သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒေါ်ဆန်းမြင့် (ကုန်စုံဆိုင်)သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် ၁၁.၉.၂၀၂၅ ရက်နေ့ ၉:၃၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ စည်ပင်သာယာဈေး (၁) ရှိ ဒေါ်ဆန်းမြင့် (ကုန်စုံဆိုင်)သို့ ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ UK MILK အမှတ်တံဆိပ်ပါ နို့ဆီ သည် နို့နှင့်နို့ထွက်ပစ္စည်း အမျိုးမျိုး တို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရ မည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖာ်ပြချက် နှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်း အမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်စည်များ ဖြန့်ဖြူးရောင်း ချရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုမရှိသော ကုန်စည်များကို ဝယ် ယူဖြန့်ဖြူးရောင်းချခြင်း မပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင် ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

နန့်ပုတ်ကွက်သစ်ရပ်ကွက်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းရှင်(၂)ဦးနှင့် တွေ့ဆုံဆွေးနွေးခြင်း

   မိုးညှင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၁.၉.၂၀၂၅ ရက်နေ့ ၁၁:၀၀ အချိန်တွင် မိုးညှင်းမြို့၊ နန့်ပုတ်ကွက်သစ်ရပ်ကွက်ရှိ သောက်ရေသန့် လုပ်ငန်းရှင် (၂)ဦး (အသက် ၃၀ အထက် ကျား-၁ဦး၊ မ- ၁ဦး)နှင့် ခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှု စပ်လျဉ်း၍ ဘေး အန္တရာယ်ကင်းရှင်းရေး အာမခံရမည်ဖြစ်ကြောင်း အခန်း (၁၈) ပုဒ်မ (၄၁)ပါ ကုန်အညွှန်းအမှတ်အသား များ ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာ ထင်ရှားစွာ ဖော်ပြရမည့်အချက်များ၊ FDA တွင်မှတ်ပုံတင်ထားသည့် သောက်ရေသန့်များကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူ က တောင်းဆိုနိုင်သည့်အခွင့်အရေး၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း ၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ ဥပဒေပါတားမြစ်ချက်များ နှင့် ပြစ်မှု၊ ပြစ်ဒဏ် များအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦး‌ဇေယျာအောင်(ခရိုင်ဦးစီးမှူး) သည် ၁၀.၉.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီ အချိန်၌ မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်အတွင်းရှိ RD မောင်မောင် (အိမ်ဆောက်ပစ္စည်းမျိုးစုံရောင်းဝယ်ရေး) လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။             

ထိုသို့ဆွေးနွေးရာတွင် ဦး‌ဇေယျာအောင်(ခရိုင်ဦးစီးမှူး) က စားသုံးသူကာကွယ်ရေးပဒေပါ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း ၊ဖြန့်ဖြူးခြင်း၊သိုလှောင်ခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ခြင်းကိုဖြစ်စေ၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်‌ရောင်းချခြင်းကိုဖြစ်စေ၊ထောက်ပံပေးခြင်းကိုဖြစ်စေ၊ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာ လုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု ၊ ကုန်စည် / ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်(သို့) ဝန်ဆောင်မှု လုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေနှင့် ပတ်သက် သည့် အမိန့်ညွှန်ကြားချက်များအကြောင်း၊ အွန်လိုင်းစီးပွားရေးလုပ်ငန်းရှင်များ၊ လိုက်နာ ဆောင်ရွက်ရမည့်အချက်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

DOCA(ကချင်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအသိပညာပေး

စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းပြီးထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက်

ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၁၁.၉.၂၀၂၅ ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်ရှိကိတ်နှင့်မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင်(၂)ဦးနှင့်တွေ့ဆုံ၍  အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင်ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)ကလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်နှင့်တာဝန်များ၊ ကုန်အညွှန်း အမှတ်အသား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအစားအသောက်များ ကုန်စည်အုပ်စုတွင်ပါဝင်သည့် အသင့်စားမုန့်အမျိုးမျိုးတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသားဖော်ပြရမည့်အချက်များ၊စီးပွားရေးလုပ်ငန်းရှင်အနေဖြင့်သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များ ပြည့်စုံမှုရှိပြီးကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင်ကိုက်ညီမှုရှိမရှိအားစားသုံးသူရေးရာဦးစီးဌာန တွင်တင်ပြလျှောက်ထားရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ကိုက်ညီကြောင်းပြန်ကြားစာ ရရှိပြီးမှသာ ဈေးကွက်သို့တင်ပို့ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ  ပြစ်မှု ပြစ်ဒဏ်များအကြောင်း  အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

မလေးရှား၏ စားအုန်းဆီထုတ်လုပ်မှု ထောက်ခံချက်လက်မှတ်ကို ဥရောပသမဂ္ဂ အသိအမှတ်ပြု

          ဥရောပသမဂ္ဂ (EU) သည် မလေးရှားနိုင်ငံက ထုတ်ပေးလျက်ရှိသည့် ရေရှည်တည်တံ့ ခိုင်မြဲ သော စားအုန်းဆီထုတ်လုပ်ခြင်း (Malaysian Sustainable Palm Oil ̶ MSPO) အသိအမှတ်ပြု လက်မှတ်ကို EU ၏ သစ်တောပြုန်းတီးမှုမရှိစေရေး စည်းမျဉ်းအသစ်နှင့် ကိုက်ညီမှုဖြစ်စေမည့် ယုံကြည်စိတ်ချရသော စံချိန်စံညွှန်းတစ်ခုအဖြစ် အသိအမှတ်ပြုလိုက်သည်ဟု MSPO လက်မှတ် ထုတ်ပေးရေးအဖွဲ့က ပြောကြားခဲ့ကြောင်း ဘရူနိုင်းနိုင်ငံအခြေစိုက် Borneo Bulletin သတင်းဌာန က စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဖော်ပြထားသည်။

          ထိုကဲ့သို့ EU ၏ အသိအမှတ်ပြုမှုသည် မလေးရှားနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော စားအုန်းဆီ ထုတ်လုပ်ခြင်းအတွက် အမျိုးသားအဆင့် မူဘောင်အဖြစ် MSPO ၏ အခန်းကဏ္ဍကို အားဖြည့်ပေးသည့်အပြင် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုနှင့် တာဝန်ယူမှုရှိသော အရင်းအမြစ်ကဏ္ဍ ကိုလည်း အထောက်အပံ့ဖြစ်စေသည်ကို မီးမောင်းထိုးပြကြောင်း အဆိုပါ အသိအမှတ်ပြုအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါသည်။

          ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်အသက်ဝင်မည့် EU ၏ စည်းမျဉ်းအသစ်အရ ပဲပုပ်၊ အမဲသား၊ စားအုန်းဆီ၊ သစ်သား၊ ကိုကိုး၊ ကော်ဖီ၊ သားရေ၊ ချောကလက်နှင့် ပရိဘောဂများ ကဲ့သို့သော အချို့သောထုတ်ကုန်များအား ရောင်းချသည့်ကုမ္ပဏီများအနေဖြင့် သစ်တောပြုန်းတီး မှုမဖြစ်စေရေး သေချာစေရန်လိုအပ်မည်ဖြစ်ပြီး အဆိုပါအစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်ကတည်းက ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

          ကမ္ဘာ့ဒုတိယအများဆုံး စားအုန်းဆီတင်ပို့သည့် မလေးရှားနိုင်ငံ၌ ရေရှည်တည်တံ့ ခိုင်မြဲ သော စားအုန်းဆီထုတ်လုပ်မှု MSPO လက်မှတ်ထုတ်ပေးခြင်းကို မိမိဆန္ဒ အလျောက်ဆောင်ရွက် သည့် အစီအစဉ်တစ်ခုအဖြစ် စတင်ခဲ့သည်။ သို့သော် EU ၏ သစ်တောပြုန်းတီးမှု မဖြစ်စေရေး စည်းမျဉ်းနှင့် ကိုက်ညီမှုရှိပြီး ယုံကြည်စိတ်ချရမှု သေချာစေရန် လွတ်လပ်သော တတိယကြားခံ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးအဖွဲ့များ၏ စစ်ဆေးမှုများဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ စ၍ စားအုန်းဆီလုပ်ငန်းအတွက် MSPO လက်မှတ်ရယူဆောင်ရွက်ခြင်းကို မဖြစ်မနေလိုက်နာ ဆောင်ရွက်စေခဲ့ပါသည်။

          MSPO လက်မှတ်ရ စားအုန်းဆီသည် တရားဝင်အရင်းအမြစ်ဖြစ်ပြီး သစ်တောပြုန်းတီးမှု ကင်းစင်ကြောင်း၊ ဝယ်ယူသူများနှင့် စည်းမျဉ်းစည်းကမ်းချမှတ်သူများကို ယုံကြည်စိတ်ချရမှုပေး ထားကြောင်း၊ MSPO ၏ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု နောက်ကြောင်းပြန် ခြေရာခံစနစ်သည် စားအုန်းဆီထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် အပြည့်အဝတွေ့မြင်နိုင်စေပြီး ကမ္ဘာလုံးဆိုင်ရာ စားအုန်းဆီကဏ္ဍ၌ ပါဝင်လုပ်ကိုင်နေသူများအကြား ယုံကြည်မှုကိုလည်း အားကောင်းစေကြောင်း အဆိုပါ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးအဖွဲ့က ပြောကြားခဲ့သည်။

           မလေးရှား စိုက်ခင်းနှင့် ကုန်စည်များရေးရာ ဝန်ကြီး Mr. Johari Abdul Ghani က EU ၏ အသိအမှတ်ပြုမှုသည် ရေရှည်တည်တံ့ခိုင်မြဲသော စားအုန်းဆီထုတ်လုပ်မှုတွင် မလေးရှားနိုင်ငံ၏ ဦးဆောင်မှုကို အတည်ပြုခြင်းဖြစ်ပြီး လုပ်ကွက်ငယ်တောင်သူ ငါးသိန်းကျော်သည် ရေရှည် တည်တံ့ခိုင်မြဲရေး အစီအစဉ်တွင် အပြည့်အ၀ ချိတ်ဆက်ထားသည်ကို အာမခံချက်ပေးကြောင်း ပြောကြားခဲ့သည်။

          EU ၏အသိအမှတ်ပြုမှုသည် MSPO ၏ ယုံကြည်လက်ခံနိုင်မှုကို  ယုံကြည်စိတ်ချရပြီး အနာဂတ်တွင်လည်း စံချိန်စံညွှန်းနှင့် ကိုက်ညီမှုတစ်ခုအဖြစ် အလေးပေးဖော်ညွှန်းသည်ဟု စိုက်ခင်းနှင့် ကုန်စည်များရေးရာ ဝန်ကြီး Mr. Johari က ပြောကြားခဲ့သည်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သတင်းရရှိပါသည်။

Source: Borneo Bulletin, 12 Sept 2025

ရေးသားပေးပို့သူ - D Thi, ITQM, DOCA

လက်ပံတန်းမြို့နယ်ဆီလက်လီ၊လက်ကားကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေး

  ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ စားအုန်းဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် (၃.၉.၂၀၂၅) ရက်နေ့ နေလည် (၁၃း ၀၀) နာရီ အချိန် တွင် ခရိုင်ဦးစီးမှူး ဦးနိုင်လင်းထွန်းနှင့် ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ခိုင်ရီတို့မှ စားအုန်ဆီလက်လီ၊ လက်ကား ရောင်းချသည့်ကိုယ်စားလှယ် (၄၅) ဦးအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ခရိုင်ဦးစီးမှူးကဆွေးနွေးရာတွင် ဌာန၏လမ်းညွှန်ချက်အရ စားအုန်းဆီကြီးကြပ်ရေးစနစ် (Software) စနစ်အသုံးပြုနိုင်ရန် လက်ပံတန်းမြို့နယ်  လက်ကား ကိုယ်စားလှယ်ဖြန့်ဖြူးသည့် စာရင်း၊ လက်ကားကိုယ်စားလှယ်မှ လက်လီကိုယ်စားလှယ်သို့  ဖြန့်ဖြူး သည့်စာရင်း၊ လက်ကား ကိုယ်စားလှယ်မှ လက်လီကိုယ်စားလှယ်သို့ ဖြန့်ဖြူးသည့်စာရင်း၊လက်လီ ကိုယ်စားလှယ်မှ ရပ်ကွက်  ကျေးရွာရှိ စားသုံးသူပြည်သူများထံသို့ ဖြန့်ဝေရောင်းချမှု့ ဆောင်ရွက်ခြင်း စနစ်ကို မိမိလက်ကိုင် ဖုန်းထဲတွင် (Software) အသုံးပြုဆောင်ရွက်နိုင်ရေးအား မြို့နယ်တာဝန်ခံနှင့် လက်ကား၊ လက်လီကိုယ်စားလှယ်များအား ရှင်းပြခဲ့ပြီး စားအုန်းဆီဖြန့်ဖြူးရာတွင် မှန်(၆)မှန်ဖြင့် ဆောင်ရွက်ရန် (၁) လက်လီလက်ကားစာရင်းမှန်၊ (၂) နေရာမှန်၊ (၃) အချိန်မှန်၊ (၄) ဈေးနှုန်းမှန်၊ (၅) အရေ အတွက်မှန်၊ (၆) အချိန်အတွယ်နှင့်အရည်အသွေးမှန်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအား ချပြ ဆွေးနွေးဆောင်ရွက်ခဲ့ပြီး၊ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်း၍ အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ပြီး (၂:၃၀)အချိန်တွင်တွေ့ဆုံဆွေးနွေးပွဲ ရုပ်သိမ်းခဲ့ပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာန၊ခရိုင်ဦးစီးမှူးဦးဇော်ဇော်လတ်၏ ညှိနှိုင်းဆောင်ရွက် ချက်အရ စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့မဈေးနှင့် မြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

          ပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့မဈေးအတွင်း ရောင်းချလျှက်ရှိသော အစားအသောက်များနှင့် အလှကုန်ပစ္စည်းများတွင် ခွင့်မပြု ဓါတုဆေးများ ပါဝင်မှုရှိ/မရှိ နှင့် ရက်လွန်/မလွန်တို့ကိုလည်းကောင်း၊ ဆေးဆိုင်များ၌ ရောင်းချလျှက်ရှိသော ဆေးဝါးများတွင် တရားမဝင်ဆေးဝါးများနှင့် ရက်လွန်ဆေးဝါးများ ပါဝင်မှုရှိ/မရှိကိုလည်းကောင်း စောင့်ကြည့်စစ်ဆေးပြီး အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီး ဌာနက အစားအသောက်များနှင့် အလှကုန်ပစ္စည်းများကို နမူနာ ကောက်ယူခဲ့ပါသည်။

          ဈေးကွက်စောင့်ကြည့်စစ်ဆေးစဉ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ကုန်အညွှန်း အမှတ်အသားများကို သတ်မှတ်ချက်နှင့်အညီ ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်အသိပညာပေးဟောပြောခဲ့ကြောင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာသို့ ရေတာရှည်မြို့နယ် ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် စားသုံးသူရေးရာ တာဝန်ခံစသည့် ပူးပေါင်းအဖွဲ့ဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

မြန်အောင်မြို့နယ်၏ ခွဲတမ်းရစားသုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန ၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်(၂.၉.၂၀၂၅)ရက်နေ့ ၊နံနက် (၀၉:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြန်အောင်မြို့နယ် အမှတ်(၂)ရပ်ကွက်နှင့်အမှတ်(၆)ရပ်ကွက်ရှိ ခွဲတမ်းရစားအုန်းဆီရောင်းချနေသောဆိုင်များအားဈေးနှုန်း မြှင့်တင် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် မြန်အောင်မြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချမှု ရှိ/မရှိ၊ ပြည်သူများလက်ဝယ်သို့ အမှန်တစ်ကယ်ရောက်ရှိ ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ ခွဲတမ်းရရှိသော ဆီများအား လက်လီကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီကုန်စုံဆိုင်များမှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူး ရောင်းချ လျက်ရှိပြီး ၊ ထိုသို့ရောင်းချရာတွင်လည်း  အဆင့်အလိုက်(၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှုမရှိ ကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှု မရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ် ပြီး သိုလှောင် ထားခြင်းများ မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ စားအုန်းဆီ အရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့ပေါ်ရှိ စားအုန်းဆီ သတ်မှတ်ရည်ညွှန်ဈေးဖြင့်ရောင်းချသည့် လက္ကား၊ လက်လီဆိုင်များမှ ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် (၂.၉.၂၀၂၅)ရက်နေ့ နေ့လည် (၁၃:၀၀)အချိန်တွင် ဟင်္သာတမြို့ပေါ်ရှိ စားအုန်းဆီ သတ်မှတ်ရည်ညွှန်ဈေးဖြင့်ရောင်းချသည့် လက္ကား၊ လက်လီဆိုင်များသို့ကွင်းဆင်း၍ ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချနေမှုအား ကွင်းဆင်း စစ်ဆေး ခြင်းကို   ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် ခွဲတမ်းရ စားသုံးဆီ ကုန်စုံဆိုင်လုပ်ငန်းရှင်များ အနေဖြင့် စားအုန်းဆီရောင်းချရာတွင် ရပ်ကွက်၊ကျေးရွာနေပြည်သူများအား နှံ့နှံ့စပ်စပ် ရောင်းချပေး ရန်၊ ဆီရောင်းချရာတွင်လည်း Daily စာရင်းများပြုစုထားရှိပြီး သတ်မှတ်ရည်ညွှန်းဈေး ထက်မပိုပဲ မှန်မှန်ကန်ကန်ရောင်းချရန်၊ ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးရေးသားထားသည့် ဗွီနိုင်းများကို ချိတ်ဆွဲထား၍ရောင်းချရန် စိစစ်ခဲ့ပြီး၊ စားသုံးဆီလက်လီ/ လက္ကားဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ် ရည်ညွှန်းဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိပြီး၊ အိမ်ထောင်စုများအား ဆီစာအုပ်ဖြင့် ဖြန့်ဝေရောင်းချ ရာတွင်  တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး တစ်လလျှင် (၂)ကြိမ် ရောင်းချ ကြောင်း ၊ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိကြောင်း စိစစ်တွေ့ရှိရ သည်ဟု သိရှိရပါသည်။

DOCA (ဧရာဝတီ)

ခတ္တူကျေးရွာ ကျေးလက်ပြည်သူများထံ ဆီဝယ်ယူခွင့်စာအုပ်များဖြင့်ရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန ၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁.၉.၂၀၂၅)ရက်နေ့ ၊နံနက် (၀၉:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ လေးမျက်နှာမြို့ ခတ္တူကျေးရွာရှိ ကျေးလက်  ပြည်သူများထံ  ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

ကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင်လေးမျက်နှာမြို့နယ်အတွင်းစားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်း၊ ပြည်သူများလက်ဝယ်သို့ အမှန်တစ်ကယ်ရောက်ရှိ ခြင်း စစ်ဆေးခဲ့ပြီး၊ ထိုသို့ရောင်းချရာတွင်လည်း  အဆင့်အလိုက်(၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှု မရှိ ကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှု မရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ် ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်း ၊ ဆီဝယ်ယူခွင့် စာအုပ်များဖြင့် ပြည်သူများထံ ဖြန့်ဖြူး ရောင်း ချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ