သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

MyRoတွင် သိုလှောင်ရုံမှတ်ပုံတင်ထားသော သိုလှောင်ရုံပိုင်ရှင်များအား ကွင်းဆင်းအသိပညာပေးခြင်း

    ၂၀၂၆ခုနှစ်၊ ဇွန်လ (၈)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဆန်ဆိုင်း(က)ရပ်ကွက်နှင့် ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ မြန်မာဆန်စပါးအွန်လိုင်း MyRoတွင် ဆန်စပါးသို လှောင်ရုံမှတ်ပုံတင်ထားရှိမှု လုပ်ငန်းစဉ်များအား ကွင်းဆင်းအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် ဆန်တန်ချိန်(၂၅)တန်နှင့်အထက် သိုလှောင်ရုံသို့မဟုတ် စပါးတင်း (၂၅၀၀)နှင့်အထက်သိုလှောင်ရုံများအား မြန်မာဆန်စပါးအွန်လိုင်းMyRoတွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းပြုလုပ်ရန်နှင့် မြန်မာဆန်စပါးအွန်လိုင်းMyRoတွင် သိုလှောင်ရုံမှတ်ပုံတင်ထားသော ဆန်စပါးလုပ်ငန်းရှင်များအနေဖြင့် သိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စာရင်းများအား လစဉ်လဆန်း(၁)ရက်နေ့မှ(၁၀)ရက်နေ့အတွင်း အချိန်မှီ ဖြည့်သွင်းဆောင်ရွက်ကြရန်၊ ထည့်သွင်း စဉ်မြေပြင်စာရင်းနှင့်ကိုက်ညီမှုရှိစေရန်နှင့် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ထားသော ဆန်စပါး လုပ်ငန်းရှင်များအနေဖြင့် သိုလှောင်ရုံများအား တစ်နှစ်တစ်ကြိမ်သက်တမ်းတိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)   

ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ဒေါ်ပု ပဲကပ်ကြော်လုပ်ငန်းအားကွင်းဆင်းစိစစ်

           (၉-၆-၂၀၂၆) ရက်နေ့၊ နေ့လည်(၁၃:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့၊ ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် ပင်းတယမြို့၊ ရှမ်းရပ်ကွက်ရှိ ဒေါ်ပု ပဲကပ်ကြော်လုပ်ငန်း အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိစေရေး(Pre Market)ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ဒေသဦးစီးမှူးမှ ကုန်စည် နှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနထောက်ခံချက် ရှိ/မရှိ တို့အား စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါစီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်း နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ကုန်အညွှန်း

      အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(က)၊ (ခ)၊ (ဂ) နှင့် (ဇ)တို့ပါအချက်အလက်များကို ပြည့်စုံစွာ ဖော်ပြရမည်ဖြစ်ပြီးကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်ရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)   

 အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးနေဝေယံဦး (လ/ထ ညွှန်ကြားရေးမှူး) နှင့် ဝန်ထမ်းများသည် (..၂၀၂၆)ရက်နေ့၊ နံနက်(:၃၀)နာရီ အချိန်တွင် ပျဉ်းမနားမြို့နယ်၊  PNPT Sport Farmခန်းမတွင်  စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ကြပါသည်။

           စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်သားများ ပြည့်စုံစွာဖော်ပြပါ ရှိသော ကုန်ပစ္စည်းများကိုသာဝယ်ယူသုံးစွဲကြရန်နှင့်ရွေးချယ်မှုများ ပြုလုပ်တတ်စေရန်ကုန်အညွှန်း အမှတ် အသားများအကြောင်းအားလည်းကောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်ပါကြောင်းနှင့် ဆက်သွယ်တိုင်ကြား နိုင်သည့်နေရာများ၊ နည်းလမ်းများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Website တွင် လည်း စားသုံးသူကာကွယ်ရေးဥပဒေနှင့်ဌာန၏ ဆောင်ရွက်ချက်များကို ဝင်ရောက်ကြည့်ရှုလေ့ လာနိုင်သလို နစ်နာဆုံးရှုံးမှုများကိုလည်း ဝင်ရောက်တိုင်ကြားနိုင်ပါကြောင်း စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ရွာငံမြို့ရှိ ကော်ဖီလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

          (၈-၆-၂၀၂၆)ရက်နေ့၊ နေ့လည်(၁၃:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒေသဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ရွာငံမြို့ရှိ ရွှေသိင်္ဂီ ကော်ဖီလုပ်ငန်း၊ ဆယ် ရွာငံဒေသထွက် ကော်ဖီလုပ်ငန်း၊ ရွှေရွာငံ ကော်ဖီ လုပ်ငန်း တို့အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင် ဒေသဦးစီးမှူးမှ ကုန်စည်နှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနထောက်ခံချက် ရှိ/မရှိ တို့အား စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါစီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်း ၊တားမြစ်ချက်များအကြောင်း နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ကုန်အညွှန်း

       အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(က)၊ (ခ)၊ (ဂ) နှင့် (ဇ)တို့ပါအချက်အလက်များကို ပြည့်စုံစွာ ဖော်ပြရမည်ဖြစ်ပြီးကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်ရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)   

အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ) နှင့် ဝန်ထမ်းများသည် (၁၅..၂၀၂၆)ရက်နေ့၊ နံနက်(:၃၀)နာရီ အချိန်တွင် ပျဉ်းမနားမြို့နယ်၊ နေပြည်တော်ကောင်စီအတွင်းရှိ ဇမ္ဗူသီရိအထွေထွေအုပ်ချုပ်ရေးရုံး အစည်း အဝေးခန်းမတွင်  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ စုစုပေါင်း (၃၂)ဦး တက်ရောက်ခဲ့ကြပါသည်။

           စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်သားများ ပြည့်စုံစွာဖော်ပြပါ ရှိသော ကုန်ပစ္စည်းများကိုသာဝယ်ယူသုံးစွဲကြရန်နှင့်ရွေးချယ်မှုများ ပြုလုပ်တတ်စေရန်ကုန်အညွှန်း အမှတ် အသားများအကြောင်းအားလည်းကောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်ပါကြောင်းနှင့် ဆက်သွယ်တိုင်ကြား နိုင်သည့်နေရာများ၊ နည်းလမ်းများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Website တွင် လည်း စားသုံးသူကာကွယ်ရေးဥပဒေနှင့်ဌာန၏ ဆောင်ရွက်ချက်များကို ဝင်ရောက်ကြည့်ရှုလေ့ လာနိုင်သလို နစ်နာဆုံးရှုံးမှုများကိုလည်း ဝင်ရောက်တိုင်ကြားနိုင်ပါကြောင်း စသည်ဖြင့်အကျယ်တဝင့် ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

 DOCA(ပြည်ထောင်စုနယ်မြေ)

ရွာငံမြို့နယ်အတွင်းရှိ စားအုန်းဆီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

            ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊  ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး နှင့်ဝန်ထမ်းများသည် (၈.၆.၂၀၂၆)ရက်နေ့တွင် ရွာငံမြို့ရှိ စားအုန်း ဆီ လက်လီအရောင်းဆိုင်များသို့ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မိမိတို့ရရှိသောခွဲတမ်းများကို စားသုံးသူပြည်သူလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိအောင် စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချပေးပြီး စာအုပ်မရှိသော စစ်ဘေးရှောင်များကိုလည်း ရောင်းချပေးလျက်ရှိကြောင်း၊ ဈေးနှုန်း မြှင့်တင် ရောင်းချ ခြင်းမရှိဘဲ သတ်မှတ်ရည်ညွှန်းဈေးနှုန်း အတိုင်းရောင်းချပေးပါကြောင်း၊ သိုလှောင်ထား ရှိခြင်းလည်း မရှိပါကြောင်း၊ ရောင်းချမှုလက်ခံစာရင်းဇယားများလည်း စနစ်တကျထားရှိပါကြောင်း စစ်ဆေး တွေ့ရှိရပြီး မိမိတို့ဌာနမှလည်း အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချခြင်း/ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ရောင်းချရမည့် ကျေးရွာများကိုလည်း စဉ်ဆက်မပြတ် ရောင်းချပေးနိုင်ပါရန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)                      

လွိုင်ကော်မြို့ပေါ်ရှိကိတ်မုန့်၊ ပေါင်မုန့်များထုတ်လုပ်ရောင်းချနေသောမုန့်ဖိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး( ဦးစီးအရာရှိ ) ဦးဆောင်၍  ၂၀၂၆ ခုနှစ်၊ ဇွန်လ( ၁၆ ) ရက်၊  နေ့လယ် ( ၁၃:၀၀ )နာရီ အချိန်တွင် လွိုင်ကော်မြို့ပေါ် ရှိ ကိတ်မုန့်၊ ပေါင်မုန့်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော ဆန်းမွန်းစတား၊ UK မုန့်ဖိုနှင့် သစ်သစ်ဆန်း ( ဒိန်ချဉ် ) သို့ ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားသတ်မှတ် ချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးရာတွင် “UK” မုန့်ဖို၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် မုန့်များတွင် ဖော်ပြထားသော ကုန်အမှတ်တံဆိပ် သည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( /၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆန်းမွန်းစတားမုန့်ဖိုနှင့် သစ်သစ်ဆန်း ( ဒိန်ချဉ် ) သို့ ကွင်းဆင်းစစ်ဆေးရာတွင်  ၎င်းတို့မှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုန်စည်များတွင် ဖော်ပြထားသော ကုန်အမှတ်တံဆိပ်သည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/ ၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ပြင်ဆင်ကြရန်နှင့် ပြင်ဆင်ဖြည့်စွက် ပြီးသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအား စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးသို့ အမြန်ဆုံး ပြန်လည်တင်ပြသွားရန်နှင့် စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊  စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန် အသိပညာပေး ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့မှုအား သတင်းရရှိပါသည်။

DOCA(ကယား)

 

လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရွေးနဒီဈေးအတွင်းရှိ  ကုန်မျိုးစုံနှင့် စားသုံးဆီအရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးသည် မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍  (၁၁.၆.၂၀၂၆)ရက်နေ့ ၊နံနက်(၁၀း၀၀)နာရီက လပွတ္တာမြို့၊ အမှတ်(၆) ရပ်ကွက်၊ ရွေးနဒီဈေးအတွင်းရှိ  ကုန်မျိုးစုံနှင့် စားသုံးဆီအရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင််းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဦးမြင့်ဌေးမှ လပွတ္တာမြို့၊အမှတ်(၆) ရပ်ကွက်၊ ရွေးနဒီဈေး အတွင်းရှိ ကုန်မျိုးစုံနှင့် စားသုံးဆီအရောင်းဆိုင်များမှ ဈေးဆိုင်ပိုင်ရှင်များအား စားအုန်းဆီများသတ်မှတ်ထားသည့် ရည်ညွှန်းဈေးဖြင့် ပိုမို၍ရောင်းချခြင်းမပြုရန် ဈေးနှုန်းဆိုင်း ဘုတ်များကို စားသုံးသူများသိသာထင်ရှားအောင် ချိတ်ဆွဲပြီး ရောင်းချကြရန်  ဆိုင်ရှင်များအား အသိပေးဆောင်ရွက်ခဲ့ပါသည်၊ စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်း ဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းစိစစ်တွေ့ရှိပါကအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်  အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ အ.ထ.က(၅) အခြေံပညာအထက်တန်းကျောင်း မုန့်ဈေးတန်းတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် တာဝန်ခံ ဦးလှထွဠ်ဦးနှင့် ဝန်ထမ်းများသည် (၁၀.၆.၂၀၂၆)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် မြောင်းမြမြို့၊‌ အမှတ်(၃)ရပ်ကွက်ရှိ အ.ထ.က(၅) အခြေခံပညာအထက်တန်းကျောင်းမုန့်ဈေးတန်းအား ကျောင်းကျန်းမာရေးအဖွဲ့၊ ကျောင်းမုန့်ဈေးတန်း ကော်မတီဝင်များနှင့် အတူ ကုန်စည်များနှင့်ပတ်သတ်၍  လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တာရာယ်ကင်းရှင်းစေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစီစစ်ခဲ့ပြီး ကုန်အညွှန်းအမှတ် အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော တားမြစ်မုန့်များ၊ အစားအသောက်များ၊ သက်တမ်းလွန်အစားအစာများ၊ ရောင်းချမှုမရှိစေရေး မြန်မာနိုင်ငံစားသုံးကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကျောင်းသားကျောင်းသူများအား ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး ဈေးရောင်းသူများသည် ဥပဒေပါပြဌာန်းချက်များ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချကြရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

                  မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၊ ပုဂံမြို့သစ်ဈေးရှိ ဆေးဝါးအမျိုးမျိုး ရောင်းချသော ဆေးဆိုင်များအား ၈.၆.၂၀၂၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ခရိုင် စားသုံးသူရေးရာ၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များကို ဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် နှင့်အဖွဲ့သည် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်းသုံးဆေးဝါးအမျိုးမျိုးတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့အားမြန်မာဘာသာဖြင့် မဖြစ်မနေထည့်သွင်း ဖော်ပြရမည်ဖြစ်၍ အဆိုပါအချက် အလက်များပါဝင်မှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များ ပါဝင်မှုရှိ/မရှိတို့အား စစ်ဆေးခဲ့ကြပြီး စားသုံးသူပြည်သူများ လွယ်ကူလျင်မြန်စွာ ဝယ်ယူသုံးစွဲနိုင်ရေးနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့်ရောင်းချမှုရှိစေရေးအတွက် ဆေးဝါးလက်ကျန်အခြေအနေများ၊ ဈေးနှုန်းဈေးကွက်များအား စိစစ်မေးမြန်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ