သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

    စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ

       ၂၀၂ ခုနှစ်၊ ဇန်နဝါရီလ () ရက်နေ့၊ နေ့လယ် (၁:၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ ရပ်ကွက်(၄)၊ မြို့သစ်ရပ်ကွက်၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာမများနှင့် ကျောင်းသူစုစုပေါင်း (၃၇) ဦးခန့်တက်ရောက်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်၍ ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

          ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်လင်းဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ ဆရာမများနှင့် ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူ ကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့် အရေးနှင့်တာဝန်များ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက် သည့်အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်/မသင့် သိရှိ သင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်အလက်များအား ရှင်းလင်းပြောကြားပြီး ထောက်ခံချက်ရှိသော အစားအစာနှင့် ထောက်ခံချက်မရှိသော အစားအစာများကို ပုံများနှင့်တကွ ပြသခဲ့ပါသည်။

          ယင်းနောက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)အကြောင်း ရှင်းလင်းပြောကြားကာ Consumer Call Center ဖြစ်သည့် (၁၅၃၅) သို့ လက်တွေ့ခေါ်ဆိုမှုပြုလုပ်ဆောင်ရွက်ခဲ့ပြီး  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို  (၁၆:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(ရှမ်း)

အသင့်စားစားသောက်ကုန်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၈.၁.၂၀၂၆) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်၌ နမ့်စန်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် အသင့်စားစားသေက်ကုန်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ သတိပေးချက်နှင့် ကျန်းမာရေး ဆိုင်ရာဘေးထွက် ဆိုးကျိုးဖော်ပြခြင်းရှိ/မရှိတို့တို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြ ရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ပြည်ခရိုင်တွင်ဆန်/ စပါးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဌာနခွဲတာဝန်ခံသည် ပြည်ခရိုင်ဦးစီးမှူးရုံး၌ ဆန်စပါးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေး စီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံမှ လုပ်ငန်းရှင်အား ဆန်/စပါးလုပ်ငန်းကိုလုပ်ကိုင်ပါက မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online – MyRo)တွင် သိုလှောင်ရုံမှတ်ပုံတင်ခြင်းကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း မှတ်ပုံတင်ပြီးပါက ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများကို လစဉ် လဆန်း(၁)ရက်မှ (၇)ရက်အတွင်း ထည့်သွင်းရမည်ဖြစ်ကြောင်း၊ သိုလှောင်ရုံသက်တမ်း ကုန်ဆုံးပါကလည်း သိုလှောင်ရုံ သက်တမ်းတိုးခြင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး သိုလှောင်ရုံ မှတ်ပုံတင် ခြင်းဆောင်ရွက်ရာတွင် လိုအပ်သော စာရွက်စာတမ်းများနှင့် Myro တွင် စာရင်းဖြည့်သွင်းမှု အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

“လားရှိုးမြို့ဒေသထွက် စင်ယွင့်လုပ်မုန့်လုပ်ငန်းသို့သွားရောက်လေ့လာ”

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ လားရှိုးမြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် (၈.၁.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၁:၀၀) နာရီ အချိန်ခန့်တွင်  လားရှိုးမြို့၊ အမှတ်(၁၄/၅၆)၊ ဖိုင်တော်လမ်း၊ ရပ်ကွက်(၁၂)၊ နယ်မြေ(၁၄)ရှိ စင်ယွင့်လုပ်မုန့်ထုတ်လုပ်ရေးလုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိရေးတို့နှင့်ပက်သက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများက မုန့်လုပ်ငန်းမှတာဝန်ရှိသူနှင့်တွေ့ဆုံ၍ ကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်ကိုမေးမြန်းခြင်း၊ ထုတ်လုပ်သည့် ကုန်စည်တွင် ကုန်အညွှန်း အမှတ်အသားဖော်ပြထားရှိမှု၊  ကုန်စည်ဖော်ပြချက်အမှတ်တံဆိပ်များကို ကြည့်ရှု စစ်ဆေးခြင်း၊ ရောင်းချမှုမုန့်အမျိုးအစားအလိုက် ဈေးနှုန်းအခြေအနေများကို မေးမြန်းခြင်း၊ ကုန်ကြမ်းရရှိမှု အခြေအနေများကို ဆွေးနွေးခြင်း၊ “စင်ယွင့်လုပ်မုန့်ထုတ်လုပ်ရေးလုပ်ငန်း”မှ ထုတ်လုပ်သည့် စင်ယွင့်လုပ် အမှတ်တံဆိပ်မုန့်အမျိုးအမျိုးတွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များ ပါရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/ မရှိနှင့် စားသုံးသူရေးရာဦးစီးဌာန၏ လမ်းညွှန်းချက်များအကြောင်းကို အသေးစိတ်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

Online Sales လုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များအား Online Sales ဈေးရောင်းချခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ ပေါင်းတလည် အနောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်နေပြည်သူများအား အွန်လိုင်းဈေးရောင်းချ နေသောလုပ်ငန်းရှင်များအားလည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် ကြို့ကုန်းကျေးရွာရှိ ပြည်သူများအားလည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် ထုံးဘိုဈေးတာဝန်ခံရုံး၌ ဈေးသူဈေးသား ပြည်သူများအားလည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ရပ်ကွက်နေပြည်သူမျာအားလည်းကောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တွေ့ဆုံ၍ Online Sales ဈေးရောင်းချခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

         အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် လုပ်ငန်းရှင်များအနေဖြင့် Online Sales ဈေးရောင်းချခြင်းနှင့် ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များ၊ Online Sales မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်များအား ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ရာ တက်ရောက်လာသော လုပ်ငန်းရှင်များမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများမှ ပြန်လည်ရှင်းလင်းခြင်းဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲသို့ ပြည်ခရိုင်အတွင်း မြို့နယ်အားလုံးမှ စီးပွားရေးလုပ်ငန်းရှင် (၆၂)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့နယ် အောင်မင်္ဂလာ သောက်ရေသန့်စက်သို့ ကွင်းဆင်းလေ့လာခြင်း

             တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်၊ ဒု-ဦးစီးမှူးနှင့် ဦးအောင်ဝင်း၊ ဌာနခွဲစာရေးတို့သည် (..၂၀၂၆) ရက်နေ့တွင် အုတ်တွင်းမြို့နယ်ရှိ အောင်မင်္ဂလာရေသန့်စက်သို့ ရေသန့်ထုတ်လုပ်ပုံ၊ ပါကင်ဘူးသွပ်မှုအဆင့်ဆင့်နှင့် ဈေးကွက်အတွင်းသို့ ရောင်းချမှုအခြေအနေတို့အား ကွင်းဆင်းလေ့လာခဲ့ပါသည်။

              အောင်မင်္ဂလာတံဆိပ်ပါ သောက်ရေသန့်ထုတ်လုပ်ရာတွင် ပေ ၅၃၀ နှင့် ပေ ၅၈၀ နက်သော ရေတွင်း () တွင်းရှိပြီး ထိုတွင်းရေများကို RO & UV Systemဟုခေါ်သော၊ (Reverse Osmosis) ရေထဲရှိ အမှုန်ဓာတ်၊ ဓာတုဖော်မြူလာများ၊ ဆားဓာတ်များနှင့် ဘက်တီရီးယားအချို့ကို စစ်ထုတ်ပေးခြင်း၊ UV (Ultraviolet) အလင်းရောင်ကိုအသုံးပြုပြီး ဗိုင်းရပ်စ်၊ ဘက်တီးရီးယားများကိုသန့်စင်၍ ကျန်းမာရေးနှင့် ညီညွတ်စေရန် အကောင်းဆုံးရေအရင်းအမြစ်မှ ခေတ်မီစက်ကြီးများဖြင့် ထုတ်လုပ်ထားပြီး၊ ဗူးခွံကုန်ကြမ်းများကို နေပြည်တော်မှမှာယူ၍ ကိုယ်တိုင် တံဆိပ်ရိုက်ရောင်းချခြင်းဖြစ်သည်။ ယခုလက်ရှိအနေဖြင့် လုပ်သား () ဦးဖြင့်သာ လုပ်ကိုင်လျက်ရှိသည်။

             အောင်မင်္ဂလာအမှတ်တံဆိပ်ပါသောက်ရေသန့်1 Litre ၁ ဘူးလျှင် ၂၂၅ ကျပ်၊ 600 ml ၁ဘူးလျှင် ၁၉၅ ကျပ်၊ 20Litre (ဘူးခွံပါ) ၁ ဘူးလျှင် ၁၃၀၀၀ ကျပ်ဖြင့် အုတ်တွင်းမြို့နယ်အတွင်း၌ ဖြန့်ဖြူးရောင်းချပြီး သုံးဘီး၊ အခြားအငှားယာဉ်သမားများကလည်း ရေသန့်စက်မှတဆင့် အုတ်တွင်းမြို့နယ်ရှိ ရပ်ကွက်ကျေးရွာများသို့ ရောင်းချလျက်ရှိကြောင်း ရေသန့်စက်ပိုင်ရှင်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့နယ် အောင်မင်္ဂလာမုန့်ဟင်းခါးစက်သို့ ကွင်းဆင်းလေ့လာခြင်း

          တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်၊ ဒု-ဦးစီးမှူးသည် (၆..၂၀၂၆) ရက်နေ့တွင် အုတ်တွင်းမြို့နယ်ရှိ အောင်မင်္ဂလာမုန့်ဟင်းခါးစက်သို့ မုန့်ဟင်းခါးဖက်အစို ပြုလုပ်ပုံအဆင့်ဆင့်နှင့် စားသုံးသူများ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ကြာရှည်ခံဆေးများ သုံးစွဲထားခြင်းရှိမရှိကို ကွင်းဆင်းလေ့လာခဲ့ပါသည်။

          မုန့်ဟင်းခါးဖက်အစိုပြုလုပ်ရာတွင် ဗျော့ထွန်းဆန်ကို အသုံးပြုထားပြီး ဆန်ကို ()ရက်ခန့် ရေစိမ်၍စက်ဖြင့် (၃ ကြိမ် မှ ၄ ကြိမ်)အထိ ရေစင်အောင်ရေဆေးရပြီး စက်ဖြင့်ကြိတ်ရပါသည်။ ရရှိလာသော မုန့်ရည်များကို အိတ်ထဲထည့်ပြီး မောင်းနင်း၍ အချိန်()ရက်ခန့် ဖိထားရပါသည်။ ရရှိလာသော မုန့်ခဲများကို ရေသန့်နှင့်ထပ်မံ ဖျော်ပြီး လျှပ်စစ်ပေါင်းအိုးထဲသို့ထည့်ပေါင်းရသည်။ ရလာသော မုန့်နှစ်ကို လွန်နဲ့တွန်းထုတ်ပါက မုန့်ဖက်များရလာပါသည်။ မုန့်ဖက်အနှစ်ကို ရေ၂ ကြိမ်မှ ၃ကြိမ် အထိဆေး၍ စင်ပေါ်တွင်ရေစစ်ထားပြီး ရေခြောက်သွားပါက မုန့်ဖက်များကို လက်လီလက်ကားအသင့်ရောင်းချနိုင်ပါသည်။

         မုန့်ဟင်းခါးဖက်ပြုလုပ်မှုကို တစ်ရက်လျှင် ပျမ်းမျှဆန် ()အိတ်ခန့် ပြုလုပ်ရသည့်အတွက် အနည်းဆုံး လုပ်သား()ဦးဖြင့် လုပ်ကိုင်လျက်ရှိကြောင်း၊ ဆန် ၂၄ ပြည် ၁ အိတ်လျှင် မုန့်ဟင်းခါးဖက်အစို ပိဿာ ၆၀ ခန့်ရရှိပြီး မုန့်ဟင်းခါးဖက် ၅၀ ကျပ်သားလျှင် ၁၅၀၀ ကျပ်၊ ၁ ပိဿာလျှင် ၃၀၀၀ ကျပ်၊ ဂျုံဖြင့်ပြုလုပ်ထားသော ခေါက်ဆွဲများကို ၅၀ ကျပ်သားလျှင် ၂၅၀၀ ကျပ်၊ ၁ ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ မုန့်ဟင်းခါးဖက်သည် ရှေးနှစ်ပေါင်းများစွာကပင် မြန်မာလူမျိုးတို့ စားသုံးကြသော မြန်မာ့ရိုးရာအစားအစာတစ်ခုဖြစ်သည့်အပြင် စားသုံးသူများအတွက် ခန္ဓာကိုယ်အားဖြစ်စေပြီး ကျန်းမာရေးနှင့် ညီညွှတ်၍ ဈေးနှုန်းသင့်တင့်မျှတစွာဖြင့် အလွယ်တကူဝယ်ယူမှုရရှိနိုင်သောကြောင့် အရောင်းသွက်ကြောင်း အောင်မင်္ဂလာမုန့်ဟင်းခါးစက်ပိုင်ရှင်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

အ.ထ.က ညောင်ဦးမြို့ရှိကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန ညောင်ဦးခရိုင်တာဝန်ခံနှင့်ဝန်ထမ်းများသည် ကျောင်းကျန်းမာရေး အဖွဲ့နှင့်အတူ ကျောင်းရှိ ကျောင်းသား/ကျောင်းသူများ ကုန်စည်များနှင့်ပတ်သက်၍ လုံခြုံစိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ၅.၁.၂၀၂၆ ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန် တွင် ညောင်ဦးမြို့၊ အခြေခံပညာအထက်တန်းကျောင်းမုန့်ဈေးတန်းသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          အဆိုပါစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းရောင်းချသူများအား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်စွာဖော်ပြထားရှိသော ကုန်စည်များနှင့်သက်ဆိုင်ရာဌာများ၏ ထောက်ခံချက်ပါဝင်သော ကုန်စည်များကိုသာရောင်းချမှုရှိစေရေး၊ ကလေးများအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သော တရားမဝင်ကုန်စည်နှင့်မုန့်များ၊ သက်တမ်းကုန်ဆုံးသည့်မုန့်များအား ရောင်းချခြင်း မပြုရန် ၊ တိုက်ရိုက်စားသောက်ရသော မုန့်များရောင်းချရာတွင် Mask နှင့် လက်အိတ်များဝတ်ဆင် အသုံးပြုကြရန်နှင့်အစားအသောက်များအား အဖုံးအအုပ်များဖုံးအုပ်ထားရှိရန်၊ တစ်ကိုယ်ရေသန့်ရှင်း ရေး ဂရုစိုက်ဆောင်ရွက်ကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ ကုန်အညွှန်းအမှတ် အသားနှင့်စပ်လျဉ်း၍  အချက်များအား ပြည့်စုံစွာဖော်ပြပါရှိသော ကုန်စည်များနှင့် သက်ဆိုင်ရာဌာန ထောက်ခံချက်ပါသောကုန်စည်များကိုသာ ရောင်းချမှုပြုရန် စသည်ဖြင့်အကျယ်တဝင့် ရှင်းလင်းမှာ ကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

 

ညောင်ဦးမြို့တွင် ကားပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်ကွင်းဆင်း

   စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများကုန်စည်နှင့်ဝန်ဆောင်မှုကို သုံးစွဲရာတွင် ထိခိုက် နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို နေရာစုံ၌ အသိပညာဟောပြောဆွေးနွေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက် ရှိသလို၊ ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ ဖွွံ့ဖြိုးတိုးတက်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးများကိုလည်း ပူးတွဲဆောင်ရွက်လျက်ရှိပါသည်။

          စီးပွားရေးကဏ္ဍတွင် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေခြင်း၊ ကုန်စည်ဈေးနှုန်း တည်ငြိမ် ခြင်းတို့သည် ပြည်သူများ၏ နေထိုင်စားသောက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် အရေး ကြီးသည့်သော့ချက်ဖြစ်ရာ ကုန်ပစ္စည်းများတစ်နေရာမှတစ်နေရာသို့ အဟန့်အတားမရှိ လျင်မြန်စွာ ရောက်ရှိနိုင်ရေးနှင့်ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့ပြီး တည်ငြိမ်သည့်ကုန်စည်ဈေးနှုန်းစနစ်ကို ရေရှည်တည်ဆောက်နိုင်ရေးများကို ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရအဖွဲ့မှလည်း လမ်းညွှန် ထားရှိရာ စားသုံးသူရေးရာဦးစီးဌာန ညောင်ဦးခရိုင်တာဝန်ခံသည် (၇.၁.၂၀၂၆)ရက်နေ့၊ နေ့လည် ၁၄:၀၀ နာရီအချိန်တွင် ညောင်ဦးမြို့ပေါ်ရှိ ကားပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချနေသော ကားတာယာအမျိုးအစားအလိုက် ယခင်၊ ယခုဖြစ်ပေါ်နေသော ဈေးနှုန်း၊ ဈေးကွက်အခြေအနေများနှင့် ဖြစ်သင့်ဖြစ်ထိုက်သော နှုန်းထားများဖြင့်ရောင်းချမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(မန္တလေး)

MSME လုပ်ငန်းများအတွက် နည်းပညာအထောက်အပံ့များ

      မြန်မာနိုင်ငံရှိ MSME လုပ်ငန်းများအတွက် နည်းပညာပိုင်းဆိုင်ရာအထောက်အပံ့များသည် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့်နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်ရန်အတွက် အလွန်အရေးကြီးပြီး ခေတ်ရေစီးကြောင်းနှင့် အညီ ရင်ဘောင်တန်းနိုင်ရန်အတွက် ဒစ်ဂျစ်တယ်နည်းပညာများကို မဖြစ်မနေအသုံးပြုရမည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။ ယခင်က MSME လုပ်ငန်းများသည် စက်အဟောင်းများ၊ လက်ဖြင့်ကိရိယာများဖြင့်သာ လုပ်ကိုင်နေရပြီး တီထွင်ဆန်းသစ်မှုနည်းပါးခြင်း၊ အရည်အသွေးအားနည်းခြင်းစသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင် နေရသော်လည်း ယခုအခါနိုင်ငံတော် အစိုးရနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍ MSMEလုပ်ငန်းများအတွက် ခေတ်နှင့် အညီဖွံ့ဖြိုးတိုးတက်လာစေရန် နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးသော အထောက်အပံ့အစီအစဉ်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိပါသည်။

          MSME ထုတ်ကုန်များကို ပြည်တွင်းသာမကပြည်ပဈေးကွက်သို့ပါ E-Market Platform များပေါ်တွင် တင်ပြီးရောင်းချနိုင်ရန် လိုအပ်သည့်နည်းပညာအကူအညီများပံ့ပိုးပေးခြင်းဖြင့် MSME လုပ်ငန်းများ၏ဈေးကွက် ဝေစုကိုပိုမိုရရှိစေရန် အထောက်အကူပြုပါသည်။ ယခင်အသုံးပြုခဲ့သော စက်အဟောင်းများအစား ခေတ်မီစက်ကိရိယာများအသုံးပြုခြင်းဖြင့် ထုတ်လုပ်မှုစရိတ်လျှော့ချနိုင်ပြီး ကုန်ထုတ်လုပ်မှုအရည်အသွေးပိုမို ကောင်းမွန်လာစေနိုင်ပါသည်။ လုပ်ငန်းများတွင် စီမံခန့်ခွဲမှုစနစ်ပိုမိုကောင်းမွန်စေရန်၊ ဒေတာအခြေပြုဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်အတွက် AI နည်းပညာနှင့်သက်ဆိုင်ရာ Toolsများကို နားလည်အသုံးပြုနိုင်ရန်အတွက်လည်း သင်တန်းများပေးလျက်ရှိပါသည်။

         MSME လုပ်ငန်းများအနေဖြင့် ဝန်ဆောင်မှုအပိုင်းတွင်လည်း အွန်လိုင်းမှတစ်ဆင့် ယုံကြည်စိတ်ချစွာဝယ်ယူနိုင်ရန် အာမခံချက်ပေးနိုင်ခြင်း၊ ကြိုတင်မှာယူနိုင်ခြင်းတို့ကြောင့် ဈေးကွက်ကိုပိုမို ကျယ်ပြန့်စေနိုင်ပါသည်။ အဓိကအားဖြင့်စားသောက်ကုန်လုပ်ငန်းများအတွက် ထုတ်ကုန်အရည်အသွေးမြှင့်တင်ရန် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလေ့ကျင့်ရေးအစီအစဉ်များကို မြန်မာ့စားသောက်ကုန်လုပ်ငန်းလိုအပ်ချက်များနှင့် အညီပြုပြင်ပေးလျက်ရှိပြီး MSME လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုအတွက် ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုစနစ်နှင့် ပွင့်လင်းမြင်သာမှုရှိသော လုပ်ထုံးလုပ်နည်းများဆိုင်ရာ နည်းပညာနှင့် အသိပညာများကိုလည်း သင်ကြားပို့ချပေးလျက်ရှိပါသည်။

       MSME လုပ်ငန်းရှင်များကလည်း ဒစ်ဂျစ်တယ်နည်းပညာများ သင်ယူအသုံးပြုရန်နှင့် ဆိုက်ဘာလုံခြုံရေးကို အလေးထားရန်လိုအပ်ပြီး MSME ကဏ္ဍအတွက် ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြုခြင်းဖြင့် ကုန်ထုတ်စွမ်းအားမြင့်မားလာခြင်း၊ ကုန်ကျစရိတ်သက်သာလာခြင်းနှင့် ပြည်ပဈေးကွက်သို့ထိုးဖောက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိလာကာ မြန်မာ့စီးပွားရေးတည်ငြိမ်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထူးလိုအပ်စေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ