သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်လေးပင်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး၊ သောက်ဆေးအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင် ဦးစီးမှုးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို ကြိုးစား ပမ်းစား ဆောင်ရွက်လျက်ရှိရာ ၆.၁၁.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူးနှင့် အဖွဲ့တို့ သည် ညောင်လေးပင်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး၊ သောက်ဆေးအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ ညောင်လေးပင် ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် ဌာနခွဲစာရေး ဒေါ်ကြည်ကြည်ထွန်း၊ အကြီး တန်းစာရေး ဒေါ်ဝါဝါအောင်၊ အငယ်တန်းစာရေး ဦးခွန်ကျော်ဝင်းထွန်းတို့သည်  ညောင်လေးပင်မြို့ ပေါ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ဈေးကွက်ထဲ၌ ဆရာဝန်ညွှန် ကြားချက်မလိုသော အိမ်သုံးဆေးဝါး၊ သောက်ဆေးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ သက်တမ်းကျော်လွန်သော ဆေးဝါးများ ရောင်းချခြင်း ရှိ/ မရှိတို့ကို  စစ်ဆေးခဲ့ပါသည်။  စစ်ဆေးချက်များအရ ညောင်လေးပင်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာပါရှိကာ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိကြောင်း သတင်း ရရှိပါသည်။

DOCA(ပဲခူး)

ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံပွဲအား စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တက်ရောက်

  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများဖြစ်သည့် စားသုံးသူရေးရာဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မူပိုင်ခွင့် ဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပွဲအား ၃၁.၁၀.၂၀၂၅ ရက်နေ့တွင် ကျင်းပပြု လုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်တကွ အရာထမ်း၊ အမှုထမ်းများမှ တက်ကြွစွာ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

     ထိုတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ဦးစီးဌာနလက်အောက်ရှိ အရာထမ်း၊ အမှုထမ်းများအား ဝန်ကြီးဌာန၏ မူဝါဒ၊ သဘောထား၊ ရှေ့ဆက်လုပ်ဆောင်မည့် စီမံကိန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ဦးစီး ဌာနတစ်ဦးချင်းစီလက်အောက်ရှိ အရာထမ်း၊ အမှုထမ်းများ အနေဖြင့်လည်း ပြည်သူလူထု၏ အကျိုး၊ နိုင်ငံတော်၏ အကျိုးစီးပွားကို သယ်ပိုးဆောင်ရွက်ကြရန်၊ ကျရာတာဝန်များကို ကျေပွန်အောင် ထမ်း ဆောင်ကြစေလိုကြောင်း မှာကြားခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဝန်ထမ်းများမှလည်း Online (Zoom Meeting)ဖြင့် တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဒိုက်ဦးမြို့အတွင်းရှိ အွန်လိုင်းဖြင့် ရောင်းချသော ခရီးသွားဝန်ဆောင်မှု လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

  ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင် လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိတို့ကို အားတက်တရော ဆောင်ရွက်လျက်ရှိရာ  ၂၉.၁၀.၂၀၂၅ ရက်နေ့၌ ဒိုက်ဦးမြို့ရှိ  အွန်လိုင်းလုပ်ငန်းတစ်ခုအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေး ဦးနေမျိုး ဝင်းတို့သည် ရွှေညောင်ပင်ကျေးရွာ၊ ဆင်စခန်းကျေးရွာအုပ်စု၊ ဒိုက်ဦးမြို့ရှိ “ ကျော်ဇင်ဝေ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း ” အွန်လိုင်းအမည်ဖြင့် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းကို မှတ်ပုံတင်ထားရှိမှု အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက လျှောက်လွှာပုံစံတွင် ဖြည့်သွင်း ထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိရမည်ဖြစ်ကြောင်း၊ ရောင်းချရန်တင်ပြ ထားသော ကုန်ပစ္စည်း (သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချရန်၊ လျှောက်လွှာတွင် ဖြည့်သွင်းထားသည်များနှင့် မကိုက်ညီလျှင် စားသုံးသူ ကာကွယ်ရေး ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းတို့ကို ဟောပြောရှင်းပြခဲ့ပါသည်။ ထို“ ကျော်ဇင်ဝေ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း ” သည် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းကို အွန်လိုင်းမှတစ်ဆင့် ဖြန့်ချိ ရောင်းချမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

လပွတ္တာခရိုင် မော်ကျွန်းမြို့နယ်၊ ဗိုလ်ချုပ်ဈေးရှိ လက်လီ/ လက္ကား ဆန်အရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်  မြို့နယ်တာဝန်ခံဦးမင်းဇော်လတ်သည် (၁၀.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၀၁၀;၃၀)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဗိုလ်ချုပ်ဈေးရှိ ဆန်လက်လီ လက္ကား အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ လက််လီ၊ လက္ကား ရောင်းချနေသော ဆိုင်ရှင်များအား ဆန်ဈေးနှုန်းကြီးမြင့်နေမှုကို ဆိုင်ရှင်များအနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်း ချခြင်းမပြုကြရန် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချပေးရန်၊ ဆန်ဈေးနှုန်းများကို အများ ပြည်သူမြင်သာသောနေရာတွင် မြင်သာသောအရွယ်အစားဖြင့် ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ ဆန်စပါးသိုလှောင်မှု အနေဖြင့် မြန်မာ့ဆန်စပါး အွန်လိုင်း Myanmar Rice Online (My RO) တွင် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် မြောင်းမြမြို့နယ်၊ကူတို့ဈေးရှိ လက်လီ/ လက္ကားရောင်းချနေသောမြနှင်းဝေဆန်ဆိုင်အား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်  မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးသည် (၁၀.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကူတို့ဈေးရှိ လက်လီ လက္ကား ရောင်းချနေသောမြနှင်းဝေဆန်ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ လက််လီ၊ လက္ကား ရောင်းချနေသော ဆိုင်ရှင်များအား ဆန်ဈေးနှုန်းကြီးမြင့်နေမှုကို ဆိုင်ရှင်များအနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်း ချခြင်းမပြုကြရန် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချပေးရန်၊ ဆန်ဈေးနှုန်းများကို အများ ပြည်သူမြင်သာသောနေရာတွင် မြင်သာသောအရွယ်အစားဖြင့် ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ ဆန်စပါးသိုလှောင်မှု အနေဖြင့် မြန်မာ့ဆန်စပါး အွန်လိုင်း Myanmar Rice Online (My RO) တွင် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဟင်းလျာများတွင် အရောင်အနံ့ အရသာအတွက် အသုံးပြုပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်းစစ်ဆေးခြင်း

          မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ  ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများသည် (၇.၁၁.၂၀၂၅) ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကုန်စုံဆိုင် (၈)ဆိုင်မှ ‌ရောင်းချသည့်  ဟင်းလျာများတွင် အသုံးပြုသော အရောင်အနံ့ အတွက်အသုံးပြုသော ဟင်းခတ်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်အမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။

           စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ  ကုန်စုံဆိုင်များမှ ရောင်းချနေသော  ဟင်းခတ်အချိုမှုန့်အမျိုးမျိုးတို့တွင် မြန်မာဘာသာဖြင့်ကုန် အညွှန်းအမှတ်အသား ဖော်ပြပါဝင်မှုရှိ/မရှိ အဓိကစစ်ဆေးခဲ့ပြီး တရားမဝင်ကုန်စည်များရောင်းချမှု မရှိစေရေးနှင့် သက်တမ်းလွန် ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ညောင်တုန်းမြို့နယ် ဈေးကွက်အတွင်း သတ်မှတ်ချက်များနှင့်အညီ ထုတ်ကုန်များရောင်းချနေကြောင်း တွေ့ရှိရပြီး သက်တမ်းလွန်ကုန်စည်များရှိပါက ရောင်းချခြင်းမရှိစေရန် ဆိုင်ရှင်များအား မှာကြားခဲ့ပြီး ဈေးကွက်အတွင်း သက်တမ်းလွန်ကုန်စည် များရောင်းချနေခြင်း တွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြေင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင် မော်ကျွန်းမြို့နယ်၊ ယမုံနာလမ်းရှိ လက်လီ/ လက္ကား ဆန်အရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်  မြို့နယ်တာဝန်ခံဦးမင်းဇော်လတ်သည် (၁၁.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၀၁၀;၃၀)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ယမုံနာလမ်းရှိ ဆန်လက်လီ လက္ကား အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ လက််လီ၊ လက္ကားရောင်းချနေသော ဆိုင်ရှင်များအား ဆန်ဈေးနှုန်းကြီးမြင့်နေမှုကို ဆိုင်ရှင်များအနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်း ချခြင်းမပြုကြရန် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချပေးရန်၊ ဆန်ဈေးနှုန်းများကို အများ ပြည်သူမြင်သာသောနေရာတွင် မြင်သာသောအရွယ်အစားဖြင့် ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ ဆန်စပါးသိုလှောင်မှု အနေဖြင့် မြန်မာ့ဆန်စပါး အွန်လိုင်း Myanmar Rice Online (My RO) တွင် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

လပွတ္တာခရိုင် ၊လပွတ္တာမြို့နယ်၊ (၆)ရပ်ကွက်အတွင်းရှိ လက်လီ/ လက္ကား ဆန်အရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်  မြို့နယ်တာဝန်ခံဦးမြင့်ဌေးသည် (၁၁.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၀၉;၃၀)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၆)ရပ်ကွက်ရှိ လက်လီ လက္ကား ရောင်းချနေသော အိုကေထွန်းဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ လက််လီ၊ လက္ကား ရောင်းချနေသော ဆိုင်ရှင်များအား ဆန်ဈေးနှုန်းကြီးမြင့်နေမှုကို ဆိုင်ရှင်များအနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်း ချခြင်းမပြုကြရန် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချပေးရန်၊ ဆန်ဈေးနှုန်းများကို အများ ပြည်သူမြင်သာသောနေရာတွင် မြင်သာသောအရွယ်အစားဖြင့် ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ ဆန်စပါးသိုလှောင်မှု အနေဖြင့် မြန်မာ့ဆန်စပါး အွန်လိုင်း Myanmar Rice Online (My RO) တွင် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

DOCA (ဧရာဝတီ)

ဟင်းလျာများတွင် အရောင်အနံ့ အရသာအတွက် အသုံးပြုပစ္စည်းအမျိုးမျိုး ကုန်အညွှန်းစစ်ဆေးခြင်း

          မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ  ဒေါ်ချိုမီဇင် ဒုဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၇-၁၁-၂၀၂၅) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကုန်စုံဆိုင် (၆)ဆိုင်မှ ‌ရောင်းချသည့်  ဟင်းလျာများတွင် အသုံးပြုသော အရောင်အနံ့အတွက်အသုံးပြုသော ဟင်းခတ်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်အမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

         စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကုန်စုံဆိုင်များဖြစ်သော ကုန်မျိုးစုံလက်ကား အရောင်းဆိုင်ကြီးများတွင်  ရောင်းချနေသော ဟင်းမွေးမဆလာ၊ ခရုအဆီ၊ ဟင်းခတ်အမှုန့်များ၊ လျှာလကာရည်၊ ငံပြာရည်အမျိုးမျိုး၊ အမွေးအကြိုင်အတွက်အသုံးပြုသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်ခြင်းရှိ/မရှိ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက် ပါဝင်မှုရှိမရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မြို့နယ် ဈေးကွက် အတွင်း သတ်မှတ်ချက်များနှင့်အညီ ထုတ်ကုန်များရောင်းချနေကြောင်း တွေ့ရှိရပြီး သက်တမ်းလွန်ကုန်စည်များရှိပါက ရောင်းချခြင်းမရှိစေရန် ဆိုင်ရှင်များအားမှာကြားခဲ့ပြီး ဈေးကွက်အတွင်း သက်တမ်းလွန်ကုန်စည်များရောင်းချနေခြင်းတွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ ဈေးရပ်ကွက်ရှိ လက်လီ/ လက္ကား ဆန်အရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်  ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၁၁.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဈေးရပ်ကွက်ရှိ လက်လီလက္ကားရောင်းချနေသော မြတ်မင်းဇော်ဆန်ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ လက််လီ၊ လက္ကား ရောင်းချနေသော ဆိုင်ရှင်များအား ဆန်ဈေးနှုန်းကြီးမြင့်နေမှုကို ဆိုင်ရှင်များအနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်း ချခြင်းမပြုကြရန် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချပေးရန်၊ ဆန်ဈေးနှုန်းများကို အများ ပြည်သူမြင်သာသောနေရာတွင် မြင်သာသောအရွယ်အစားဖြင့် ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ ဆန်စပါးသိုလှောင်မှုအနေဖြင့် မြန်မာ့ဆန်စပါးအွန်လိုင်း Myanmar Rice Online (My RO) တွင် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ