သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခြင်း

      ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ)ဦးဆောင်၍ (၁၅..၂၀၂၆)ရက်နေ့၊ နံနက်(:၃၀)နာရီအချိန်တွင် ဇမ္ဗူသီရိမြို့နယ်၊ အလျင်လိုကျေးရွာ၊ အမှတ်(၃၄)၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ် ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများ စုစုပေါင်း(၁၁၅)ဦး တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါဟောပြောပွဲများ၌ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချ ရာတွင် လိုအပ်သော အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ကုန်ပစ္စည်းများဝယ်ယူ၊ ရောင်းချ ရာတွင်ပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း ဟောပြောခဲ့ပြီး လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။            

          ဆက်လက်၍  ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာ၊ အ.မ.က (၇၃)  အခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းများသို့ သွားရောက်စစ်ဆေးခဲ့ရာ ကျောင်းမုန့်ဈေးတန်း ရောင်းချသူများအား ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားရှိသော ကုန်စည်များ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး စတင်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ မပါသောမုန့်များ ရောင်းချခြင်းမပြုရန်၊ အစားအသောက်များကို သန့်ရှင်းသပ်ရပ်စွာရောင်းရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ကုန်စည်များကိုသာရောင်းချမှုပြုရန် စသည့်အကြောင်းအရာများကို   ရှင်းလင်းမှာကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။         

 DOCA (ပြည်ထောင်စုနယ်မြေ)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ စားသုံးဆီထုတ်ယူဖြန့်ဖြူးကြီးကြပ်ရေးကော်မတီအဖွဲ့နှင့် ဆီထုတ်ကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပဆောင်ရွက်

                         ၅.၁.၂၀၂၆ မွန်းလွဲ(၁)နာရီ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် စက်မှုလုပ်ငန်းသုံး စားသုံးဆီထုတ်ယူဖြန့်ဖြူး ကြီးကြပ်ရေးကော်မတီအဖွဲ့၊ဆီထုတ်ကိုယ်စားလှယ်များလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရာ စားသုံးဆီထုတ်လုပ်ဖြန့်ဖြူကြီးကြပ်‌ရေးကော်မတီနှင့် အဖွဲ့ဝင်(၇)ဦး၊ Inperson ဖြင့် တက် ရောက်သူ (၅၁)ဦး၊ Online ဖြင့် တက်ရောက်သူ (၁၇)ဦး စုစုပေါင်း( ၇၅ ) တက်ရောက်ခဲ့ ကြပါသည်။

                   အဆိုပါ အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက စားသုံးဆီထုတ်ယူဖြန့်ဖြူးရောင်းချသော ကိုယ်စားလှယ်များ အနေဖြင့် အမှန်တကယ် ဖြန့်ဖြူးခြင်း၊ လုပ်ငန်းလိုအပ်ချက်အပေါ် လျှောက်လာသော လုပ်ငန်းရှင် များမှလည်း  စက်မှုကြီး ကြပ်ထောက်ခံချက်၊ အသေးစား၏ထောက်ခံချက်၊ စည်ပင်ခွန် စသည့် အထောက်အထားများပါဝင်ပြည့်စုံစွာ လျှောက်ထားသူများအား ဦးစားပေးဆောင် ရွက်သွားမည် ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ မြေပြင်တွင် ရောင်းချနေသော အကြော်ဆိုင်၊ လ္ဘက်ရည်ဆိုင်များကိုလည်း ဖြန့်ဖြူးရောင်းချပေးစေလိုကြောင်း၊ ၎င်းတို့မှ လျှောက်လာပါက နယ်မြေ အခြေအနေရ အနည်းဆုံးရပ်ကွက်လူကြီး၏ ထောက်ခံစာကို ယူ၍ လာရောက်လျှောက်ထားပါက အစဥ်ပြေအောင် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ လုပ်ငန်းလို အပ်ချက်အရ လျှောက်ထားရာတွင် အမှန်လိုအပ်ပြီး  လောဘမရှိစေရန် စည်းကမ်းစနစ်ကျစွာ မှတ်တမ်းများ ရေးသွင်း၍ ကော်မတီအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တက်ရောက်လာသော ကိုယ်စားလှယ်များမှလည်း ပွင့်လင်းမြင်သာစွာ အကြံပြု ဆွေးနွေး တင်ပြစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

             ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များမှလည်း ဆီထုတ်ယူရောင်းချဖြန့်ဖြူးခြင်းအတွက် လိုအပ်သော အချက်အလက်အထောက်အထားများကို အမှန်ကန်ပြည့်စုံအောင် စိစစ် သွားမည်ဖြစ်ကြောင်းနှင့် Inperson / Online တက်ရောက်သူ ကိုယ်စားလှယ်များ၏ တင်ပြရှင်းလင်းချက်၊ ဆွေးနွေးအကြံပြုချက်များဖြင့် ရှေ့ဆက်လက်ကောင်းမွန်အောင် စက်မှုလုပ်ငန်းသုံးဆီလျှောက်ထားထုတ်ယူရောင်းချဖြန့်ဖြူးမှုများဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်မှ Online Sale လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းဆောင်ရွက်

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၃၁.၁၂.၂၀၂၅)ရက်နေ့၊  နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၂) ရပ်ကွက်၊ ပြင်ဈေးရပ်ရှိ Soe Kyi Phyu Online Sale လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ရွှေဘိုခရိုင်ဦးစီးမှူးက Online Sale မှတ်ပုံတင် လုပ်ငန်းဆောင်ရွက်ခြင်းအတွက် လိုအပ်သောအချက်အလက်များ၏ မြေပြင်စစ်ဆေးတွေ့ရှိချက်များကို Online Sale  Application တွင်ဖြည့်သွင်းခြင်းများဆောင်ရွက်ခဲ့ပြီး အဆိုပါမြေပြင်စစ်ဆေးတွေ့ရှိချက်များ ကို ကုန်သွယ်ရေးဦးစီးဌာနမှ ဆက်လက်စိစစ်ပြီးပါက လုပ်ငန်းမှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း(သို့) ပယ်ဖျက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် Online Saleမှတ်ပုံတင်လက်မှတ် ရရှိသူ၏အခွင့်အရေးများ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  တိုင်းဒေသကြီးဦးစီးမှူးရုံးမှ၊ ဒုတိယ ဦးစီးမှူးနှင့်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းတစ်ဦးတို့သည် ၂၀၂၆ ခုနှစ်၊ ဇနဝါရီလ () ရက်နေ့၊ နံနက် (:၀၀) နာရီ အချိန်တွင် မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်များမှ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

              ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရွှေတိုက်စိုး အရောင်းဆိုင်များမှ စားအုန်းဆီတစ်ပိဿာ (၇၁၅၀) ကျပ်၊ လူတစ်ဦးလျှင် (၅၀) ကျပ်သား နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။ ထိုသို့ရောင်းချရာတွင် စားအုန်းဆီများကို အလေးချိန် ပြည့်မှီစွာရောင်းချပေးရန်၊ မိမိတို့ ခွဲတမ်း ရရှိသည့်အတိုင်း အားလုံးရောင်းချပေးရန်၊ အသိပေးပြောကြားခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ၊ လုပ်ငန်းရှင် များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊  ဈေးနှုန်း မြှင့်တင် ရောင်းချခြင်းများ ပြုလုပ်ပါက ဥပဒေအရအရေးယူခံရနိုင်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ လိုက်နာရမည့်တာဝန်များ အကြောင်းအသိပညာပေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြင်းခြံမြို့ရှိ ချိုတူးပဲကြော်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၁၄)ရက်၊ နံနက် (၀၉:၀၀)နာရီအချိန်က မြင်းခြံမြို့၊ အမှတ် (၄)ရပ်ကွက်ရှိ ချိုတူး ပဲကြော်လုပ်ငန်းသို့ သွားရောက်၍ စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို လုပ်ငန်းတွင် အမှန်တကယ်သုံးစွဲနိုင်စေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာကိစ္စရပ်များအား ကွင်းဆင်းအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

       ကွင်းဆင်းအသိပညာပေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်မှုလုပ်ငန်းသုံး စားအုန်းဆီများကို လုပ်ငန်းခွင်များတွင် မှန်ကန်စွာသုံးစွဲရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ထုတ်လုပ်သောကုန်ပစ္စည်းများသည် အရည်အသွေး ကောင်းမွန်မှုရှိစေရေး၊ သန့်ရှင်းသပ်ရပ်မှုကို အထူးအလေးထားဆောင်ရွက်နိုင်စေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၏ အခန်း(၁၈)တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားတွင် ထည့်သွင်းဖော်ပြရမည့် အချက်များ၊ မြန်မာဘာသာဖြင့် ရေးသားဖော်ပြရမည့်အချက်များအား ပြည့်စုံစွာဖော်ပြပါရှိစေရေး၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်စေရေးတို့ကို အသိပညာပေးဆွေးနွေးပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ပဲခူးစုကျေးရွာ (အ ထ က) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍(၁၉.၁.၂၀၂၆)နေ့ နံနက် (၁၁:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ် လက်ပံလှအုပ်စု၊ ပဲခူးစုကျေးရွာရှိ အခြေခံပညာ အထက် တန်းကျောင်းတွင် ဆရာ၊ဆရာမနှင့် ကျောင်းသား၊ကျောင်းသူများ၊ ကျောင်းသားမိဘ (၃၁၀)ဦး အား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား တက်ရောက်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က  စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်း အကျဉ်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အစားအသောက်နှင့်ကုန်စည် တွေပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ အစားအသောက်များတွင် ပါဝင် သော ဓါတုဆိုးဆေး၏ ဆိုးကျိုးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက်များ နှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် သတိပြုလိုက်နာ ဆောင်ရွက် ရမည့် အချက်များ၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့်ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း စသည်တို့ကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ပြီး၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက် လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

“ကျောက်ဆည်ခရိုင်ရှိ စားသောက်ကုန်ရောင်းချသည့်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်”

        ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ(၁၂)ရက်နေ့တွင် ကျောက်ဆည်ခရိုင် ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးမောင်ထူး(ခရိုင်ဦးစီးမှူး)က တက်ရောက်လာသည့် စားသောက်ကုန်ရောင်းချသည့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေ၏ ရည်ရွယ်ချက်များအားပြောကြားခဲ့ပြီး၊ ဦးဇော်မင်းလတ်(ဒု-ခရိုင်ဦးစီးမှုး)က စားသုံးသူကာကွယ်ရေး ဥပဒေပါအချက်များဖြစ်သည့် စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC) များနှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး  အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ စားသောက်ကုန်ရောင်းချသည့် လုပ်ငန်းရှင် စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၁၅.၁.၂၀၂၆)ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဌာနဆိုင်ရာအဖွဲ့ဝင်များနှင့်ပူးပေါင်းကာ ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ အိမ်သုံးဆေးဝါး အရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော အိမ်သုံးဆေးဝါးများတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှုခံယူထားခြင်း မရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ် လျဉ်း ၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာရောင်းချရန်စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ အရောင်းဆိုင် (၈ )ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

မြန်အောင်မြို့နယ်  ဌာနဆိုင်ရာဝန်ထမ်းများနှင့်ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား အသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက် နေ့ နံနက်(၁၀:၃၀)အချိန်တွင် မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား စားသုံးသူ အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       ထိုအစည်းအဝေးတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က ဌာန၏ လက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား ဆီဖြန့်ဖြူးရောင်းချပေးနေသည့် အခြေအနေများအား ဌာနမှကြီးကြပ်၍ စစ်ဆေးဆောင်ရွက် နေမှုများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေး  ခဲ့ပါသည်။ ဆက်လက်၍ ဌာန၏လက်ရှိ ဆောင်ရွက်နေသော ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ Online မှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များ အကြောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရေး ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင် ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် များ အကြောင်း သိရှိလိုပါက www.doca.gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကို လည်းကောင်း စသည် တို့ကိုအသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရ ပါသည်။

 (DOCA ဧရာဝတီ)

“ကျောက်ဆည်ခရိုင်ရှိ စားအုန်းဆီလက်လီ/ လက်ကားဖြန့်ချီသည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်”

        မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး၌ ဇန်နဝါရီလ (၁၂) ရက်နေ့တွင် စားအုန်းဆီလက်လီ/လက်ကား ဖြန့်ချီသည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ‌ဦးမောင်ထူး (ခရိုင်ဦးစီးမှူး)မှ စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် မှန်(၆)မှန်အတိုင်း ရောင်းချရန်၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့်ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များပေါင်းပြီး ၂ ရာခိုင်နှုန်းအထက် ပိုပြီးရောင်းချခြင်းမရှိရန်လိုအပ်ကြောင်း၊ ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး၊ အလေးချိန်ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ကြောင်း၊ ဆီအသင်းဥက္ကဋ္ဌ ဦးအောင်လွင်၊ ဒု-ဥက္ကဋ္ဌ ဦးကျော်ထွန်းနှင့် အတွင်းရေးမှူး ဦးအေးမင်းစိုးတို့က ဆီရောင်းချသောဆိုင်များအနေဖြင့် ဆီအလေးချိန်ပြည့်ဝအောင် စနစ်တကျရောင်းချရန်နှင့် ဆီအသင်းဝင်ချင်သူများရှိပါက အမည်စာရင်းပေးကျရန် ပြောကြားခဲ့ကြောင်း၊ ၎င်းတွေ့ဆုံဆွေးနွေးပွဲသို့ ဆီလုပ်ငန်းရှင်(၅၂)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ