သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဇလွန်မြို့နယ် ညောင်ပင်ဈေးရပ်ကွက်ရှိ “စေတနာမွန်”ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၆.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် ဇလွန်မြို့၊ ညောင်ပင်ဈေးရပ်ကွက်ရှိ “စေတနာမွန်”ဆန်စက်လုပ်ငန်းရှင် ဦးမြင့်အောင် နှင့်တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြို့ရေးနှင့် SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေး နွေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ လအလိုက် ထုတ်ပြန် ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့်  ဆန်များဖြန့်ဖြူး ရောင်းချနိုင်ရေးကိုကြော်ငြာချက် ပါ ဆန်ဈေးနှုန်းများနှင့် အညီ ရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်‌ရောင်းချခြင်း၊ အရည်အသွေး မမှန် မကန် ရောင်းချခြင်းများ မပြုလုပ်ရန် ဆွေးနွေးပါသည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန် ဈေးကွက် ရှိရာ မြို့နယ်အတွင်း / မြို့နယ်ပြင်ပများသို့ ချိတ်ဆက် တင်ပို့ရောင်းချခြင်း၊ တိုင်းပြင်ပ များသို့ ဆန်များ တင်ပို့ရောင်းချရာတွင် ကုန်တင်လွှာစနစ်ဖြင့် တင်ပို့ရောင်းချခြင်းများအား ပူးပေါင်း ဆောင် ရွက်ရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက် နာဆောင်ရွက်ရန်၊ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်သွားရန် စသည်တို့ကို အသိ ပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

အခြေခံပညာအထက်တန်းကျောင်း(ဇလွန်)ကျောင်းမုန့်ဈေးတန်းတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်များနှင့်ပူးပေါင်း၍ (၆.၁၁.၂၀၂၅)ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ညောင်ပင်ဈေးရပ်ကွက်ရှိ  အခြေခံ ပညာအထက်တန်းကျောင်း(ဇလွန်)ရှိ ကျောင်းမုန့်ဈေးတန်းအား ကျန်းမာရေးအဖွဲ့၊ကျောင်းမုန့် ဈေး တန်း ကော်မတီဝင်များနှင့်အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန် အညွှန်းအမှတ်အသား ပြည်စုံမှုရှိမရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များ ကိုသာရောင်းချရန်၊သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသော တားမြစ်မုန့်များ၊ အစားအသောက်များ၊ သက် တမ်းလွန်အစားအစာများရောင်းချမှုမရှိစေရေး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသောညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံ စွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်စသည်တို့ကို မုန့်ဈေးတန်းရောင်းချသူများအား အသိပညာပေးမှာကြားခဲ့ ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ ဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၆.၁၁.၂၀၂၅) ရက် နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြန်အောင် မြို့မနေခြည် ဈေးအတွင်းရှိ ဆန်ဆိုင်ကြီးများအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန် ထားသည့် ဈေးနှုန်းအပေါ်မြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ ပါသည်။

    ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှလအလိုက်ထုတ်ပြန်ပေးသောသင့်တင့်မျှတသောဈေးကွက်ဈေးနှုန်းဖြင့်ဆန်များဖြန့်ဖြူးရောင်းချ နိုင်ရေးကိုကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန် ရောင်းချခြင်းမဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များ ပြတ်လပ်မှု မရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး၊ ဒေသထွက် စားသုံးဆန်များအား ပစ္စည်းမှန်၊ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေး ချိန်မှန်ဖြင့် ရောင်းချပေးနိုင်ရေးဆွေးနွေးခဲ့ပြီး၊ ဈေးကွက်အတွင်းရောင်းချနေသော ဆန်ဈေးနှုန်းများမှာ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ပုံမှန်ရောင်းချလျက်ရှိပြီး ဈေးကစားလိုသောရည်ရွယ်ချက်ဖြင့် သို လှောင်ထားခြင်းများ မရှိကြောင်း၊ ဆင်းသုခဆန်အမျိုးအစားမှာ ဈေးနှုန်းအနည်းငယ်ကျဆင်းလျက် ရှိ ကြောင်း   စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ် ဆန်စပါးကုန်သည်လုပ်ငန်းရှင် နှင့်တွေ့ဆုံဆွေးနွေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်  ၂၀၂၅ ခုနှစ်၊ နိုဝင် ဘာလ (၆) ရက်၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့၊ တလုတ္ထော်တိုက်နယ်ရှိ  ဆန်စပါးကုန် သည် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် ဆန်စပါးကုန်သည်လုပ်ငန်းရှင်က ဟင်္သာတမြို့နယ်အနေဖြင့် နွေစပါးများ လက်ကျန်နည်းပါးနေပြီး မိုးစပါးများ ဝယ်ယူကြိတ်ခွဲကာ ဒေသတွင်း စားသုံးမှုအပြင် ရန်ကုန်ဆန် ဈေးနှုန်းပေါ်မူတည်၍ တင်ပို့ ရောင်းချလျက်ရှိပါသည်။ ဒေသထွက် ဆန်များဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး အဓိကဆောင်ရွက်လျက်ရှိပြီး၊ မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဈေးနှုန်း သက်သာ စွာ ဝယ်ယူ စားသုံးနိုင်ရေးအတွက် ဆန်စပါးကုန်သည် အသင်းတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဈေးကွက် ခိုင်မာမှု၊ တောင်သူနှင့် ကုန်သည်များအကြား ဆန်စပါး ဈေနှုန်း သင့်တင့်မျှတမှုရှိမှသာ အဆင်ပြေမှာ ဖြစ်ကြောင်း စသည့်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဇလွန်မြို့နယ် ကုန်စုံဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၆.၁၁.၂၀၂၅)ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ညောင်ပင်ဈေးရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကုန်စုံဆိုင်လုပ်ငန်းရှင်(၆)ဦး အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက  စားသုံးကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား  အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ) နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု (သို့မဟုတ်) တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့် အကြောင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲဖြောင့် မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဆောင်ရွက်ရန်၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင်အနေဖြင့် ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသောအရေးကြီးကုန်စည်နှင့်ဝန်ဆောင် မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရအရေးယူဆောင်ရွက်နိုင်သည့်အကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

ဇလွန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၆.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဇလွန်မြို့ ညောင်ပင်သာကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ဆရာ၊ ဆရာမ နှင့် ကျောင်းသား၊ ကျောင်းသူ ၁၉၀ ဦးအား စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက် ခဲ့ပါသည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန် အညွှန်းအမှတ်အသားများအကြောင်း၊ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ် နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များ အကြောင်း ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

          ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များ နှင့် အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိ/ မရှိကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာ ရောင်းချရန် မုန့်ဈေး တန်း   ရောင်းချသူများအား မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

အိုင်သပြုကျေးရွာအုပ်စုရှိ စားသုံးဆီလက်လီ/လက္ကားအရောင်းဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည်(၆.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာအုပ်စုရှိ စားအုန်းဆီ လက်ကား၊လက်လီ ရောင်းချသည့် လုပ်ငန်းရှင် ကိုယ်စားလှယ်(၁၅)ဦးနှင့် တွေ့ဆုံပြီး စားသုံးသူပြည်သူများသို့ အိမ်ထောင်စု အလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှု အခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်း မြှင့်တင်ရောင်းချမှု မရှိစေရေး တွေ့ဆုံဆွေးနွေးခြင်း ကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွား ရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ခွဲတမ်းရစားသုံးဆီများ ရောင်းချ  ရာတွင်ထားရှိရမည့် စာရင်းဇယားများ၊ ရောင်းချမှုမှတ်တမ်းဓါတ်ပုံများ ပြည့်စုံစွာထားရှိရန်၊ သတ်မှတ် ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိစေရေးရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူကိုခွဲခြားမှု မရှိဘဲ ဖြောင့်မတ်မှန် ကန်စွာ ဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်း နှင့် အညီ ဆောင် ရွက်ရန်၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင်အနေဖြင့်ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဈေးကွက် အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရအရေးယူ ဆောင်ရွက် နိုင်သည့် အကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ဆီလုပ် ငန်းရှင်ဘက်မှလည်း သိလိုသည်များ မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကြံခင်းမြို့နယ်၊ မဲကုန်းအုပ်စုတွင် ကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စုပေါင်းစိုက်ပျိုးပွဲကျင်းပ

  ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မဲကုန်းအုပ်စု တောင်သူ ဦးဇော်မင်းဦး ဥယျာဉ်ခြံ၊ (၁)ဧကအတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ နံနက်ပိုင်းက ကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စုပေါင်း စိုက်ပျိုးပွဲကျင်းပခဲ့ရာ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ  ဦးဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံပြည်သူ များ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

   ရှေးဦးစွာ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်က တောင်သူများ ကော်ဖီသီးနှံ စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားစေရေး၊ နှစ်ရှည်သီးပင်များကြားတွင် ကော်ဖီပင် ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြန်မာ့ကော်ဖီကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေးရည်ရွယ်ပြီး ကော်ဖီပျိုးပင်များကို တောင်သူများထံပေးအပ် စိုက်စေခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ ခရိုင်/မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး ရေး ဦးစီးဌာနမှူးတို့က မဲကုန်းအုပ်စု၊ အုပ္ပုံကွင်းကျေးရွာရှိ တောင်သူများအား ကော်ဖီပျိုးပင်များအသီးသီးပေးအပ် ကြပါသည်။ထို့နောက် တောင်သူ ဉီးဇော်မင်းဦး၏ ဥယျာဥ်​မြေ၊ ကွင်းအမှတ် ၃၁- ဦးပိုင်အမှတ် (၁၁၃) (၁)ဧကတွင် ခရိုင်/မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ က တစ်ပျော်တစ်ပါး ကော်ဖီပင်များစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

DOCA (ဧရာဝတီ)

မဲဇလီကုန်းမြို့ အမှတ်(၂)ရပ်ကွက်ရှိ စားသုံးသူပြည်သူများသို့ ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီဖြန့်ဖြူးမှုအား မြေပြင်ကွင်းဆင်းစိစစ်ခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အင်္ဂပူမြို့နယ်တာဝန်ခံသည်(၅.၁၁.၂၀၂၅) ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍  အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ အမှတ်(၂)ရပ်ကွက်ရှိ ဆီထုတ် ကိုယ်စားလှယ်များမှတစ်ဆင့် စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဆီဖြန့်ဖြူး ရောင်းချရာတွင် အိမ်ထောင်စုများသို့ကျယ်ကျယ်ပြန့်ပြန့်ရာနှုန်းပြည့်မီအောင် ရောင်းချပေးစေရေး၊သတ်မှတ် ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန် ပြည့်ဝစွာ ပြည်သူ များသို့ဖြန့်ဖြူးရောင်းချစေရေး၊လစဉ်ဆီရောင်းချမှအခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခြင်းနှင့်စားအုန်းဆီ ဖြန့်ဖြူးရောင်းချပေးနေမှုများအား စိစစ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

အင်္ဂပူမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်   (၆.၁၁.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အင်္ဂပူမြို့ အမှတ်(၁)ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်သို့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချမှုအခြေအနေ၊ စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေး၊ (PPRD) စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီး ကြပ်ရေးကော်မတီ က  နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိနှင့် အချိန် အတွယ်နှင့် အလေးချိန်မှန်ကန်မှု ရှိ/မရှိခြင်းတို့ကိုစစ်ဆေးခဲ့ပြီး၊ သတ်မှတ် စံချိန်စံညွှန်းပြည်မီရေး၊ လုပ်ငန်း ရှင်များ အနေဖြင့် တရားမဝင်စက်ဆီ/ ချောဆီ များတင်သွင်းရောင်းချ ခြင်းမပြုစေရေး၊  ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ကုန်စည် နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေ ၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA( ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ