သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်

     ကချင်ပြည်နယ်၊   မြစ်ကြီးနားခရိုင်အတွင်း အွန်လိုင်းစနစ်ဖြင့်   ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင် ဦးစီးမှူးရုံးမှ‌‌ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၇.၉.၂၀၂၅ ရက်နေ့၊နေ့လယ် (၁၄:၃၀)နာရီအချိန်တွင်  မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်ရှိ D.Su ကချင်ဒေသထွက်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းရှင် (၁)ဦးနှင့်တွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်တာဝန်များ၊ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာ စာအမှတ်၅၀/၂၀၂၃အရအွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကိုအရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်ထားရှိမှုအခြေအနေ၊အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ မှတ်ပုံတင် လျှောက်ထားခြင်းနှင့်လျှောက်ထားမှုအတွက် သတ်မှတ်ချက်၊ ပြင်ဆင်လျှောက်ထားခြင်း၊ သက်တမ်းတိုး လျှောက်ထားခြင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်နှင့်အခွင့်အရေးများ၊ မှတ်ပုံတင်ထုတ်ပေးခြင်း၊ ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းဆိုင်ရာအကြောင်းအရာများ၊ eComReg SystemReportနှင့် ပတ်သက်သည့်အသုံးပြုရန် နည်းလမ်းများအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

 

ဒေါ်သီတာအောင် (ကုန်စုံဆိုင်)သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် ၈.၉.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်ရှိ ဒေါ်သီတာအောင် (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက် များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ DOOWEE DONUT အမှတ်တံဆိပ်ပါ ချောကလက်ဖြူနှင့် နို့အရသာဒိုးနတ် သည် အသင့်စားမုန့်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေ အတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို ကုန် အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်ပစ္စည်းအမျိုးမျိုး ရောင်းချဖြန့်ဖြူး ရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုမရှိသော ကုန်ပစ္စည်းများကို ဝယ်ယူဖြန့် ဖြူးရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

ကျောင်းမုန့်ဈေးတန်းဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဇေယျာအောင် သည် ၈.၉.၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၊ အ.ထ.က(၁) ကျောင်းမုန့်ဈေးတန်းရှိ လက်လီဖြန့်ဖြူးရောင်းချသော ‌‌ဦးဘိုဝင်း (ကျောင်းမုန့်ဈေးဆိုင်)သို့ သွား ရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ် ရှိသော ကုန်စည်များဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် SPEED အမှတ်တံဆိပ်ပါ အားဖြည့်အချိုရည်တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့်ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်းစစ်‌ဆေးတွေ့ရှိရပြီး ကျောင်းမုန့်ဈေးဆိုင်ပိုင်ရှင် ဦးဘိုဝင်း အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း မရောင်းချရန် အသိပညာ ပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ သည်။

DOCA(ကချင်)

 

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်)သည် ၈.၉.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်ရှိ ဒေါ်ဂျာဆိုင် ကုန်စုံဆိုင်သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် PREMIER အမှတ်တံဆိပ်ပါ အသင့်ဖျော်နှပ်ကော်ဖီတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင် ဒေါ်ဂျာဆိုင်အား ကုန်အညွှန်း အမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း မရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကျင်းပပြုလုပ်ပြီးစီးခြင်း

      (၁.၉.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံး၌ တိုင်းဦးစီးမှူးဦးဆောင်၍ ဝန်ထမ်းထုဆန္ဒ ဖော်ထုတ်ပွဲ(ဒါဘာ)(၉/၂၀၂၅)ကို အရာထမ်း၊ အမှုထမ်းစုစုပေါင်း(၁၉)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါ ကြောင်းနှင့် (၃.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ရုံးအမှတ်(၃)၊ ညွှန်ကြားရေးမှူးချုပ် ရုံးခန်း၌ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ)(၉/၂၀၂၅)ကို ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းစုစုပေါင်း(၁၉)ဦးက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)အတွက် သွားရောက်စစ်ဆေးခြင်း

     (၂၆.၈.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးနေဝေယံဦး (လက်ထောက် ညွှန်ကြားရေးမှူး)ဦးဆောင်၍ နည်းပညာခေတ်တွင် အင်တာနက်သည် ပညာရေး၊ စီးပွားရေးနှင့် ဆက်သွယ်ရေးကဏ္ဍာ အားလုံးအတွက် အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများ ရရှိစေခြင်းဖြင့် စားသုံးသူများ၏ နေ့စဉ်လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန်၊ အင်တာ နက်လိုင်းများ မကြာခဏပြတ်တောက်မှုအပေါ် စားသုံးသူစိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေး နိုင်မှုမရှိခြင်းတို့နှင့် စပ်လျဉ်း၍ တိုင်ကြားမှုအများဆုံး လက်ခံရရှိသည့်အတွက် ဆက်သွယ်ရေး ဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)ကဏ္ဍများအား စစ်ဆေးရန်ညွှန်ကြားထားမှုနှင့်ပတ်သက်၍ ပေါင်းလောင်း(၄)လမ်း၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ MM Link ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာ နက်ဝန်ဆောင်မှု)လုပ်ငန်းသို့လည်းကောင်း၊ (၄.၉.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန် တွင် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ Myanmar Net ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက် ဝန်ဆောင်မှု)လုပ်ငန်းသို့ လည်ကောင်း   သွားရောက်စစ်ဆေးအသိပညာပေးခဲ့ပါကြောင်း သတင်း ရရှိခဲ့ပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ကုန်အညွှန်းအမှတ်အသားစိစစ်ဖော်ပြခြင်း

     စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရန် ကုန်စည်အမျိုးအစားအလိုက် အသေးစိတ်ညွှန်ကြားချက်ကို မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါညွှန်ကြားချက်များအား လုပ်ငန်းရှင်များက သိရှိလိုက်နာလာကြပြီး ၎င်းတို့ ထုတ်လုပ်သည့် ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအပေါ် ဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ် ပေးရန် စားသုံးသူ ရေးရာဦးစီးဌာနသို့ တင်ပြလာကြကြောင်း သိရှိရသည်။ ၂၀၂၅  ခုနှစ်၊ ဩဂုတ်လအတွင်း ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးသို့ လယ်ဝေးမြို့နယ်အတွင်းရှိ “တော်ဝင်သူ” သစ်ကြံပိုးအဆီကျယိုလုပ်ငန်း၊ “ Baby Sweet ” ယိုမျိုးစုံနှင့် စားသောက်ကုန်လုပ်ငန်းနှင့် “ SL Slim ” ပျားသံပုရာအနှစ်လုပ်ငန်းတို့မှ ၎င်းတို့၏ ကုန်စည်များ ပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအား စိစစ်ပြန်ကြားပေးရန် တင်ပြလာမှုအပေါ် ဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိကြောင်းနှင့် အခြားသက်ဆိုင်ရာ ဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကိုလည်း လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြန်ကြားခဲ့မှုအား သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     (၈-၉-၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးနေဝေယံဦး (လက်ထောက်ညွှန်ကြားရေးမှူး)ဦးဆောင်၍ ဝန်ထမ်း(၃)ဦး၊ စည်ပင်(ဈေးများဌာန)တို့ပူးပေါင်း၍  ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေးအတွင်းရှိ  ကုန်မျိုးစုံ အရောင်းဆိုင်များသို့သွားရောက်ပြီး မြန်မာဘာသာဖြင့်ဖော်ပြခြင်းဆိုင်ရာ ညွှန်ကြားချက်(၂/၂၀၁၉)ပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားသောကုန်စည်များ ရောင်းချခြင်းရှိ/ မရှိအား စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုမရှိသည့် ကုန်ပစ္စည်းများ၊ တရားမဝင်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့၍ စားအုန်းဆီလက်ကားကိုယ်စားလှယ်များ စားအုန်းဆီဖြန့်ခွဲရောင်းချမှု အခြေအနေအား အထူး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     (၅-၉-၂၀၂၅) ရက်နေ့၊ နံနက်(၁၀: ၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မြင့်မြင့်အေး (ဦးစီးမှူး)ဦးဆောင်၍ ဝန်ထမ်း(၂)ဦး၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်(ဈေးများဌာန)တို့ပူးပေါင်း၍  ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေး အတွင်းရှိ  ကုန်မျိုးစုံအရောင်းဆိုင်များသို့သွားရောက်ပြီး မြန်မာဘာသာဖြင့်ဖော်ပြခြင်းဆိုင်ရာ ညွှန်ကြားချက်(၂/၂၀၁၉)ပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားသောကုန်စည်များ ရောင်းချခြင်းရှိ/ မရှိအား စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံ မှန်ကန်မှုမရှိသည့် ကုန်ပစ္စည်းများ၊ တရားမဝင်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန် ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့၍ စားအုန်းဆီလက်ကားကိုယ်စားလှယ်များ စားအုန်းဆီဖြန့်ခွဲရောင်းချမှု အခြေအနေအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံး၏ စားသုံးသူကာကွယ်ရေးဆောင်ရွက်ခြင်း

       ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း များဆောင်ရွက်ရာတွင် စားသုံးသူအသိပညာပေးခြင်း၊ စီးပွားလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲ စသည့်လုပ်ငန်းများကို‌ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း  နေပြည်တော်ဦးစီးမှူးရုံးအနေဖြင့် အသိပညာပေးဆွေးနွေးခြင်းအား ၄-၇-၂၀၂၅ ရက်နေ့ နံနက် ၁၁း၀၀နာရီအချိန်တွင် ယုဇနဈေးအုပ်ချုပ်ရေးမှူးရုံးခန်း၊ ပျဉ်းမနားမြို့နယ်တွင် ဦးမြင့်နိုင်ဦးစီး အရာရှိမှ စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ ကုန်အညွှန်းအမှတ် အသားများအကြောင်း၊ Online Sale မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် တရားမဝင်ကုန်သွယ် မှုမပြု‌ရေး အသိပညာပေးခြင်း ၁၅-၇-၂၀၂၅ ရက်နေ့ နံနက် ၁၀း၀၀ အချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်တွင် ဦးတင်စိုးနိုင်ဦးစီးမှုးမှ ကုန်စည်နှင့်ဝန်ဆောင် မှုများ  ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် Online Sale မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် တရားမဝင်ကုန်သွယ်မှု မပြုရေး အသိပညာပေးခြင်း၊ ၁၈-၇-၂၀၂၅ ရက်နေ့ နံနက်၁၁း၀၀နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ဇေယျာသီရိမြို့နယ်တွင် ဦးဝင်းသွင်ရုံးအုပ်မှ အစားအသောက်များဘေးအန္တရာယ်ကင်းရှင်းမှုရှိစေ‌ရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ဈေးကွက်အတွင်း ဆန်ဈေးနှုန်းသတ်မှတ်ထုတ်ပြန်ချက်အားအသိပညာပေးခြင်း ၂၃-၇-၂၀၂၅ ရက်နေ့ နေ့လယ် ၁၃း၀၀ နာရီအချိန် တွင် တောင်ဇလပ်ဈေး အုပ်ချုပ်ရေးမှူးရုံးခန်း၊ ဥတ္တရသီရိမြို့နယ်တွင် ဦးမြင့်နိုင်ဦးစီးအရာရှိမှ စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ Online Sale မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စ ရပ်များနှင့် တရားမဝင်ကုန်သွယ်မှုမပြု‌ရေး အသိပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းအား ၁၈-၇-၂၀၂၅ ရက်နေ့ နေ့လယ် ၁၄း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာ  ဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးခန်းတွင် ဦးတင်ဦး(ဒု-ညွှန်ကြားရေးမှူး)က စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရာများနှင့် ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရေး ဆွေးနွေးခဲ့ပြီး တွေ့ဆုံနိုင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ