သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Mytel Telecom International Myanmar Co.,Ltd. ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအား စောင့်ကြည့်စစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ခရိုင်ရုံးဝန်ထမ်း(၂)ဦးသည် မြို့နယ်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၂၇)ရက်နေ့တွင် စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်ရှိ Mytel Telecom International Myanmar Co.,Ltd. ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအား စောင့်ကြည့်စစ်ဆေးခဲ့ ပါသည်။

          Mytel Telecom International Myanmar Co.,Ltd. ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအား ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများ သို့ ညွှန်ကြားထားသည့် အချက်(၁၁)ချက်အပေါ် အခြေခံ၍ စစ်ဆေးခဲ့ရာ အချက်(၁၁)ချက်အပေါ် စီစဉ်ဆောင်ရွက်ထားသည်ကို စိစစ်တွေ့ရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန်၊ အင်တာနက်ဝန်ဆောင်မှု များနှင့် ပတ်သက်၍ လိုအပ်သော သတင်းအချက်အလက်မျာကို စားသုံးသူထံ  ပြည့်စုံမှန်ကန်စွာနှင့် ရှင်းလင်းစွာ ကြိုတင်အသိပေးခြင်းမျာ ဆောင်ရွက်ပေးရန်၊ အင်တာနက်ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး စားသုံးသူစိတ်ကျေနပ်မှုမရှိ၍ တိုင်ကြားမှုအများဆုံး ဖြစ်ပေါ်လာသည့်အတွက် စားသုံးသူစိတ်ကျေနပ် မှုရှိပြီး စားသုံးအခွင့်အရေးအပြည့်အဝရရှိအောင် Mytel Telecom International Myanmar Co.,Ltd. အနေဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း အသိပညာပေးခဲ့ပြီး  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်းဆိုင်ရာ အချက်အလက်များကို ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြောင်းမြခရိုင်၊မော်ကျွန်းမြို့နယ်(၁၂)ရပ်ကွက်ရှိလက်လီ/လက်ကား ရောင်းချနေသောစိုးစန္ဒာထွန်းဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ် နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (..၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် မော်ကျွန်းမြို့နယ်အမှတ်(၁၂)ရပ်ကွက်ရှိ လက်လီ/လက်ကားရောင်းချနေသော ဒေါ်စိုးစန္ဒာထွန်းဆန်ဆိုင်အား သတ်မှတ် ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံမှ မော်ကျွန်းမြို့နယ်အမှတ်(၁၂)ရပ်ကွက်ရှိ လက်လီ/လက်ကား ရောင်းချနေသောဒေါ််စိုးစန္ဒာထွန်း ဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်း မြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ်မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊လပွတ္တာမြို့နယ် အမှတ်(၅)ရပ်ကွက်အတွင်းရှိလက်လီ/လက်ကား ရောင်းချနေသောဦးဌေးနိုင် ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (..၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် လပွတ္တာမြို့နယ် ()ရပ်ကွက်အတွင်းရှိ လက်လီ/လက်ကားရောင်းချနေသောဦးဌေးနိူင်ဆန်ဆိုင်အား သတ်မှတ် ရည်ညွှန်း ဈေး ဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ လပွတ္တာမြို့နယ်()ရပ်ကွက်အတွင်းရှိ လက်လီ/ လက်ကား ရောင်းချနေသော ဦးဌေးနိူင်ဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့် တင်ရောင်းချခြင်းမပြုရန်၊ သတ််မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ် ရေကျော်ရပ်ကွက်အတွင်းရှိလက်လီ/လက်ကား ရောင်းချနေသောဦးအောင်ထိုက် ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (..၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀) အချိန်တွင် ဝါးခယ်မမြို့နယ် ရေကျော်ရပ်ကွက်အတွင်းရှိ လက်လီ/လက်ကားရောင်းချနေသောဦးအောင်ထိုက်ဆန်ဆိုင်အား သတ်မှတ် ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့နယ်ဈေးရပ်ကွက်ရှိ လက်လီ/ လက်ကား ရောင်းချနေသော ဦးအောင်ထိုက်ဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင် ရောင်းချခြင်းမပြုရန်၊ သတ်မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“ရွှေကြိုးကြာ” စားသောက်ကုန်လုပ်ငန်းသို့ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ခရိုင်ရုံးဝန်ထမ်း(၂)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၂၇)ရက်နေ့တွင် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ “ရွှေကြိုးကြာ” စားသောက်ကုန် လုပ်ငန်းသို ကွင်းဆင်း၍   ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စောင့်ကြည့်စစ်ဆေးရာတွင် “ရွှေကြိုးကြာ” စားသောက်ကုန်လုပ်ငန်းမှ ထုတ်လုပ်သည့် “999”အမှတ်တံဆိပ် ဂျုံခေါက်ဆွဲ(၃၀၀)ဂရမ် ကုန်စည်အမျိုးအစားအား စစ်ဆေးခဲ့သည်။ “999” အမှတ်တံဆိပ် ဂျုံခေါက်ဆွဲ(၃၀၀)ဂရမ် အထုပ်များပေါ်တွင် အမှတ်တံဆိပ်၊ အမျိုးအမည်၊ အသားတင် အလေးချိန်၊ သုံးစွဲမှုအညွှန်း၊ ထားသိုပုံအညွှန်း၊ ဓာတ်မတည့်မှုသတိပေးချက်များးအား မြန်မာဘာသာ ဖြင့် ပြည့်စုံစွာဖော်ပြထား၍ (၂/၂၀၁၉)ညွှန်ကြားချက်နှင့်အညီ ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိရသည်။     ‌စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန် ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက် များကို ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)      

မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် အောင်ဆန်းဈေးရှိလက်လီ/လက်ကား ရောင်းချနေသောဒေါ်စန်းစန်းဌေးဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (..၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် အိမ်မဲမြို့နယ် အောင်ဆန်းဈေးရှိ လက်လီ/လက်ကားရောင်းချနေသောဒေါ်စန်းစန်းဌေးဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ အိမ်မဲမြို့နယ်အောင်ဆန်းဈေးရှိ လက်လီ/လက်ကား ရောင်းချနေသော ဒေါ်စန်းစန်းဌေးဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင် ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်း မပြုရန်၊ သတ်မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊မြောင်းမြမြို့နယ် ညောင်ပင်ကြီးဈေးအတွင်းရှိလက်လီ/လက်ကား ရောင်းချနေသောစူပါဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဠ်ဦးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (..၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀) အချိန်တွင် မြောင်းမြမြို့နယ် ညောင်ပင်ကြီးဈေးအတွင်းရှိ လက်လီ/လက်ကားရောင်းချနေသောစူပါဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်တာဝန်ခံမှ မြောင်းမြမြို့နယ်ညောင်ပင်ကြီးဈေးရှိ လက်လီ/ လက်ကား ရောင်းချနေသောစူပါဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်း မပြုရန်၊ သတ်မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်း နှင့်ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အိမ်သုံးဆေးဝါး အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ၊ လွယ်ကူလျင်မြန်စွာ ဝယ်ယူအသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် အိမ်သုံးဆေးဝါးများ၊ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်ခြင်းရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင် များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး ဆေးနှင့်ဆေးပစ္စည်းများကို သိုလှောင်ခြင်းများ ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)        

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၅.၉.၂၀၂၅)ရက်နေ့၊ နံနက်(၈:၀၀)အချိန်တွင် မြို့နယ်ကုန်ဈေူနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သာသနာဗိမာန်ကျောင်းတွင် ဆန်၊ စားအုန်းဆီ၊ကြက်ဉတို့ကို သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

     ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံးကို(၃၅၀)ကျပ်၊ ဆန်တစ်ပြည်ကို (၂၀၀၀)ကျပ်၊ ဆီတစ်ပိဿာကို(၇၀၀၀)ကျပ် အစရှိသည့် ဈေးနှုန်းများဖြင့် စားသုံးသူပြည်သူများအား မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၇)ရပ်ကွက်၊ နန္ဒဝန်ဈေးရှိ ဆီရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအား ဆီရောင်းချမှုများနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေး သည်(၄.၉၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၂:၀၀)အချိန်တွင် လပွတ္တာမြို့နယ်  အမှတ်(၇)ရပ်ကွက်၊ နန္ဒဝန်ဈေးရှိ ဆီရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအား မြို့နယ်တာဝန်ခံရုံးတွင် ဆီရောင်းချမှုများနှင့်ပက်သတ်၍ အသိပညာပေးဟောပြောခဲ့ပါသည်။

     ထိုသို့ဟောပြောရာတွင်မြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားခဲ့ပြီး ဆီရောင်းချရာတွင် သတ်မှတ်ဈေးနှုန်းဖြင့် ဗွီနိုင်းဆိုင်းဘုတ်များကို အများပြည်သူများသိရှိအောင်ချိတ်ဆွဲထားရန်၊ ဈေးနှုန်းမြင့်တင်ရောင်းချမှုများမပြုလုပ်စေရေး၊အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ အလေးချိန်မပြည့်ဝမှန်ကန်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေဖြင့် အရေးခံရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ