သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Best Baby2 ဝါးသားတီရှပ်လက်လီ/လက်ကား Online Sale ရောင်းချမှုအား အွန်လိုင်းမှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှုရှိ/ မရှိကို (၁၀.၁၁.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် Best Baby2 ဝါးသားတီရှပ်လက်လီ/ လက်ကားရောင်းဝယ်ရေးအား ယုဇနဥယာဉ်မြို့တော်၊ (၇၄)ရပ်ကွက်၊ ၊ဒဂုံဆိပ်ကမ်းမြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ပြီး အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှုရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်း မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း ပြောကြားကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းရောင်းချမှုနှင့် ပတ်သက်၍ မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည်(၁၁.၁၀.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် “Ma Chit Su Online Sale” မှ “အဝတ်အထည် နှင့် ဆက်စပ်ပစ္စည်းများ” ကနောင်အိမ်ရာ၊ (၈၉)ရပ်ကွက်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်သို့ သွားရောက်၍ OnlineSale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း ဆိုင်ရာအချက်အလက်များ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများရဲ့ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အချက်အလက်များမှန်ကန်မှုရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘွန်းဘွန်းစားသောက်ကုန် လုပ်ငန်းအား Online မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားမှု ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/ မရှိကို (၁၀.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၂:၀၀)နာရီအချိန်တွင် “ဘွန်းဘွန်းစားသောက်ကုန် လုပ်ငန်း”မှ “စားသောက်ကုန်ပစ္စည်းများ”အား မြို့နယ်သို့ သွားရောက်၍  စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့်လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသောလျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှုရှိ/ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြန်မာနှင်း မုန့်မျိုးစုံနှင့် စားသောက်ကုန်လုပ်ငန်းအား မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့်ဝန်ထမ်းများသည်(၁၀.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် “မြန်မာနှင်းမုန့်မျိုး စုံနှင့်စားသောက်ကုန်လုပ်ငန်းမှ” “စားသောက်ကုန်ပစ္စည်းများအား “အမှတ်(၁၈၂)၊ အောင်စုပန် လမ်း၊(၁၉)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်သို့သွားရောက်၍ OnlineSale မှတ်ပုံတင်မြေပြင်စစ်ဆေး ခြင်းဆိုင်ရာအချက်အလက်များ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့်ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့်အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေအဖြစ်သတ်မှတ်ထားကြောင်း၊  စားသောက်ကုန်လုပ်ငန်းဖြစ်သည့်အတွက် စားသုံးသူကာ ကွယ်ရေးဥပဒေပါ အခန်း ၁၁၊ ပုဒ်မ ၂၃ ပါ စီးပွားရေးလုပ်ငန်းရှင်၏ အာမခံချက်များပါ အချက်အလက်များကိုလည်းကောင်း စားသုံးသူကာကွယ်ရေးဥပဒေပါ  အခန်း(၁၈)ရှိ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သတ်၍ အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်၌ စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

          ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီ(ဗူးဆီ)များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိအား စားသုံးသူရေးရာဦးစီးဌာန တောင်ပိုင်းခရိုင်ဦးစီး မှူးရုံး၏ စစ်ဆေးရေးမှူး ဒေါ်ကျော့ကေခိုင်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးတာဝန်ခံတို့နှင့် ပူးပေါင်း၍ နိုဝင်ဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးဆီအမျိုးမျိုး (ဗူးဆီ)များတွင် စားသုံးသူများ ထင်ယောင်ထင်မှား မဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေနပ်မှု ရှိစေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)ပါ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ၊ စားသုံးဆီအမျိုးမျိုးတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ကွမ်းခြံကုန်းမြို့နယ်အတွင်း ရောင်းချသောစားအုန်းဆီ လက်လီ/လက်ကားအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း”

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြုံကုန်းမြို့နယ်ရှိ စားအုန်းဆီလက်လီ လက်ကားအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် နိုဝင်ဘာလ(၁၀)ရက်နေ့၊ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

         ထိုသို့ ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ အခွန်ကောက်စာရေး ဦးသန့်ဇင်ဦးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဈေးပိုင်းရပ်ကွက်အတွင်းရောင်းချသော ဦးဟိန်းသော်ဇင်ဦး (လက်လီလက်ကား)အရောင်းဆိုင်၊ ဦးခင်မောင်အေး (လက်လီ)အရောင်းဆိုင်၊ ကံကြီးမကျီးရပ်ကွက်မှ ဦးကျော်လွင် (လက်လီ) အရောင်းဆိုင်၊ ဦးရဲဝင်းဟိန်း(လက်လီ)အရောင်းဆိုင်၊ မြို့မရပ်ကွက်မှ ဦးဟိန်းမင်းလတ်(လက်လီ) အရောင်းဆိုင်၊ ဦးကျော်သူရအောင်(လက်လီ)အရောင်းဆိုင်၊ ဒေါ်မြသီတာကျော်(လက်လီ) ဆိုင်များနှင့် မြို့မဈေး အတွင်းရောင်းချသော ဒေါ်လဲ့လဲ့သင်း (လက်လီ)ဆိုင်၊ ဒေါ်မျိုးသူဇာထွန်း (လက်လီ)အရောင်းဆိုင်၊ ဦးစန်းဌေး (လက်လီ)အရောင်းဆိုင်၊ ဦးမြင့်မင်းသူ (လက်လီ)အရောင်းဆိုင်များသို့ စားအုန်းဆီ ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီ၊ ခွဲတမ်းရရှိသည့် ပိဿာ၊ ပေပါ၊ တာဝန် ယူဖြန့်ဖြူးရောင်းချသည့် အရေအတွက် ပိဿာ၊ ပေပါ၊ ရောင်းချသည့် လက်လီ/ လက်ကား ဈေးနှုန်းများနှင့် နေ့စဉ်ရောင်းချလျက်ရှိသည့်ပုံစံများကိုပါ စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရသည်။

        ထို့အပြင် စားသုံးသူရေးရာဦးစီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ ဌာနခွဲစာရေး ဦးတင်ထွန်းဦးက စားသုံးသူရေးရာဦးစီးဌာနမှ အပတ်စဉ် စားအုန်းဆီရည်ညွှန်းဈေးများကို ထုတ်ပြန်လျက်ရှိရာ ရည်ညွှန်းဈေးအပေါ် ၂%အမြတ်နှင့် သယ်ယူခ၊ လုပ်သားခများကို ထည့်သွင်းတွက်ချက်၍ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာ ရောင်းချကြရန်၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း ဖြန့်ဖြူးခြင်းများ မပြုလုပ်ကြရန် ရောင်းချသော လက်လီ/လက်ကားကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ချောင်းဆုံမြို့နယ်၊ မှုလွန် (ကော့မုပွန်မြောက်)ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးနှင့် ဝန်ထမ်းများသည် (၁၁..၂၀၂) ရက်နေ့တွင် ချောင်းဆုံမြို့နယ်ှုလွန် (ကော့မုပွန်မြောက်)ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ထိုသို့ စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော လေဖောင်း မုန့်များ၊ ဖျော်ရည်ဗူးများစသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ အဆိုပါမုန့်များနှင့် ဖျော်ရည်ဗူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း တွေ့ရှိရပြီး ကျောင်းသား/သူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ၊ မုန့်များ ရောင်းချရန်၊ သက်တမ်းလွန်နေသော မုန့်များမရောင်းချရန်နှင့် တားမြစ်ထားသော ဆိုးဆေးများ ပါဝင်သည့် အစားအသောက်များ မရောင်းချရန်တို့ကို မုန့်ဆိုင်ပိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

“ကွမ်းခြံကုန်းမြို့နယ်ဈေးကွက်အတွင်း စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ”

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ကုန်စည်အမျိုးအစားအလိုက် ဈေးကွက်စောင့်ကြည့် စစ် ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြား ချက်နှင့်အညီ စားသုံးဆီအမျိုးမျိုးတို့အား စစ်ဆေးရန် နိုဝင်ဘာလ(၁၁)ရက်နေ့၊ နေ့လယ်(၀၉:၃၀) နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့မဈေးအတွင်း စားသုံးဆီအမျိုးမျိုး ရောင်းချသော ဆိုင်များဖြစ်သည့် ဦးမြင့်ဦး ကုန် မျိုးစုံဆိုင်၊ ဒေါ်ကျင်သန်းကုန်မျိုးစုံဆိုင်၊ ဒေါ်ရီရီသန့် ကုန်မျိုးစုံဆိုင်တို့တွင် ရောင်းချသော ရွှေအုံ (မြေပဲဆီသန့်)၊ Duck (အဆင့်မြင့်သန့်စင်ထားသောစားအုန်းဆီ)၊ အမေထွား (သဘာဝမြေပဲဆီ)၊ Meizan (ရာနှုန်းပြည့်သဘာဝမြေပဲဆီစစ်စစ်)၊ APPKE (မြေပဲစားအုန်းရောနှောဆီ)တို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ စိစစ်ဆောင်ရွက်ခဲ့ကြသည်။

          ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက လူတိုင်းနေ့စဉ် မရှိမဖြစ်သုံးစွဲရသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှသာ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းနိုင်မည်ဖြစ်ကြောင်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိသော စားသုံးဆီများကိုသာ ဝယ်ယူတင်သွင်း ရောင်းချကြရန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကျိုက်ထိုမြို့အတွင်းရှိ စားအုန်းဆီ လက်လီ၊ လက်ကားရောင်းချသည့် “Kaung Hlyan New Asia Co. Ltd” အရောင်းနေရာသို့ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်

  ၁၁.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ် တာဝန်ခံသည် စားအုန်းဆီစျေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းများဖြင့် ရောင်းချစေ‌ရေး၊  စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိ‌စေရေး၊ ဗီနိုင်းချိတ်ဆွဲရောင်းချစေရေးအတွက် ပြည်ပမှ စားအုန်းဆီများ တင်သွင်းသည့် ကုမ္ပဏီများမှ ဝယ်ယူ၍ ကျိုက်ထိုမြို့နယ်အတွင်း စားအုန်းဆီ လက်လီ၊လက်ကား ရောင်းချသည့် “Kaung Hlyan New Asia Co. Ltd” ၏ ရွှေ့လျားအရောင်းနေရာ တောင်သူစုရပ်ကွက် အောင်သီရိမြိုင်အရောင်းနေရာသို့ ကွင်းဆင်းကြပ်မတ် ဆောင်ရွက် ခဲ့ပါသည်။

          အဆိုပါ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းသယ်ယူပို့ဆောင်ခစရိတ် အမြတ်၂ ရာခိုင်နှုန်းတို့ဖြင့် လက်လီလက်ကားဆိုင်ခွဲများသို့ ရောင်းချပေးပြီး လက်လီအရောင်း ဆိုင်များကလည်း စားသုံးသူပြည်သူများထံသို့ အမြတ် ၂ရာခိုင်နှုန်း ရယူ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ လှည့်လည်ရောင်းချပေးလျှက်ရှိရာ စားသုံးသူပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူလျှက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA (မွန်)

မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

   ၁၂.၁၁.၂၀၂၅ ရက်နေ့တွင် မုဒုံမြို့နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ် ကော်မတီ မြို့နယ်ထွေ/အုပ်မှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းထွန်းနိုင် ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ အခွန်ဦးစီးဌာန၊ စားသုံးသူဦးဌာန၊ လျှပ်စစ်၊ လမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရာမာန်၊ RS၊ မင်းသူကြွယ်၊ KZM စက်သုံးဆီဆိုင်များအား စစ်ဆေးခဲ့ရာ စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် ပုံမှန်ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ပူးပေါင်း အဖွဲ့မှ ဆီလက်ကျန်အခြေအနေအား မြို့နယ်ကော်မတီ သို့ နေ့စဉ် သတင်း ပေးပို့ရန်၊ စက်သုံးဆီများအား ပေပါလိုက် ရောင်းချခြင်း မပြုရန်၊ စက်သုံးဆီဆိုင်များ ပုံမှန်ဖွင့်လှစ် ရောင်းချနိုင်ရေးဆောင်ရွက်ရန်နှင့် တရားမဝင်စက်သုံးဆီများ ရောင်းချခြင်း၊ သယ်ဆောင် ခြင်းများ မပြုလုပ်ရန် စက်သုံး ဆီဆိုင်လုပ်ငန်းရှင်များအား မှာကြားခဲ့ကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ