သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“အပြောင်”ကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာသုံးဆီဖြန့်ဖြူး ရောင်းချနိုင်ရေးအတွက် ကျေးရွာဆီကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

            ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက “အပြောင်”ကျေးရွာရှိ စားအုန်းဆီ ကော်မတီ အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

          အဆိုပါတွေ့ဆုံပြောကြားရာတွင် “အပြောင်” ကျေးရွာရှိ ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်   ကျေးရွာအတွင်း ရှိအိမ်ထောင်စုဝင်အားလုံး စားသုံးဆီရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြားပေးသော ဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးနှင့် ပြည်သူများထံသို့ရောင်းချနေမှုတို့အား ဓာတ်ပုံမှတ်တမ်းများ ပေးပို့ရန်ပြောကြားခဲ့ပြီး “အပြောင်”ကျေးရွာရှိ  စားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အောင်သပြေဈေးရှိ ၊ဆေးဆိုင်နှင့် အလှကုန်ဆိုင်များတွင် ရောင်းချနေသောကလေး အသုံးအဆောင်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

  ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊   မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်  တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍ (၁၀.၁၁.၂၀၂၅)ရက်နေ့၊ နေ့လည်(၁၃:၃၀) နာရီက ဝါးခယ်မမြို့ အောင်သပြေဈေးရှိ ဆေးဆိုင်နှင့်အလှကုန်ဆိုင်များတွင် ရောင်းချလျက်ရှိသော ကလေးအသုံးအဆောင်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့၊ အောင်သပြေဈေးရှိ  ဆေးဆိုင်နှင့် အလှကုန်ဆိုင်များတွင် ရောင်းချနေသော ကလေးအသုံးအဆောင် ပစ္စည်းများ BBy.mildပေါင်ဒါ၊ဒိုက်ဘာများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြ ရမည်ဖြစ်ပြီး၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြ ထားမှုရှိ/မရှိ၊ ဌာနမှဈေးကွက် စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ် အ မ က စံကျောင်း ကျောင်းတွင်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည်ပြန်/ ဆက်ဦးစီးဌာနနှင့် အတူပူးပေါင်း၍၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင်(၄)ရက်ကွက်ရှိ အ.မ.က စံကျောင်းတွင် ဆရာ/ဆရာမ(၁၁)ဦးနှင့်ကျောင်းသား/သူ(၁၅၀)ဦးစုစုပေါင်း(၁၆၁)ဦးအားစားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

            ထိုဟောပြောပွဲတွင် ပြန်ဆက်ဦးစီးမှူးမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်နည်း(၃)နည်းအကြောင်း အသိပညာပေးဗဟုသုတများ ဟောပြောပြီး စားသုံးသူရေးရာမြို့နယ်ဦးစီးမှူးမှ ဆိုးဆေးပါသောအစားအသောက်များနှင့် သက်တမ်းကုန်အစားအသောက်များအကြောင်းနှင့် အခန်း(၁၈)ပါကုန်အညွှန်းအမှတ်တံဆိပ်ပါသောအစား အသောက်များကို ကျောင်းသား/သူများအားလုံး ရွေးချယ်ဝယ်ယူစားသောက်ကြရန် နမူနာများပြသပြီး အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီရောင်းချပေးနေသည့် လက်လီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

    စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက် နံနက်(၀၈:၀၀)နာရီအချိန်တွင် ကန့်ဘလူ မြို့နယ် ဆီကိုယ်စားလှယ်မှ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ခရိုင်စုပေါင်းရုံး၌ နိုင်ငံ့ဝန်ထမ်းများကို စားအုန်းဆီ လက်လီရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

        မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီအရောင်းဆိုင်အား  ကွင်းဆင်းစစ်ဆေးရာတွင် အချိန် အတွယ်မှန်ကန်မှုရှိ/မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် စားအုန်းဆီအရည်အသွေးတို့ အား မှန်ကန်ပြည့်ဝမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ်ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အ မြတ်တို့ဖြင့် လက်လီအရောင်းဆိုင်များမှတဆင့်  နိုင်ငံ့ဝန်ထမ်းတစ်ဦးလျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။    

DOCA(စစ်ကိုင်း)

 

ဆီထုတ်ကိုယ်စားလှယ်၏ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းတွင် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ဆီကိုယ်စားလှယ်၏မန္တလေးမြို့ရှိ စားအုန်းဆီကုမ္ပဏီ(M.G.N.D)မှ ခွဲတမ်းရစားသုံးဆီ(၁၅)ပေပါ(သို့) (၁၆၅၀)ပိဿာရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ် ဆီထုတ်ကိုယ်စားလှယ်က ခွဲတမ်းရရှိ လာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ဖြန့်ခွဲရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီအရောင်း ဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ခွဲတမ်းရရှိသော စားအုန်းဆီလက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြင်းခြံကုန်စည်ဒိုင်သို့လယ်ယာထွက်ကုန်သီးနှံများ၏ ဈေးနှုန်းဈေးကွက်အခြေနေများအားကွင်းဆင်းခြင်း

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ မြင်းခြံခရိုင် ဦးစီးမှူး ဦးသန်းစိုး ဦးဆောင်မှုဖြင့် ဝန်ထမ်းများက (၆.၁၁.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်၌ အမှတ်(၁၃)ရက်ကွက်ရှိ မြင်းခြံခရိုင်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (MDCCI) အသင်းသို့ သွားရောက်ကွင်းဆင်းခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးကျော်ရှိန် ဒု-ဥက္ကဌ က အသင်းသားများအနေဖြင့် ကုန်စည်ဒိုင်၏ စည်းမျဉ်းစည်းကမ်းများအတိုင်း  သီးနှံများအရောင်းအဝယ်ပြုလုပ်ကြကြောင်း၊ ယခုအချိန်တွင် မိုးမြေပဲ၊ မိုးနှမ်းညိုနှင့် နွေကြက်သွန်နီအဟောင်းများကိုသာ နေ့စဉ်အရောင်းအဝယ် ပြုလုပ်ကြကြောင်း၊ ယခင်နှစ်ထွက်ရှိသော ပဲ‌ဟောင်း (ပဲစဉ်းငုံ၊ ပဲပုပ်၊ ကုလားပဲ V2၊ V7နှင့်929) များမှာ ဈေးကွက်တွင် အိတ်လက်ကျန်များ လျော့နည်းလာပြီဖြစ်၍ အရောင်းအဝယ်နည်းလာပြီ ဖြစ်ကြောင်း၊ ၂၀၂၆ခုနှစ်၊ မတ်လတွင် ပဲအသစ်များထွက်ပေါ်မည်ဖြစ်ကြောင်း စသည့်အခြေအနေများနှင့် ကုန်စည်ဒိုင်အတွင်းရှိ ငွေခြင်္သေ့ပွဲရုံနှင့်နဝရတ်ပွဲရုံများသို့ ကွင်းဆင်းခဲ့ပြီး လယ်ယာထွက်ကုန် သီးနှံများ၏ဈေးနှုန်း၊ ဈေးကွက်နှင့်တင်ပို့မှုအခြေအနေများ၊ နေ့စဉ်အိတ်အရောင်းအဝယ် ဖြစ်မှုအခြေအနေနှင့် အိတ်လက်ကျန်အခြေအနေများအား မေးမြန်းတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

 

စားသုံးဆီ(ဘူးဆီ)ဆီအမျိုးမျိုးရောင်းချသည့် ဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

               ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် စည်ပင်သာယာရေးဦးစီးဌာနနှင့်ပူးပေါင်း၍၂၀၂၅ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့မဈေးရှိ စားသုံးဆီ(ဘူးဆီ)အမျိုးမျိုးရောင်းချသည့် ဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့မဈေးအတွင်းရောင်းချနေသည့် ဘူးဆီများဖြစ်သည့်အမေထွားမြေပဲ ဆီ၊ ဘဲလေးမြေပဲဆီ၊LOTUSဟင်းရွက်ဆီတို့တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ဖော်ပြထားပြီးFDAထောက်ခံချက်အမှတ်များလည်းပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သတင်းတွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)

“ဖြိုးဟိန်း”စက်မှုလက်မှု လုပ်ငန်းသို့ ကွင်းဆင်းခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင် ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့၊ နေ့လည်(၁၂:၀၀) အချိန် တွင်ဒေးဒရဲမြို့၊အမှတ်(၁)ရပ်ကွက်၊ဗိုလ်ချုပ်လမ်းရှိ “ဖြိုးဟိန်း” စက်မှုလက်မှုလုပ်ငန်းသို့ သွားရောက်ပြီး MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ကွင်းဆင်းစိစစ်ခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင်ဒုခရိုင်ဦးစီးမှူးက“စိုးဟိန်း”စက်မှုလက်မှုပိုင်ရှင် ကိုမျိုးမင်းအောင်အား လုပ်ငန်းလည်ပတ်မှုနှင့်ပတ်သတ်ပြီး မေးမြန်းရာမိမိတို့အနေဖြင့် ဖြတ်စက်၊ ဝရိန်နှင့် စပါးရိတ်စက်၊ လှောင်ကန်အပေါ်ဆင့်၊ အောက်ဆင့်အထိုင်များ ဂေါ်များပျက်လျှင် ပြင်ကြောင်း တစ်စီးပြီးမြောက်ရန် (၁၀)ရက်ခန့်အချိန်ယူရကြောင်းနှင့် လုပ်အားခအနေဖြင့် စပါးရိတ်စက်တစ်စီးလျှင် (၃)သိန်းကျပ်ယူကြောင်းပြောကြားခဲ့ပြီး လုပ်သားအင်အားစုအနေဖြင့် ကို့မိသားစုဖြင့် သာလုပ်ကိုင်ပြီးလုပ်သားနှစ်ဦးပဲ ငှားထားကြောင်း လစာနှုန်းထားအနေဖြင့် တစ်လလျှင်(၃၂၀၀၀၀)ကျပ်ပေးကြောင်း ပြောကြားခဲ့ပြီး ဒုခရိုင်ဦးစီးမှူးကလိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အင်းဖျားကျေးရွာ အုပ်စုရှိ ပိုင်ရှင်ဦးအေးမင်းမြတ်၏ ဒီဇယ်အင်ဂျင်(၆)လုံးထိုး စပါးအခြောက်ခံစက်အား သွားရောက်ကြည့်ရှုစစ်ဆေး

          ပုသိမ်မြို့   နိုဝင်ဘာ   ၇ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းက ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အင်းဖျားကျေးရွာအုပ်စုရှိ ပိုင်ရှင်ဦးအေးမင်းမြတ်၏  ဒီဇယ်အင်ဂျင်(၆)လုံးထိုး စပါးအခြောက်ခံစက်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စပါးအခြောက်ခံစက်လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တစ်နေ့လျင် စပါးအခြောက်ခံစက် လည်ပတ်မှုအခြေအနေများနှင့် စပါးအခြောက်ထွက်ရှိမှုများ၊ မိုးရွာသွန်းမှုကြောင့် စပါးများ အခြောက်ခံရန်အတွက် အခက်အခဲမရှိစေရန် စပါးအခြောက်ခံစက်များဖြင့် စပါးအ၀ယ်ဒိုင်ဖွင့်လှစ် ၀ယ်ယူပေးနေမှုကြောင့် တောင်သူများ သင့်တင့်သည့် စပါးစျေးနှုန်းရရှိမှုများ၊ ဈေးကွက်သို့တင်ပို့မှုနှင့် ဈေးနှုန်းရရှိမှုအခြေအနေများအား မေးမြန်းခဲ့ရာ စပါးအခြောက်ခံ စက်တာဝန်ခံက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါ စပါးအခြောက်ခံစက်သည် တစ်နေ့လျှင်(၁၆)နာရီလည်ပတ်ကြောင်းသိရပြီး စပါးအခြောက် (၂၆၀၀)တင်း ထွက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့ မြို့တော်ခန်းမတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေနှင့် ဌာနဆိုင်ရာများ ၊ အသင်းအဖွဲ့များ ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲကျင်းပ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးချစ်ဆွေသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် နိုဝင်ဘာလ (၇) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ပြည်ထောင်စုဝန်ကြီးဦးချစ်ဆွေသည် ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန (၄) ခု၏ လုပ်ငန်း တာဝန်များ၊ သီလဝါ၊ ကျောက်ဖြူ၊ ထားဝယ်အထူးစီးပွားရေးစက်မှုဇုန်များ သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး  ပြည်တွင်းထုတ်ကုန်များ၊ ဒေသထွက်ကုန်များဈေးကွက်အတွင်း ကျယ်ကျယ် ပြန့်ပြန့်ဖြန့်ဖြူးနိုင်ရေး၊ နိုင်ငံအတွင်းထုတ်ကုန်များအား နယ်စပ်ကုန်သွယ်ရေးဂိတ် (၁၄) ခုမှ တစ်ဆင့် ပို့ကုန်/သွင်းကုန် ဆောင်ရွက်ခြင်း ၊ ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ တစ်ဆင့် ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ ရေထွက်ကုန်ပစ္စည်းများကို ပြည်ပတင်ပို့၍ ပို့ကုန်ဝင်ငွေတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ထပ်မံလိုအပ်သည့်နိုင်ငံခြားငွေအား ကမ္ဘာ့ဘဏ်အသီးသီးမှ ထုတ်ချေး၍ ပြည်သူများလူမှုစီးပွားဖွံ့ဖြိုးစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံအသီးသီးမှ လိုအပ်နိုင်ငံခြားငွေကို ကြွေးမြီရယူ၍ ဆောင်ရွက်ကြကြောင်း ၊ နိုင်ငံတော်အနေဖြင့် ပြည်တွင်းစားသုံးဆီ၊ စက်သုံးဆီလိုအပ်ချက်ကို နိုင်ငံခြားငွေဖြင့် ဝယ်ယူပေးနေရကြောင်း၊ အထူးအားဖြင့် သွင်းအားစု (၃) မျိုး ဖြစ်သည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့၊ ဆန်စက်အပိုပစ္စည်းနှင့် ဘွိုင်လာတင်သွင်းမှုများအား ဆန်စပါးအသင်းချုပ်မှ တစ်ဆင့်ခွင့်ပြုဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ယခုအချိန်အထိ ဆန်/ဆန်ကွဲတန်ချိန် (၁.၅၃၈) သန်း တင်ပို့ထားရှိပြီး ယခုနှစ်အတွင်း (၃) သန်း တင်ပို့ရန် လျာထားသတ်မှတ်ထားပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပို့ကုန်ဝင်ငွေသတ်မှတ် လျာထားပေးသည့်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသွားပါသည်။

          ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိမိတိုင်းသည် စပါး/ဆန် အများဆုံး စိုက်ပျိုးထုတ်လုပ်သည့် စပါးကျီဖြစ်သည့်နှင့်အညီ မိုး/နွေ စပါးစိုက်ဧက (၅၂) သိန်း၊ ပဲစိုက်ဧက (၁၇) သိန်း၊ ဆီထွက်သီးနှံ နေကြာ စိုက်ဧက (၁.၃) သိန်းစိုက်ပျိုးပြီး ယခုနှစ်ကုန်ထိ နေကြာစိုက်ဧက (၂.၂) သိန်းလျာထားဆောင်ရွက်လျက်ရှိကြောင်း ပဲပုတ်ကိုလည်း စိုက်ဧက (၁) သိန်း လျာထားဆောင်ရွက်လျက်ရှိကြောင်း ၊ ပေါ်ဆန်းနှင့်ပတ်သက်၍ Brand ထုတ်ကုန်ဖြစ်အောင် အထူးကြိုးစား ဆောင်ရွက်နေကြောင်း၊ Export Zone ထူထောင်ခြင်း ၊ Contract Farming ဆောင်ရွက်ခြင်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ မတ်လ (၂) ရက်နေ့၊ တောင်သူလယ်သမားနေ့တွင် စိုက်ပျိုးရေးဆိုင်ရာ မျိုး၊ မြေ၊ ရေ နည်းအသုံးချ၍ ဧရာဝတီ ပေါ်ဆန်းဖိုရမ်တစ်ရပ်ကို ကျင်းပခဲ့ပြီး ဆွေးနွေးပွဲဖော်ထုတ်ချက်ရလာဒ်များကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျဲခင်းစနစ်လျော့နည်းပပျောက်ရေး တစ်နှစ်ထက်တစ်နှစ် လျော့နည်းစေရန် Drum Seeder များ အသုံးပြု၍  ဆောင်ရွက်နေကြောင်း  ၊ နှစ်စဉ်ပြည်ပဆန် တင်ပို့တန်ချိန် ထက်ဝက်ကို ဧရာဝတီတိုင်းဒေသကြီးမှ တင်ပို့ပေးလျက်ရှိကြောင်း၊ တိုင်းပြင်ပ ဆန်စီးထွက်မှုကိုလည်း တိုးလ်ဂိတ်များမှတစ်ဆင့် စိစစ်ဆောင်ရွက်ပေးနေပါကြောင်း၊ ပီလောပီနံ သီးနှံကိုလည်း တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ယခင်နှစ်ထက်ပိုမို ချိတ်ဆက်တင်ပို့လျက်ရှိကြောင်း ထုတ်ကုန်ပစ္စည်းများကို တန်ဖိုးမြင့်၍ ပီလောပီနံကွင်းခြောက် ၊ ဆန်၊ ကြာဇံ၊ ဆန်မှုန့် ၊ ဆန်ခေါက်ဆွဲ ၊ MSME လုပ်ငန်းငယ်များဖြင့် ကြိုးစားဆောင်ရွက်နေပါကြောင်း ၊ စိုက်ပျိုးပြီး ပဲပုတ် ၊ နေကြာများကို အစားထိုးဆီထွက်သီးနှံအဖြစ် ဆောင်ရွက်နေပြီး ပဲပုတ်ဆီကြိတ်စက်ရုံ ထူထောင်မည့် လုပ်ငန်းရှင်များကို တွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသွားပါသည်။

          ဧရာဝတီတိုင်းဒေသကြီး စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ARCCI) ဥက္ကဋ္ဌမှ လျာထား သတ်မှတ်ထားသည့် မြေပေါ်တွင် အသင်းရုံးအမြန်ဆုံးတည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌမှလည်း ကောက်ညှင်းအပြင် ပေါ်ဆန်းနွေစပါးကိုလည်း စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ပါကြောင်း၊ ဆန်စက်အပိုပစ္စည်းများကိုလည်း ဆက်လက်တင်သွင်းခွင့်ပြုစေလိုပါကြောင်း၊ ဆန်ထွက်ပစ္စည်း ပြည်ပသို့တိုက်ရိုက် တင်ပို့သည့် Wilmar Co., Ltd မှ တာဝန်ရှိသူမှ ဆန်ကို E.U နိုင်ငံများ၊ ဆန်ကွဲကို အင်ဒိုနီးရှား၊ ဖိလစ်ပိုင် ၊ တရုတ်များသို့ တိုင်းအတွင်းမှ တင်ပို့နိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

          နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးမှ မြန်မာပေါ်ဆန်းမွှေးဆန်များအား ရှရှား၊ တရုတ်၊ ဘီလာရုနိုင်ငံများနှင့် ဆက်သွယ်ချိတ်ထားရှိမှုနှင့် ရောင်းချရန်အတွက် စာချုပ်ချုပ်ဆို ထားကြောင်း စီးပွားရေးကောင်းမွန်ရန် လုပ်ငန်းရှင်၊ အစိုးရအဖွဲ့၊ အသင်းအဖွဲ့၊ ဌာနဆိုင်ရာများ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိလာရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ