သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

         အလှကုန်OnlineSaleရောင်းချသောလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

   ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းနှင့် ဝန်ထမ်များသည် (၂၆.၃.၂၀၂၆) ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် ပေါင်းတည်မြို့ ၊အနောက်လမ်း၊မင်းကွက်(၂)ရပ်ကွက်တွင်  အလှကုန် ပစ္စည်းများ ရောင်းချသူ Online Sale လုပ်ငန်းပိုင်ရှင်  ဒေါ်ချောကလျာနွယ် အား မှတ်ပုံတင် မြေပြင်ကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများအား မှတ်ပုံတင်  လက်မှတ် လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လျှောက်လွှာ  ပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ခြင်းရှိ/မရှိခြင်းနှင့် ရောင်းချရန် တင်ပြထားသော ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိသည်ကိုတွေ့ရှိရ ကြောင်းသိရပါသည်။

DOCA(ပဲခူး)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆၉၈၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

         စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေးအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင်  ငွေကျပ် 6,985 ဖြစ်ကြောင်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာ ထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

ကလောခရိုင်စားသုံးသူရေးရာကော်မတီ(၂/၂၀၂၆) အစည်းအဝေးကျင်းပခြင်း

              ကလောခရိုင်စားသုံးသူရေးရာကော်မတီ (/၂၀၂)အစည်းအဝေးကို ၂၀၂ခုနှစ်၊ ဧပြီလ (၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကလောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင်  ကျင်းပပြုလုပ်ခဲ့ပါသည်

                            အစည်းအဝေးတွင် ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ(ကိုယ်စား)၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မင်းမင်းပိုက်က အဖွင့်အမှာစကားပြောကြားရာ ကလောခရိုင်အတွင်းရှိ ပြည်သူများ၏စားသုံးသူအခွင့်အရေးများ ချိုးဖောက်ခံရမှုမရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဖြစ်သည့် စားသုံးသူအသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းရှင်များအား အသိပညာပေးဆောင်ရွက်မှုများအပြင်မြန်မာစာကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းသောအချက်အလက်များစိစစ်စစ်ဆေးမှုဆောင်ရွက်ခြင်းစသည့်တို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထုတ်ကုန်လုံခြုံ စိတ် ချရမှုရှိစေရေးအတွက် ဈေးကွက်မရောက်မီ ကြိုတင်စစ်ဆေးခြင်း ၊  စားသုံးသူ အငြင်းပွားမှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်သော တိုင်ကြားမှုများအပေါ် ဖြေရှင်းဆောင်ရွက်ခြင်း စသည်တို့ကို ဆောင်ရွက် လျက်ရှိသည့်အပြင် လုပ်ငန်းတာဝန်များကိုလည်း ညွှန်ကြားသတ်မှတ် ပေးပြီးဖြစ်ရာ လိုက်နာ ဆောင်ရွက်သွားကြရန်၊  ခရိုင်စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကိုလည်း သတ်မှတ်ချက်များ အတိုင်း ကျင်းပဆောင်ရွက်သွားပြီး မိမိခရိုင်အတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်ကြဖို့ အထူးမှာကြားလို ကြောင်း ပြောကြားခဲ့ပါသည်။

                ဆက်လက်၍ ခရိုင်စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ဦးမြင့်နိုင်က(၂/၂၀၂၆)၏ အမှာစာများအား ဖတ်ကြားရှင်းလင်းခဲ့ပြီး ဖတ်ကြားရှင်းလင်းခဲ့မှုအပေါ် တက်ရောက်လာကြတဲ့ ကော်မတီအဖွဲ့ဝင်များက  အမှာစာများအား အတည်ပြု မှတ်တမ်းတင်ခြင်း ရှေ့လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြကြောင်း သတင်းရရှိပါသည်။အစည်းအဝေးသို့ ကလောခရိုင်စားသုံးသူ ရေးရာကော်မတီအဖွဲ့ဝင်များ (၅)ဦးနှင့် ဖိတ်ကြား၍ တက်ရောက်သူ(၇)ဦး တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၁:၃၀) အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

 DOCA(စစ်ကိုင်း)

“စိုင်းတစ်(ပ်)” အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

                ၂၀၂၆ ခုနှစ်၊ ဧပြီလ ()ရက်နေ့၊ နံနက် (:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ဟိုကိတ်ရပ်၊ ရပ်ကွက် (၃) အတွင်းရှိ “စိုင်းတစ်(ပ်)” အမှတ်တံဆိပ် သောက်ရေသန့် ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိရေးတို့နှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက် ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် “စိုင်းတစ်(ပ်)” အမှတ်တံဆိပ် သောက်ရေသန့် ထုတ်လုပ်ရေး လုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

 

 

ဧပြီလ ၁ ရက်နေ့ မှ ဧပြီလ ၁၅ ရက်နေ့အတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

              စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ် ငန်းများဖြစ်သည့် ဈေးကွက်စောင့်ကြည့်စစ်ဆေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ဌာနမှဦးဆောင် ၍ သော်လည်းကောင်း၊ မိတ်ဖက် ဌာနများဖြစ်သည့် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊စည်ပင်သာယာရေးအဖွဲ့၊စိုက်ပျိုးရေးဦးစီးဌာန၊အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သောအဖွဲ့ဖြင့်သော်လည်းကောင်းဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို တိုင်းဒေသ ကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ် နှစ်ပတ်တစ်ကြိမ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါ သည်။

                စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှပပျောက် သွားစေရေး တို့အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အတွင်း ဦးစားပေးဆောင်ရွက်ရန် သတ်မှတ်ထားသော  ကုန်စည် (၁၀) မျိုးဖြစ်သည့် အသင့်ဖျော်ကော်ဖီနှင့် လ္ဘက်ရည်ထုပ်အမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုး၊ အာဟာရဖြည့်စွက်စာအမျိုးမျိုး၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ ဟင်းလျာများတွင်အရောင်၊ အနံ၊ အရသာ အတွက်အသုံးပြုသောပစ္စည်းအမျိုးမျိုး၊ ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုး၊ အရန် သင့်အစားစာအမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုးနှင့် အသင့်သောက်အချိုရည် အမျိုးမျိုး တို့အား ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ မှ ဧပြီလ ၁၅ ရက်နေ့အတွင်း နှစ်ပတ်တစ်ကြိမ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ (၁၀) ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စားသုံးသူ‌ရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ စားသုံးဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

              ၂၀၂၆ခုနှစ်၊ ဧပြီလ ( ၈ ) ရက်နေ့ နံနက် ၀၉:၃၀ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ စားသုံးသူ‌ရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး စားသုံးဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး စားသုံးဆီဖြန့်ဖြူး ရောင်းချမှု ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်သိရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ စားသုံးဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးကော်မတီ၏ ဥက္ကဌ၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အဖွင့်အမှာစကားအနေဖြင့် ၂၀၂၆ခုနှစ်၊ ဧပြီလ၊ ပထမပတ်အတွင်း (၁)ရက်နေ့မှ (၄)ရက်နေ့အထိ မုံရွာမြို့ရှိ အထင်ကရဈေးကြီးများတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် အရန်ဆီများကို ပြည်သူများထံ ဖြန့်ဖြူးရောင်းချပေးခဲ့ပါကြောင်း၊ ဈေးကားများဖြင့် စားသုံးဆီများ ရောင်းချရာတွင် ပြည်သူ့လက်ဝယ် မှန်မှန်ကန်ကန် ရောက်ရှိစေ‌ရေးအတွက် တရားဝင် ဖွဲ့စည်းထားသော ကြီးကြပ်‌ရေးအဖွဲ့အစည်းများမှ မြေပြင်ကွင်းဆင်း စစ်ဆေးကြပ်မတ်ရမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်း ဆီပြတ်လပ်မှုမရှိစေရေး သယ်ဆောင်သည့်အပိုင်းတွင် လိုအပ်သည်များကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားခြင်းများ မရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် စစ်ဆေးရေးအဖွဲ့မှ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးရန်နှင့် ဝိုင်းဝန်းပူးပေါင်းထိန်း ကျောင်းပေးခြင်းဖြင့် ကောင်းမွန်သော အကျိုးရလာဒ် များကို ခံစားရရှိမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး အတွင်းရေးမှူး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမင်းမင်းက စားသုံးဆီဖြန့်ဖြူးရောင်းချနေမှု အခြေအနေများ၊ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။ ဆက်လက်၍ စားသုံးဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင် များနှင့် ဆီလုပ်ငန်းရှင်များမှက ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ရှိ ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း()ဦးတို့သည် ခရိုင်ဆန် သိုလှောင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များဖြစ်သော မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ နေ့လည် (၁၄း၃၀) နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ရှိ ဆန်အရောင်းဆိုင်များဖြစ်သော “တော်ဝင်”နှင့် “ဒေါ်ဇင်မာဦး” ဆိုင်များသို့ကွင်းဆင်း၍ ဈေးနှုန်းဈေးကွက် အခြေအနေများ၊ စီးဝင်/စီးထွက်မှု အခြေအနေများ၊ သယ်ယူခနှုန်းထားများနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊  ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည်  ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရန် သိုလှောင်ထားခြင်းများမပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးကြီးဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ ဆန်အိတ် (၅၀၀)နှင့်အထက် သိုလှောင်ထားရှိပါက သိုလှောင်ရုံမှတ်ပုံတင် ပြုလုပ်ရမည်ဖြစ်ကြောင်း အသိ ပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ရှိ ဆန်အရောင်းဆိုင်များ ဖြစ်သော  “တော်ဝင်”နှင့် “ဒေါ်ဇင်မာဦး”ဆန်ဆိုင်များအနေဖြင့် ဆန်များကို ရွှေဘိုမြို့မှ အများဆုံး ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့သို့ သွားရောက်ဝယ်ယူ၍လည်းကောင်း၊ မိမိတို့ဆိုင်များသို့ အရောက်ပို့၍လည်းကောင်း ဝယ်ယူကြောင်း၊ ဝယ်ယူရာတွင် ရောင်းအားရှိသလောက် ဝယ်ယူကြောင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ ပြည်သူများ ကြိုက်နှစ်သက်စွာ ဝယ်ယူသုံးစွဲမှု အများဆုံးဆန်မှာ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်းနှင့် မနောသုခဆန်များကို အများဆုံးရောင်းချသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ဆန်အမျိုးအစား အလိုက် (၂၄) ပြည်တစ်အိတ် ဈေးနှုန်းများမှာ ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် ရွှေဘိုပေါ်ဆန်း (သစ်)(၁၈၀၀၀၀ မှ ၁၉၀၀၀၀)ကျပ်၊ ဧရာမင်း(သစ်)(၁၃၅၀၀၀ မှ ၁၄၅၀၀၀)ကျပ်၊မနောသုခ(ဟောင်း) (၉၅၀၀၀)ကျပ်နှင့် နောသုခ(သစ်)(၇၀၀၀၀)ကျပ်များဖြင့် အရောင်းအဝယ်ရှိကြောင်း သယ်ယူခနှုန်းထား များမှာ ရွှေဘိုမြို့မှ စစ်ကိုင်းမြို့သို့ ဆန်(၂၄)ပြည် တစ်အိတ်လျှင် (၅၀၀၀) ကျပ်မှ   (၇၀၀၀) ကျပ်ရှိကြောင်း ဆန်များကို သိုလှောင်ထားခြင်းမရှိဘဲ   လိုသလောက်သာ မှာယူရောင်းချသောကြောင့် ဆန်သိုလှောင်သော ဆန်ဂိုဒေါင်များမရှိပါကြောင်း၊ အရောင်းဆိုင်များတွင် ရောင်းအားရှိသလောက် ဝယ်ယူရောင်းချနေကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

                                                            

စစ်ကိုင်းမြို့မဈေးအပြင်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ မြေပြင်ကွင်းဆင်း

                   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်()ဦးတို့သည် ဆေးနှင့်ဆေး ပစ္စည်းများအား လက်ကားဈေးပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီ ရောင်းချနေမှုအပေါ်ဈေးနှုန်းတည်ငြိမ်စေရေးအတွက်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ များနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် စစ်ကိုင်းမြို့မဈေးအပြင်ရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များဖြစ်သော မင်းမင်းနှင့် ဗိုလ်ဗိုလ်ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ရာတွင်  “မင်းမင်း” နှင့် “ဗိုလ်ဗိုလ်”ဆေးဆိုင်များအနေဖြင့် နေ့စဥ်သုံးနှင့်ရံဖန်ရံခါသုံး ရောင်းချသည့် ဆေးအမယ်ပေါင်း ၁၀၀/၁၅၀ မျိုးခန့်ရှိပြီး ကုမ္ပဏီများမှ ခွဲတမ်းရရှိမှုအပေါ် မူတည်၍ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းထိ အမြတ်တင်ရောင်းချခြင်းများရှိသလို ဆေးကဒ်တစ်ကဒ်အား ၁၀ဝိ/- မှ ၂၀ဝိ/- ထိ အရေအတွက်ပေါ်မူတည်၍သာ အမြတ်ယူရောင်းချကြကြောင်း၊ ကုမ္ပဏီများထံမှဝယ်ယူရသည့် ဈေးနှုန်းအပေါ်အခြေပြု၍ ဈေးနှုန်းအပြောင်းအလဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ဆေးအရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် တရားဝင် ဆေးဝါးမှတ်ပုံတင် လျှောက်ထားရရှိပြီးသော ဆေးဝါးများကို တင်သွင်းဖြန့်ဖြူးရောင်းချရန်နှင့် ဆေးနှင့်ဆေးပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

                                   

ဆေးရွက်ကြီးနှင့်ဆေးလိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် စားသုံးသူများ၏ အခွင့်အရေးကိုကာကွယ် ပေးနိုင်သည့်အပြင် ကျန်းမာရေးအန္တရာယ်များကိုလည်း လျော့နည်းစေနိုင်ရန်ရည်ရွယ်၍ ဆေးရွက်ကြီးနှင့် ဆေးလိပ်အမျိုးမျိုးအား ဈေးကွက်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို သက်ဆိုင် ရာဌာနများပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဧပြီလ ရက်နေ့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုကို သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် စားသုံးသူ ရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းတစ်ဦးတို့ ပူးပေါင်းဖွဲ့စည်း ထားသည့် စစ်ဆေးရေးအဖွဲ့မှ ကန့်ဘလူမြို့နယ်အတွင်းရှိ စျေးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် ဆေးလိပ် ရောင်းချသည့်ဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ စစ်ဆေးရာတွင် ဆေးရွက်ကြီးနှင့် ဆေးလိပ်အမျိုးမျိုးတွင် ထုပ်ပိုးပစ္စည်းပေါ်တွင် ကျန်းမာရေးသတိပေးစာတမ်းများ၊ ရုပ်ပုံများ၊ ပြည့်စုံစွာဖော်ပြထားမှုရှိမရှိနှင့် အသက်အရွယ်မပြည့်သေးသူများထံ ရောင်းချခြင်းရှိမရှိတို့ကို အဓိက ထားစစ်ဆေးခဲ့ကြသည်။

               ထို့ပြင် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရစားသုံးသူများအနေဖြင့် မိမိတို့၏ ကျန်းမာ ရေးကို ထိခိုက်စေနိုင်သော အရည်အသွေးမပြည့်မီသည့် ဆေးရွက်ကြီးနှင့် ဆေးလိပ်များ မဝယ်ယူမိ စေရန်၊ တရားဝင်အမှတ်တံဆိပ်နှင့် ကျန်းမာရေးသတိပေးစာတမ်းပါရှိသည့် ထုတ်ကုန်များကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲကြရန် အရေးကြီးပါသည် ဟုအသိပေးပြောကြားခဲ့ကြောင်း၊ ဈေးကွက်စောင့် ကြည့်စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းမလိုက်နာသည့် လုပ်ငန်းရှင်များအား သက်ဆိုင်ရာဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း သိရသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်ရှိ ဆရာအတတ်သင် သင်တန်းကျောင်း၌ စားသုံးသူရေး အသိပညာပေး

            စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည် စားသုံးသူကာကွယ်ပေး ရေးအသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဧပြီလ (၂) ရက်၊ နံနက် (၁၁)နာရီအချိန်တွင် မုံရွာမြို့၊ရန်ကင်းရပ် ၊ အ.မ.က ကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါ သည်။

            အဆိုပါ သင်တန်းတွင် မုံရွာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေး ဥပဒေ အကြောင်းသိကောင်းစရာများ ဟောပြောဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကိုပြောကြားပြီး ၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၉။ဖြင့် ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ(၈၄)ခုပါဝင် ကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေကို၂၀၂၂ခုနှစ် ၊ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပုဒ်မ(၁၉)နှင့် ပုဒ်မ(၂၀)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာ ကွယ် ရေးဥပဒေအခန်း(၁၈)ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်အမှတ်အသား ဖော်ပြခြင်းစပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြမည့် အချက်(၈)ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ၄၁၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲ(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့်အခြား ဘာသာ တစ်ခုသို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊စားသုံးသူကာကွယ်ရေးဥပဒေသည်စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကို ကာကွယ်ပေးခြင်း၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊ Website လိပ်စာမှာ www.doca.gov.mm တို့ဖြင်ဖြစ်စေ၊ Call Center နံပါတ် 1535တို့ဖြင့်  ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်းနှင့်  အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုင်ရာများ ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ