သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်ဦးမြို့ရှိ ဈေးကွက်မရောက်မီ ကုန်စည်များအားဈေးကွက်စောင့်ကြည့်စစ်ဆေး

                                 စားသုံးသူရေးရာဦးစီးဌာန၊  ညောင်ဦးတာဝန်ခံရုံးအနေဖြင့် (၂၀.၃.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ညောင်ဦးမြို့ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များ လုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ဥပဒေများနှင့်အညီ ထုတ်လုပ်နိုင်စေရေးအတွက်  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကိုစဉ်ဆက်မပြတ်ဆောင်ရွက်ရှိရာခရိုင်တာဝန်ခံဦးတင်မျိုးခိုင်နှင့်ဝန်ထမ်းများသည်ညောင်ဦးမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ သန့်သန့်လေး၊ ရွှေပုံပုံ အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းခွင်များသို့ ကွင်းဆင်းခဲ့ပါသည်။

                ခရိုင်တာဝန်ခံမှ MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိ ရာ လုပ်ငန်းသုံးစားအုန်းဆီများကိုလည်း လုပ်ငန်းခွင်များတွင် မှန်ကန်စွာ သုံးစွဲရမည်ဖြစ်ပါ ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းပစ္စည်းများသည် အရည်အသွေး ကောင်းမွန်မှုရှိရန်၊ မိမိတို့ထုတ်လုပ်သော ကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာဖြင့် ထုတ်လုပ်၍ ကျန်းမာရေးနှင့် ညီညွတ်ရန် အထူးအလေးထား လုပ်ဆောင်ကြရန်၊ ကုန်စည်နှင့် သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရမည် ဖြစ်ပြီး၊ စားသုံး သူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များ ကိုလည်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း အသိပညာပေး၍ ဈေးကွက်မရောက်မီ ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

  DOCA(မန္တလေး)

                 

 

ကျောက်ပန်းတောင်းမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

                           ကျောက်ပန်းတောင်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်(၃၂)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ မှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့များဖြင့်မြို့ပေါ်ရှိစက်သုံးဆီဆိုင်များသို့ (၂၀.၃.၂၀၂၆)ရက်နေ့၊ နေ့လည် ၁၄:၃၀ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကြီးကြပ်ရေးကော်မတီမှ ၂၀.၃.၂၀၂၆ ရက်နေ့ တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးမှာ 92 Octance (၃၇၂၅)ကျပ်၊ 95 Octance(၃၉၆၀)ကျပ်၊ ရိုးရိုးဒီဇယ်(၄၅၀၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၄၉၃၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်း ဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက 92 Octance တစ်လီတာလျှင် (၇၈၅)ကျပ်၊ 95 Octance တစ်လီတာလျှင်(၉၁၅)ကျပ်၊ ရိုးရိုး ဒီဇယ် တစ်လီတာလျှင် (၁၁၈၀)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင်(၁၂၆၀) ကျပ် ဈေးနှုန်းများတက်ခဲ့ကြောင်း သိရှိရသည်။             

           မြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်များကို စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစေရေး၊ ဈေးနှုန်းမှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် စသည်တို့ကို ဆွေးနွေးပြော ကြားခဲ့ကြသည်။   

DOCA(မန္တလေး)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

          ၂၀၂ ခုနှစ်၊ မတ်၂၇ ရက်နေ့၊ (၁၀း၀၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၀)ပေပါကို ယာဉ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် 7P-7112/ Hino မော်တော်ယာဉ်ဖြင့်လည်းကောင်း၊ (၂၈.၃.၂၀၂၆) ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် Myanmar Oil Alliance Co,Ltd မှ စားအုန်းဆီ (၇၂) ပေပါကို ယာဉ်မောင်း ဦးဉာဏ်လင်းအောင်၊ ယာဉ်အမှတ် 2I-7044/ Nissan မော်တော်ယာဉ်ဖြင့်လည်းကောင်း၊ (၃၀.၃.၂၀၂၆) ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် Kaung Hlyan New Asia Co,Ltd မှ (၆၅) ပေပါနှင့် Yadanarbon Global Network Distribution Co,Ltd မှ စားအုန်းဆီ (၃၅) ပေပါတို့ကို ယာဉ်မောင်း ဦးကောင်းမြတ်၊ ယာဉ်အမှတ် 7F-3777/ Nissan မော်တော်ယာဉ်ဖြင့်တင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်း ဒေသကြီးဦးစီးမှူး ဦးစိုးဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်း‌ရေးမှူးနှင့် ထားဝယ်ခရိုင် စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများကသွားရောက် စစ်ဆေးခဲ့ ကြောင်း၊ အဆိုပါ ရောက်ရှိလာသော စားအုန်းဆီများအား ကုမ္ပဏီ၏လက်ကားအ​ရောင်း ကိုယ်စား လှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်၊နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင် အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်အရောင်းပြခန်းဖွင့်လှစ်ခွင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

              မန္တလေးတိုင်းဒေသကြီး၊မော်တော်ယာဉ်အရောင်းစင်တာမြေပြင်စစ်ဆေးရေးအဖွဲ့ဝင်(၇)ဦး ပါဝင်သည့်အဖွဲ့အနေဖြင့်  လျှပ်စစ်သုံးမော်တော်ယာဉ်အရောင်းပြခန်းနှင့် ၂ဘီး/ ၃ ဘီး မော်တော် ဆိုင်ကယ်အရောင်းပြခန်းဖွင့်လှစ်ခွင့်တင်ပြထားသည့်နေရာများသို့ သွားရောက်၍   ပြခန်းအတွက် အနိမ့်ဆုံးသတ်မှတ်ထားသည့်သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမရှိ  ကွင်းဆင်းစစ်ဆေးခြင်းနှင့်တင် ပြခြင်းလုပ်ငန်းများဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။၁၉.၃.၂၀၂၆ ရက်နေ့နေ့လည်(၁၃:၀၀) နာရီအချိန်တွင် Triple  Cicrcle Industry Co.,Ltd. (Yadea Brand) ၏လျှပ်စစ်သုံး၂ဘီး/၃ဘီး မော် တော်ဆိုင်ကယ်အရောင်း ပြခန်း ဖွင့်လှစ်ခွင့်တင်ပြထားသည့်မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊(ဈ)ရပ်ကွက်၊၅၁ လမ်းနှင့် ၁၃၅ လမ်းထောင့်၊ အကွက်အမှတ်(ပပ-၄၈)၊ အိမ်အမှတ်(၁)နေရာ သို့  သွားရောက်၍  လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်အရောင်းပြခန်းအတွက် သတ်မှတ်ထားသည့် အနိမ့်ဆုံးသတ်မှတ်ချက်များနှင့်အညီဆောင်ရွက်ထားမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့်တင်ပြခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)

 

 

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးတင်စိုးနိုင် (ဦးစီးမှူး)နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ အွန်လိုင်းမှတ်ပုံတင်ရာတွင် ဖော်ပြထားသည့်အချက်များ ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/မရှိတို့ကို (31-3-2026) ရက်နေ့၊ နံနက်(10:၀၀) နာရီအချိန်တွင် အိမ်အမှတ် (1524)၊ မြစ်ငယ်(10) လမ်း၊ ရွှေကြာပင်ရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်ရှိ “ C9 Online Shop” လူသုံးကုန်ပစ္စည်များရောင်းချသည့်လုပ်ငန်းသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ      မေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့‌ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးတင်စိုးနိုင် (ဦးစီးမှူး)နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ အွန်လိုင်းမှတ်ပုံတင်ရာတွင် ဖော်ပြထားသည့်အချက်များ ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/မရှိ တို့ကို (31-3-2026) ရက်နေ့၊နံနက်(11:၀၀) နာရီအချိန်တွင်ဆိုင်အမှတ်(န-9)၊ မိုးသောက်ပန်းလမ်း၊ ဒက္ခိဏသီရိ ရပ်ကွက်၊ ဒက္ခိဏသီရိမြို့နယ်ရှိ “ Wai Phyar Kyaw ”ဖန်စီပစ္စည်းများနှင့်လူသုံးကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ      မေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့‌ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

     စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၆ ခုနှစ်၊ မတ်အတွင်း လုပ်ငန်းရှင် ၁၅ ဦးက အပ်နှံလာသော သီးနှံ အမျိုးအစားမျိုး၊ စုစုပေါင်းနမူနာအရေအတွက် ၅၀ ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၆၈ ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

     ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း လယ်ယာထွက်ကုန် ပို့ကုန်များအား တရုတ်၊ ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ဆန်ဖြူ၊ ဆန်ကွဲ၊ နှမ်းနက်သိပ္ပံ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲလွန်း၊ ပဲယင်းနှင့် ထောပတ်ပဲ တို့တွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါရှိမှု၊ မှိုဆိပ် ပါရှိမှု၊ သီးနှံဓာတု အရည်အသွေးနှင့် သီးနှံရူပအရည်အသွေးစသည့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးဓာတ်ကြွင်းဓာတ်ခွဲခန်းမှ ၄၈ ခု၊  မှိုဆိပ်ဓာတ်ခွဲခန်းမှ ၁၂ ခု၊ ဆီနှင့်ဆီထွက်သီးနှံဓာတ်ခွဲခန်းမှ ၁ ခု၊ သီးနှံဓာတု ဓာတ်ခွဲခန်း မှ ၅ ခု၊ သီးနှံရူပဓာတ်ခွဲခန်းမှ ၂ ခု၊ စုစုပေါင်းဓာတ်ခွဲစမ်းသပ်မှု ၆၈ ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online - MyRO) တွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ထားရှိမှု

        ဆန်စပါးသိုလှောင်မှုလုပ်ငန်းများ၊ သိုလှောင်မှုအခြေအနေများနှင့် နိုင်ငံအနှံ့ရှိ သိုလှောင် ရုံများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျမှတ်ပုံတင်နိုင်သည့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice OnlineMy RO) အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

           မြန်မာဆန်စပါးအွန်လိုင်း (My RO) တွင် အွန်လိုင်းစနစ်ဖြင့် သိုလှောင်ရုံမှတ်ပုံတင်ခြင်း လုပ်ငန်းများကို သိုလှောင်ရုံအကျယ်အဝန်း သတ်မှတ်ချက်များအလိုက် အုပ်စု ၄ စုခွဲ၍ ကောက်ခံ လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက် နေ့ထိ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မှတ်ပုံတင်ထားသည့် ဆန် စပါးသိုလှောင်ရုံ ၅,၆၇၈ လုံး မှတ်ပုံတင်ထားရှိပါသည်။

 

၂၀၂၆ခုနှစ်၊ မတ်လအတွင်း ကန့်ဘလူခရိုင်၏ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်နိုင်မှု

                    စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေ ရန်မိမိတို့၏ရပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့် အခွင့်အရေးများကို သိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း၍ လစဉ်စား သုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

                           ၂၀၂၆ခုနှစ်၊ မတ်လအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲများကို ကန့်ဘလူမြို့နယ် တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ပူးပါင်း၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Showအား လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Centre)ခန်းမ၌  ဖွင့်လှစ်သော နွေရာသီ အင်္ဂလိပ်စာ၊ ပန်းချီသင်တန်းတွင် ကျောင်းသား/ကျောင်းသူများအားလည်း ကောင်းအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ရာ စားသုံးသူများအနေဖြင့် စားသုံးသူကာ ကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များကိုလည်းကောင်း၊ ကုန်စည်များကိုရွေး ချယ် ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကို သေချာစိစစ်ကြရန် လိုအပ်ကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူ နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် စားသုံးသူရေးရာဦးစီးဌာန၏ Facebook Page DOCA Myanmar Mobile Application ဌာန၏ Website တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်များတွင် ဖွင့်လှစ်ထားသည့် (CICC)များကို လူကိုယ် တိုင်လာရောက်၍လည်းကောင်း၊ Consumer Call Center 1535ကို ခေါ်ဆို၍တိုင်ကြားနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း Online မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရ မည့်အချက်များ၊ မှတ်ပုံတင် လက်မှတ်ရရှိသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ Onlineမှတဆင့် ဝယ်ယူရာတွင် လိမ်လည်မှုမခံရအောင် သိရှိရမည့် အချက်များကို ရှင်းလင်းဆွေးနွေးအသိပညာ ပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင်၏ မတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်ကွင်းဆင်းတွေ့ဆုံခြင်း

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEsလုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ် စီးပွားရေး လုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်()ရပ်ကွက်ရှိ သီရိရတနာဆန်စက် လုပ်ငန်းရှင် နှင့်ကွင်းဆင်းတွေ့ဆုံ၍ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းပြီးလုံခြုံ စိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန်စသည် တို့ကိုရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ ကျွန်းလှမြို့နယ် တာဝန်ခံသည် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ ခေတ်ကြိုက်သောက်ရေသန့်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံ၍ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ် ချရမှုရှိစေရေးအတွက် ဆောင်ရွက်ရမည့်အစီအမံများ၊ အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်ထား မှုဆိုင်ရာတို့ကို ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံး သူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်းနှင့် မိမိတို့ထုတ်လုပ်သည့် ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေ ရေးဆောင်ရွက်သွားရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ