (ဧရာဝတီ)

ဟင်္သာတမြို့နယ် ပြုပြင်ထုတ်ပိုးထားသောကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၂၉.၉.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ် ပဒေသာဈေးနှင့် ဌေးဝင်းဈေးရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ပြန်လည်ပြုပြင်ထုတ်ပိုးထားသော  အသင့်စားသောက်ကုန်စည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား‌ဆိုင်ရာ ဖော်ပြခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/ မရှိ  ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းခဲ့ရာ ဈေးကွက်အတွင်း မရှိမဖြစ်လိုအပ်လျက်ရှိသော အခြေခံစားသောက်ကုန်များ၊ ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများနှင့် လွယ်ကူစွာဝယ်ယူနိုင်ရေး၊ ပစ္စည်းပြတ်လပ်မှု မရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ အသင့်စားသောက်ကုန်စည်အမျိုးမျိုးတွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချလျက်ရှိကြောင်း၊ ပြန်လည်ပြုပြင်ထုတ်ပိုးထားသော ကုန်စည်များတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေး အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အသိပညာပေးဆွေးနွေးခဲ့ပြီး၊ သက်ဆိုင်ရာဌာနထောက်ခံချက်ရရှိထားသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Dumex Dupro ကလေးဖော်စပ်စာ အတုအပရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၂၉.၉.၂၀၂၅)ရက်နေ့ နံနက် (၀၈:၃၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်အတွင်းရှိ စတိုးဆိုင်နှင့် ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော Dumex Dupro ကလေးဖော်စပ်စာ အတုအပရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းခဲ့ရာ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော Dumex Dupro ကလေးဖော်စပ် စာကုန်စည်တွင် အလားတူ ကုန်ပစ္စည်းအတုအပရောနှောရောင်းချမှု မရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးရန်လိုအပ်ကြောင်း၊ ထိုကုန်စည်အားတုပရောင်းချခြင်းကြောင့် စားသုံးသူများတွင် မလိုလားအပ်သော ဘေးအန္တရာယ်မဖြစ်စေရေး ဇလွန်မြို့နယ်အတွင်း စတိုးဆိုင်နှင့် ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော Dumex Dupro ကလေးဖော်စပ်စာ ကုန်ပစ္စည်းဘူးပေါ်တွင် ဖော်ပြပါရှိသော အသေးစိတ် အချက်အလက်များအား တိုက်ဆိုင်စိစစ်ခဲ့ရာတွင် Dumex Dupro ကလေးဖော်စပ်စာ အစစ်များကိုသာ ရောင်းချလျက်ရှိပြီး ကုန်ပစ္စည်းအတုများရောင်းချမှုမရှိကြောင်း အရောင်းဆိုင်(၅) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ စားသုံးသူပြည်သူများသို့ ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီဖြန့်ဖြူးမှုအား မြေပြင်ကွင်းဆင်းစိစစ်ခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့နယ်တာဝန်ခံသည် (၂၉.၉.၂၀၂၅) ရက်နေ့ နံနက်(၁၃:၃၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍  ဟင်္သာတမြို့နယ် တာငါးဆယ်တောင်ရပ်ကွက်ရှိ (ထွန်း)လက်ကားကုန်မျိုးစုံဆိုင်နှင့် လယ်တီကွင်းရပ်ကွက်ရှိ (အောင်ရတနာ)လက်ကား ကုန်မျိုးစုံဆိုင်များမှ စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့် ရာနှုန်းပြည့်မီအောင် ရောင်းချပေး စေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာ ပြည်သူများသို့ဖြန့်ဖြူးရောင်းချစေရေး၊ လစဉ်ဆီရောင်းချမှု အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခြင်းနှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုများအား စိစစ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

အသင့်စားသောက်ကုန်စည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည်(၉.၉.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၃၀) နာရီအချိန်တွင် လေးမျက်နှာမြို့ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံ အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်စားသောက်ကုန်စည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား‌ဆိုင်ရာ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းခဲ့ရာ ဈေးကွက်အတွင်း မရှိမဖြစ်လိုအပ်လျက်ရှိသော အခြေခံစားသောက်ကုန်များ၊ ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများနှင့် လွယ်ကူစွာဝယ်ယူနိုင်ရေး၊ ပစ္စည်းပြတ်လပ်မှု မရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ အသင့်စားသောက် ကုန်စည်အမျိုးမျိုးတွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချလျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာနထောက်ခံချက်ရရှိထားသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ပန်းတနော် မြိုတွင် ရောင်းချနေသော ဟင်သီးဟင်းရွက်ဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် ၂၅.၉.၂၀၂၅ ရက်နေ့က ပန်းတနော်မြို့၊ မြို့မဈေး အခြေခံစားသောက်ကုန်ရောင်းချနေသော ဈေးဆိုင်များတွင် ဟင်းသီးဟင်းရွက်ဆီများ၌ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ ကို မိတ်ဖက်ဌာနဖြစ်သော စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

           ပန်းတနော်မြို့နယ်ဦးစီးမှူး ရုံးမှ ဦးအောင်ကျော်သက်က ပန်းတနော်မြို့မဈေး အတွင်း စားအုန်းဆီရောင်းချနေသောလုပ်ငန်းရှင်များအား စားအုန်းဆီ/ ဟင်းသီးဟင်းရွက် ဆီနှင့်စပ်လျဉ်း၍ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ (၂၀.၁၂.၂၀၂၁) ရက် နေ့ထုတ်ပြန်ထားသော ညွှန်ကြားချက်(၁/၂၀၂၁) တွင်ဖော်ပြထားသည့် (ပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏ အမျိုးအမည်ကိုတိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရမည်။ ဥပမာ- ဟင်းသီး ဟင်းရွက်ဆီ/ (အဆင့်မြင့် စားအုန်းဆီ)ဟု လည်းကောင်းဖော်ပြပြီး ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သား တို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း  ရှင်းလင်းပြောကြားပြီး၊ ပန်းတနော်မြို့ မြို့မဈေးအတွင်းရှိ စားအုန်းဆီရောင်းချနေသောဆိုင် (၃)ဆိုင်တွင် ရောင်းချနေသော စားအုန်းဆီ/ ဟင်းသီးဟင်းရွက်ဆီများအား စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ကိုက်ညီသည့် ကုန်စည်များကိုသာရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News