သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူများမှ Consumer Call Center (၁၅၃၅) သို့စားသုံးသူအခွင့်အရေးများနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း ဖုန်းခေါ်ဆိုမေးမြန်း

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ် တာဝန်ခံဦးမျိုးဝင်းသန်းသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ ဖြင့်စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေးဟောပြောပွဲ၊ လုပ်ငန်းရှင်တွေ့ဆုံ ခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

             အဆိုပါ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ သိရှိလိုသည်များကို Consumer Call Center (၁၅၃၅)ကို ရုံးဖွင့်ရက် များမှာ ရုံးချိန်အတွင်း ဖုန်းခေါ်ဆိုမေးမြန်းနိုင်ကြောင်းအသိပညာပေးလျက်ရှိရာ (၂၃.၁.၂၀၂၆) ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ စားသုံးသူတစ်ဦးက Consumer Call Center (၁၅၃၅) လိုင်းခွဲ(၁)အား ဖုန်းခေါ်ဆို၍ စားသုံးသူ၏အခွင့်အရေးများအကြောင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းတို့အား ဖုန်းခေါ်ဆိုမေးမြန်းခဲ့ရာ  Consumer Call Center မှတာဝန်ရှိ သူများက စားသုံးသူသိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)  

                                                         

Colgate Palmolive Myanmar Ltd စက်ရုံသို့ သွားရောက်၍ အသိပညာပေးဆောင်ရွက်

        (၂၃.၂.၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃) ဦးတို့သည် အမှတ် (၁၀၁)၊ ချယ်ရီလမ်း၊ စက်မှုဇုန် (၁)၊ ရွှေပြည်သာမြို့နယ်ရှိ Colgate Palmolive Myanmar Ltd စက်ရုံသို့သွား ရောက်၍ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဆွေးနွေးခဲ့ရာတွင် Colgate သွားတိုက်ဆေးစက်ရုံမှ တာဝန်ခံ ဦးအောင်ထွေးစိုးပါ ဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးက ဌာနဖြစ်ပေါ်လာပုံ ဌာနအဆင့်ဆင့်ပြောင်းလဲလာပုံ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့်အချက် များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာမှုမရှိပဲ ဖောက်ဖျက်ကျူးလွန်ခဲ့လျှင် ချမှတ်ခံရမည့်ပြစ်မှု၊ ပြစ်ဒဏ်များကို အကျယ်တဝင့်ပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ (၁၀)ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို နေ့လယ် (၁၂:၂၀) နာရီအချိန်တွင် ရုပ်သိမ်း ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကန့်ဘလူမြို့နယ်၌ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်း နှင့်ဒေါ်အိမွန်ကျော်တို့သည် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ မြို့မဈေးရှိ“ငွေအိုး” ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်အား အဖွဲ့စုံဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

               ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန် ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ၊ လွယ်ကူလျင်မြန်စွာ ဝယ်ယူအသုံးပြုနိုင်စေရန် ရည်ရွယ် ၍ဈေးကွက်အတွင်း ရောင်းချနေသည့် အိမ်သုံးဆေးဝါးများ၊ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်ခြင်း ရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်၍ ဆေးနှင့်ဆေးပစ္စည်းများကို သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များပြုလုပ်ပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

   DOCA(စစ်ကိုင်း)

ရွှေညောင်မြို့ပေါ်ရှိ ဆားဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခြင်း

၁။      ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၂၅ ရက်နေ့ နေ့လယ်(၁၃ ၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)ရွှေညောင်မြို့ပေါ်ရှိ ဆားဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များတွင် ကွင်းဆင်း စစ်ဆေးရာတွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးအောင်ကျော်ထွေး(ဦးစီးအရာရှိ) ဦးဆောင်ပြီး ဝန်ထမ်းများသည် သက်ဆိုင်ရာဌာနများဖြစ်သော ရှမ်းပြည်နယ်သတ္တုတွင်း ဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့မှပူးပေါင်း၍ ရွှေညောင်မြို့ပေါ်ရှိ ဆားဖြန့်ဖြူးရောင်းချ သည့် လုပ်ငန်းများ သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

၂။       ထိုသို့ ဆားလုပ်ငန်းကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဧရာဝတီနှင့်ရန်ကုန်တိုင်းဒေသ ကြီးမှတစ်ဆင့် ရှမ်းပြည်နယ်အတွင်းသို့ တင်ပို့လာသော ဆားများဖြစ်ပြီး ရောင်းချနေသည့် ဆားများတွင် သတ်မှတ်ထားသည့် အိုင်အိုဒင်းဓာတ်ပါဝင်မှု ပမာဏပြည့်မီခြင်းရှိ/မရှိ စမ်းသပ် စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့်ကိုက်ညီမှုရှိ/မရှိစစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံ ခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး ၎င်း ဆားများကို ရှမ်းပြည်နယ်(တောင်းပိုင်း)ဖြစ်သော တောင်ကြီး၊ ဟိုပုံး၊ ကလော၊ မိုင်းပွန်၊ လွိုင်လင်၊ ရွာငံ နှင့် ဟဲဟိုးမြို့များဖြစ်သည့် ဆားလက်လီ၊ လက်ကား အရောင်းဆိုင်များတွင် ဆား(၂၄) ပိဿာ တစ်အိတ်လျင် (၃၀၀၀၀/-) ကျပ်နှုန်း ဖြန့်ဖြူးရောင်းချ လျက် ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

 

စားသုံးသူအသိပညာပေးTalk Show ပြုလုပ်ခြင်း

        ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူပြည်သူများအား စားသုံးသူအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

          ထိုသို့ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးသန်းတိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေး၊ ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် ပြေစာ (သို့မဟုတ်) အထောက်အထားရယူခွင့်ရှိခြင်း၊ စိတ်ကြိုက်ရွေးချယ်ဝယ်ယူခွင့်ရှိ ခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့် ရရှိနိုင်ခြင်း၊ ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရှိခြင်း၊ စားသုံးသူ အသိပညာဗဟုသုတများ၊ အခွင့်အရေးများကို သိရှိလေ့လာခွင့်ရှိခြင်း၊ ကောင်းမွန်သာယာသော လူနေမှုပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရရှိစေခြင်း စသည်တို့အပြင် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများ၊ စားသုံးသူ ရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm သို့ဝင်ရောက်တိုင်ကြားနိုင်ကြောင်းနှင့် Consumer Call Canter ဖြစ်သည့် (၁၅၃၅) သို့ ခေါ်ဆိုတိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ 

DOCA(ရှမ်း)

ရွှေဘိုခရိုင်၏ (၂/၂၀၂၆)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

                        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိနှင့်အထက်ဌာန၏လမ်းညွှန်ချက်များအရဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက် လျက်ရှိပါသည်။

                                  ရွှေဘိုခရိုင်အနေဖြင့်(/၂၀၂၆)လအတွင်း ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့က ဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ တို့သည် ဈေးကွက်ရောက်ပြီးကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့၊ အမှတ်(၆) ရပ်ကွက်ရှိ ပြည့်ဝအောင်ဆေးဆိုင်နှင့် ကိုမျိုးချစ်ဆေးဆိုင်အားလည်းကောင်း၊ အမှတ်(၅)ရပ်ကွက်ရှိ သော်တာဝင်းဆေးဆိုင်အားလည်းကောင်း၊အမှတ်(၄)ရပ်ကွက်ရှိစည်းစိမ်စံပင်လယ်စာဖြန့်ချီရေးနှင့်မမော်ကြည်ကုန်စုံဆိုင်အားလည်းကောင်း၊ အမှတ်(၅)ရပ်ကွက်ရှိ ရွှေလယ်ယာကုန်စုံဆိုင်အားလည်း ကောင်း၊ အမှတ်(၃)ရပ်ကွက်ရှိ ရွှေယမင်းမုန့်ဆိုင်နှင့် မေခမုန့်ဆိုင်အားလည်းကောင်း ဆောင်ရွက်ခဲ့ပြီး ဈေးကွက်မရောက်မီကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ တက်လမ်းအမှတ်တံဆိပ် မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းအားလည်းကောင်း ဆောင်ရွက်ခဲ့ကြပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ Online Sale မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့် မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးများကို အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။    

DOCA(စစ်ကိုင်း)

 

 

ရွှေဘိုမြို့ပေါ်ရှိ ကုန်ပစ္စည်းအရောင်းဆိုင်များတွင် တရားမဝင်ကုန်စည်များ ရောင်းချခြင်း၊ သိုလှောင်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

                          စားသောက်ကုန်၊ လူသုံးကုန်၊ စက်ပစ္စည်းအမျိုးမျိုး ရောင်းချသည့်ဈေးဆိုင်များတွင် တရားမဝင် ပစ္စည်းများရောင်းချခြင်း၊ သိုလှောင်ခြင်းများရှိ/မရှိ စစ်ဆေးဆောင်ရွက်ရန် မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ယာဉ်ထိန်းတပ်ဖွဲ့တို့ပါဝင်သော ရွှေဘိုခရိုင် Mobile Team အဖွဲ့ကို ဖွဲ့စည်းထားရှိရာ အဆိုပါအဖွဲ့ဖြင့် (၂၃.၂.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်  ရွှေဘိုမြိုပေါ်ရှိ ကိုတူး၊ ဇော်၊ ခင်မောင်ဝင်း(လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး ဆိုင်)များ၊ ကိုရဲဝင်း(လယ်ယာသုံးစက်ကိရိယာဆိုင်)၊ မွတ္တား (ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေးဆိုင်)၊ ROYAL (Gift Shop)နှင့် မမော်ကြည်(ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်)တို့အား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

                                       ထိုသို့စစ်ဆေးရာတွင် တရားမဝင်ပစ္စည်းများရောင်းချခြင်း၊ သိုလှောင်ခြင်းများ ဆောင်ရွက်ခြင်း မပြုရန် အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပြီးစားသုံးသူကာကွယ်ရေးဥပဒေပါကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊လျှပ်စစ်အန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊  SME Member Card ဆောင်ရွက်ထားခြင်းရှိ/မရှိ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းလိုင်စင်များရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ 

DOCA(စစ်ကိုင်း)

 

 

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

                 စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ်ခန့်အပ်တာဝန်ပေး၍စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့်ဈေးကွက်စောင့်ကြည့်စစ်ဆေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ကျန်းမာရေးဦးစီးဌာန၊စည်ပင်သာယာရေးအဖွဲ့၊စိုက်ပျိုးရေးဦးစီးဌာန၊အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သောအဖွဲ့ဖြင့်သော်လည်းကောင်းဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းရှိခရိုင်၊ မြို့နယ်များတွင်လစဉ်နှစ်ပတ်တစ်ကြိမ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါ သည်။

                 စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ကုန်စည်နှင့်ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရရှိစေရေး၊ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှပပျောက်သွားစေ ရေးတို့အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွင်း ဦးစားပေးဆောင်ရွက်ရန် သတ်မှတ်ထားသောကုန် စည် (၁၀) မျိုးဖြစ်သည့် အသင့်သောက်အချိုရည်၊ နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုး၊ စည်သွပ်အစားအစာ အမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုး၊ အေးခဲအစားအစာအမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ အရန်သင့်အစား အစာအမျိုးမျိုး၊ အာဟာရဖြည့်စွက်စာအမျိုးမျိုး၊ ကလေးကစားစရာအရုပ်နှင့်ပစ္စည်းအမျိုးမျိုး၊သွားတိုက် ဆေးအမျိုးမျိုး တို့အား ၂၀၂၆ ခုနှစ်၊ ဖေဖာ်ဝါရီလ ၁၆ ရက်နေ့ မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အတွင်း နှစ်ပတ်တစ်ကြိမ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ (၁၁) ကြိမ်ဆောင် ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုခရိုင် (၂/၂၀၂၆)လအတွင်း စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲလုပ်ငန်း ဆောင်ရွက်ခဲ့မှုများ

                  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ် ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူပြည်သူများသည် စားသုံးသူအခွင့်အရေးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်း၊ ဈေး၊ ရပ်ကွက်၊ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများ၊ တက္ကသိုလ်/ကောလိပ်များ၊ တပ်ရင်းတပ်ဖွဲ့များကို စားသုံးသူကာကွယ်ပေးရေး အသိ ပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဈေးကွက်အတွင်း စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန် ဆောင်မှုများကို အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသောကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ စားသုံးသူများ၏အခွင့်အရေး (၈)ချက်အနက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု များနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ရန်၊ နစ်နာဆုံးရှုံးမှုများကို ရှင်းလင်းတင်ပြနိုင်ရန်၊ တိုင်ကြားနိုင်ခြင်းကို သိရှိစေရန် ရည်ရွယ်၍ ရွှေဘိုမြို့ နယ်အတွင်းရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ အကြောင်းများကို သိရှိလေ့လာ နိုင်စေရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး  ဦးဆောင်၍ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ (၁) ကြိမ် ဆောင်ရွက်ခဲ့ပါ သည်။

          (၁၄.၂.၂၀၂၆)ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ စက်မှုဇုန်ရှိ ဆန်စက်လုပ်ငန်းရှင်များ အား ခရိုင်ဦးစီးမှူးမှ ပြည်တွင်းဒေသထွက်စားသုံးဆန်များအား သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချရန် လိုအပ်ကြောင်း၊ myro တွင် မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲသိုလှောင်ရုံ လုပ်ငန်းရှင်များအနေဖြင့် လစဉ်ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်စာရင်းများ Update ပြုလုပ်ရန်၊ သတင်းထုတ်ပြန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်  ဆန်လက်ကျန်အခြေအနေ၊ ရောင်းချသည့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေများ မေးမြန်းဆွေးနွေးခြင်း၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာ ဆုံးရှုံးမှုများရှိပါကတိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့် သက်ဆိုင်သော အ ကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Concumer Call Center NO 1535 အကြောင်း၊ တိုင်ကြားစာများ ကို စိစစ်ညှိနှိုင်း ဖြေရှင်းပေးသည့် အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။  DOCA(စစ်ကိုင်း)

မုံရွာမြို့၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းတွင် စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း အသိပညာပေးဟောပြောခြင်း

                 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုတိယတိုင်းဒေသကြီးဉီးစီးမှူးဉီးဆောင်သော စားသုံးသူရေးရာ ဌာနခွဲမှ ဝန်ထမ်းများသည် (၂၃..၂၀၂၆)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်  မုံရွာမြို့၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းတွင် စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း အသိပညာပေးဟောပြောခဲ့ရာ ဆရာ/ ဆရာမ ၂၀ ဉီး၊ ကျောင်းသား/ သူ    ၄၀ ဉီး၊ စုစုပေါင်း ၆၀ ဉီး တက်ရောက်ခဲ့ပါသည်။

             အဆိုပါ  ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဉီးစီးမှူးက စားသုံးသူရေးရာဉီးစီးဌာနအကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဉီးစီးအရာရှိ ဒေါ်အေးမြင့်ငြိမ်းက စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း ဆွေးနွေးတင်ပြခဲ့ရာ တိုင်ကြားခွင့်ရှိသူများ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် သိလိုသည်များကို ပြည်လည်ဖြေကြားပေးခဲ့ပြီး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။   

    DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ